ရင်တစ်ခု ရင့်ကျက်မယ်ထင်လား
သတိရမှုတွေ ဖုံးလွမ်းသမျှပေါ့
ပြိုပြိုလဲလဲ ပျိုမြစ်ဆဲပဲ
ဥသြတွေ မတွန်ခင်က ဒီရင်မှာ ခြောက်သွေ့တယ်
မိုးဖွဲတွေ မသဲခင်က ဒီရင်မှာ ထစ်ချုမ်းတယ်
မြူနှင်းတွေ မဝေခင်က ဒီရင်မှာ ဆောင်းဖြစ်တယ်
မတင်မကျ သံသယတွေကြောင့်
သံသရာ အကွေ့တွေများလွန်းတယ်
သစ်ရွက်တွေကြွေသံ ခြေဖွသံ
လေညှင်းတိုးသံ စကားသံ
ကယောင် ခြောက်ခြား ထင်ယောင်ထင်မှား
သူမလေးလား
အိမ်မက်ရှင် နတ်မိမယ်ရယ်
အတွေးထဲ ဝေးကြည့်တယ်
ကပ်ကပ် သတ်သတ်
အကန့် အသတ် ကြား
တွယ်ယှက် နွှယ်လျှက် ငြိမ်သက်
သတိရမှုရဲ့ ခေါင်းစဉ်မှာ။
ကိုယ့်ကိုကိုယ် ပြယုဂ်ထုတ်
ရုပ်လုံးကြွ ရုပ်ပြမှာ
သူမ ရနံ့တွေသာ လှိုင်လို့ပေါ့။
မလွမ်းတော့ဘူး
နွမ်းလွန်းလို့
သက္ကရာဇ်တွေ မပြိုစေချင်တော့ဘူး
သတိရအနွယ်တွေ မနွှယ်တော့ဘူး
ထိမ်းမရ သိမ်းမရ
ရှောင်မရ တိမ်းမရ
အားလုံးကို ခ၀ါချ
ဘ၀ါ ဘ၀ ထိ ဝေးရလို၏
တောင်းဆု ဆို၏
အချစ် အမုန်း အရှုံး အမြတ်
အဆုံးသတ်လို၏
........................
သပ်သပ်ရပ်ရပ် သပ်မှတ်လိုက်ပြီ
ကွေကွင်း ကြေကွဲ နာကျင် လှိုက်မော
အဝေး အဝေးကြီး သို့သာ.........။
။............။