۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ငါဘက်ကမှားတာပါ(၂)


မှားရဲ့နောက်ကျော

အမှန်တွေပေါနေပါလျှက်

အမှားကိုမှ ဖက်တွယ်

ငါ့ဘ၀ကအိမ်ကိုမက်ဆဲ

အိပ်မက်ကိုလဲ  ဖက်တွဲ

လမ်းပျောက်တာမဟုတ်ဘူး

လမ်းကိုမလျှောက်ချင်တာ

ရင်ခွင်ပျောက်တဲ့ ကလေးလေးလို

ငါငိုချင်တယ် တခါတခါပေါ့

ဆိုတေးလိုလည်း ငိုမဆွေးချင်ဘူး

မျိုထွေးခဲ့တဲ့ ကွမ်းယာလောက်

ငါ့သွေးရဲမယ်ဆိုရင်

ခဏလေးပဲ ကိုယ်တို့ ဆွေးရမှာ

အားငယ်တတ်တဲ့ ငါ့''အား"ကို

ငါအားနာလာပြီ

အမှန်အမှား မကွဲတဲ့ ငါ့အသဲ

ကွဲမယ့်ကွဲတော့လည်း

ပြန်ချုပ်လို့မရတဲ့ အထိ

ငါသိတယ်

ငါငြိတယ်

အမှားတွေကိုပေါ့။


လေးစားလျှက်

စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS