ငါရင်ဘတ်ပေါ်တက်တက်နင်းတယ်
ဘာကြောင့်လဲ 
ဘာလို့လဲ
စနစ်တကျ ရည်ချတာလား?
လိမ်ညာမှုကိုမုန်းတယ်ဗျ
ကျိန်စာတစ်ခုလိုအခံရခက်တယ်
ထားခဲ့ပါတော့
မောလှပါပြီ တကယ်
ခိုကိုးရာမဲ့ တွယ်တာမှုလေးကို
ခြအကိုက်ခံရတာ
ဟောဒီ ရင်ဘတ်မှာ သွေးအလိမ်းလိမ်းနဲ့ဗျ။
ရင်ဘတ်တိုင်းကို ဘုရင်မှတ်နေလား
အမြင်ကပ်ရင်လဲ 
အစကရှောင်ခဲ့ပေါ့
အမှောင်ကိုထားခဲ့တော့ 
အမောင်က ဘယ်သွားဘယ်သွား
သေအောင်ပြုစားရက်တယ်
ငါ့နှလုံးသားကိုစားတယ် 
ငါအပြုံးများကို ဖားတယ် 
ငါ့နှလုံးသွေးတွေ ဖြာထွက်မှ
မ-ကျေနပ်နိုင်မှာလား
ပြောစမ်းပါ 
ကျောချမ်းစရာ ဇာတ်ကွက်နဲ့
လှည့်ဖြားတဲ့ ကကွက်တွေ 
ငါ့ရင်ဘတ်မှာ ပြည့်နေပြီနော်
ပဒိုင်းသီးကိုကိုင်ခိုင်းသလို
ငိုယိုနေတဲ့ မျက်နှာထားကို နှစ်သက်တာလား
ရှေ့အတွက် 
ငါ့အနာဂတ်ကို ဖျက်စီးတယ် 
မမုန်းရက် အဆုံးခက်တဲ့ဇာတ်
သေအောင်သတ်လိုက်ပါလား 








0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment