۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ကံစေ အိမ်မက်



အသိညာဏ်ကင်းပြီး

ရုပ်ကြွင်းဖြစ်နေတဲ့ငါ

ကမ္ဘာတစ်ခုတည်ဆောက်ဖို့ကြိုးစားခဲ့ဖူးတယ်။

ခပ်ရေးရေး အနာဂတ်က

ငါ့ဘဝကို ယိုယွင်းစေခဲ့

ဘဝဆိုတာ

သောက်လက်စ ဆေးလိပ်တိုလောက်သာလား

ခပ်ရိုင်းရိုင်း သမိုင်းကို

ဘယ်သူရေးချင်ပါ့မလဲ

ပြောရက်လိုက်တာ ကံကြမ္မာရယ် 

အရာရာ အရေးမပေးဘူးတဲ့ 

အနာတရ အနာဂတ်တွေ နဲ့

ငါ့ကို လာမြူမဆွယ်ပါနဲ့တော့ 

လူရယ်လို့ဖြစ်လာကတည်းက

လက်မထောင်ဖူးတာ မူလတန်းပဲရှိခဲ့တယ်

ရွက်မဲ့ တက်မွဲ 

ဒီလိုဘဝထဲကထမြောက်ချင်တာ

ငါပြောတဲ့ ငါအကြောင်း

ကမ္ဘာကို စောင်းပြီးပြောရင်တောင်

ကံကောင်းခြင်းဆိုတာ 

ငါ့ဘက်လိမ့်လာမှာမဟုတ်

အပြုံးနဲ့ ဖာထေး

အပြေးနဲ့ ရှင်သန်

ဘုရင်စံတော့မဟုတ်

အမြင်မှန်ရလာယုံလောက်သာ

ပတ်လည်ဝန်းကျင်

အစွန်းမထင်စေပါဘူး 

ငါဝါသနာနဲ့ ငါကမ္ဘာမှာတော့

အက္ခရာတွေစိုက်ပျိုး

ကာရန်တွေ သီချ

ညီမျှအလယ် ကောင်းဆိုးနယ်လို့

လောကကြီးလဲ လှစေမယ်

အသိညာဏ်ကင်းပြီး 

ရုပ်ကြွင်းဖြစ်နေတဲ့ငါ

ကမ္ဘာတစ်ခုတည်ဆောက်ဖို့ ကြိုးစားနေမှာပါ

စောနေသွေး 


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS