۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ကျိန်စာသင့်အချိန်



ကြုံသလို ကြွေဟန်ပြ

ကျေးစားရဲ့ ကျွန်ဖြစ်သူ

ကြင်နာတတ်သူဟု ဂုဏ်ပုဒ်ယူလို့

သဲသဲမဲမဲ အသဲခွဲတတ်သူ

မဖုရားရေ

နေ့တွေမျိုလို့ လတွေရောက်

လတွေအိုလို့ နှစ်တွေမြောက်တော့မယ်

လက်တစ်ကမ်းစာ ချစ်ခြင်းနဲ့ 

အသက်သွင်းခဲ့တာမို့လေ

4.6.2012

မောင်ဖြစ်ချင်တဲ့ အိပ်မက်ရှင်

နင်တမင် ဖန်ဆင်း ခဲ့ပေးခဲ့ ဖူးရဲ့လေ 

ငါ သတိရတဲ့ အချိန်တိုင်း

နင့်အတွက် ကျိန်စာသင့်နေမယ်မလား

ချိန်ကာဆင့် လို့ ချိုတာပြ 

"နင့် ဘဝတစ်ခုလုံး ဆုံးစေမယ်" တဲ့ 

နင်ပိုင်တဲ့ နင့်နေ့ရက်နဲ့


ငါဟာ အစာသွတ်ဒါဏ်ရာရ

နင်ချိန်ချခဲ့တဲ့ မြှားတွေက

နင့် အတွက်ကျိန်စာသင့်နေမလား

ငါချစ်ခဲ့ တဲ့  အဲဒီသစ္စာ

နင့် အတွက် ကျိန်စာမဖြစ်စေနဲ့  

နင်လိမ္မာသင့်ပြီနော်

ကိုယ့် အသက် ကိုယ့် ဂုဏ်

ကိုယ့်အလုပ် ကိုယ့်ယုံလို့

ရှေ့ဆက် ရှေ့တက်

ကျိန်စာသင့် အချိန်တွေကုန်လွန်စေ။





  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS