ည၀တ်ရုံပြောက်ဆုံးတဲ့
လမင်းရေ
အလွမ်းည
ချိုမြိန်တေးသွား
ဝေးသွားတဲ့ညက
အထပ်ထပ်ကွာကျခဲ့ ရင်လွှာများ
Without နှလုံးသားတွေဟာ
ချစ်ခွင့်ဆင်ဆာမဲ့ခဲ့ရပြီ
ဘာမျှော်လင့်နေတာလဲ
ငေးငန်းမေးမြန်းခဲ့ပေမယ့်
အဖြေတွေက
တစ်စစီ အရည်ပျော်ခဲ့ရပြီ
ခံယူချက်မှားခဲ့တာပါ
ပေးဆပ်ခြင်းက အချစ်လို့ထင်ခဲ့တာလေ
မူးရစ်တဲ့ မြူးဇစ်တွေ
သောက်ခဲ့မိတာ
ရူးသွပ်လို့မှ မဟုတ်ဘဲ
ပုံရိပ်တွေကြောက်ခဲ့လို့ပါ
ချိုသာတဲ့ နှုတ်ခမ်း ကိုလွမ်းလို့ပါ
ပြာလဲ့လဲ့ စနေတွေကိုလွမ်းလို့ပါ
အခုတော့
မင်းမုန်းလို့
ဆုံးပါးသွားတာ
ငါ့ နှလုံးသားတွေပါ။
ခံစားဖူးသူသိပါသည်
တကယ်ပါ
ဝန်ခံပါရစေ
အမှားတစ်ရပ်လုပ်ခဲ့ရင်တောင်မှ
အမှတ်တရအတွက်
နားလည်ပေးပါချစ်သူ
နားမလည်ဘ၀လေးနဲ့
ဒုက္ခကိုခဇောင်းတင်
နောင်တတွေရင်မှာပိုက်
စရိုက်တွေမှား
အမှန်တွေမှား
အရုပ်တွေလုပ်ရင်းနဲ့
အလုပ်တွေရုပ်နေတတ်တဲ့ငါ
အငှားခန္ဓာနဲ့
ဗြောင်းဆန်ခဲ့ပေမယ့်
တစ်စက်တစ်လေမှ
သောက်ခွင့်မရှိခဲ့တဲ့ ပျော်ရွှင်မှု
အချစ်ဆိုတာ မခံစားဖူးသော်လည်း
အလွမ်းအရသာကိုတော့
တဝကြီး သောက်ခဲ့ဖူးရဲ့။
အလည်လွန်လေပြေ
၂-၂-၂၀၀၂ စနေနေ့
အဲဒီနေ့
လည်ချောင်းတွေ ပူလောင်တင်းကျပ်
အပူလှိုင်းတွေ တစ်ဆင့်ပြီးတစ်ဆင့်
ကိုယ်ပေါ်ထုတ်ချင်းပြေးလွှား
ခန္ဓာကို ဘယ်လိုစောင့်ကြည့်ရမလဲ
စိတ်ကိုဘယ်နေရာပို့ရမလဲ မသိ
အိမ်မက်ဆိုးတွေ မမက်လိုက်ရ
အတိတ်နိမိတ် ကောက်ယူခွင့်မကြုံ
ဒီလောက်ကင်းပြတ်မယ်မထင်ဘူးလေ
နှင်းတွေ မြူတွေ နဲ့ ဖြတ်သန်းချင်ပေမယ့်
တောင်တန်းတစ်ခုလုံး အရိုးတွေကြေပြုံး
တံလျပ်တွေ ထူထူထတဲ့လွင်ပြင်
ဘယ်ဆီကို ဦးတည်ရွက်လွင့်ရမလဲ
ညနေခင်းစစ်စစ်တွေနဲ့
သူစိမ်းပြင်ပြင်ဖြစ်ခဲ့ရပြီ
တံခါးခေါက်သံနဲ့ အတူ ဖွင့်ဝင်ချင်ပေမယ့်
အိပ်မှုံစုံဝါး အလင်းကို ဦးညွှတ်ဖို့
ညတွေမိုးလင်းခွင့်မရှိတော့ပြီ
ကျတော် ၀မ်းနည်းရတော့မလား မ။
လေပြေသင်းတဲ့ အေးမြခြင်းမှာ
အမိမဲ့ငါး ကျွန်တော်
နွဲ့ဆိုးပြင်းပြင်းတွေ ခပ်ယူသုံးစွဲ
ကျွန်တော် နွေရာသီတွေ ပူပြင်းတော့မယ်
အလိုက်တသိနဲ့ ဖန်တီး
အသိတစ်ခုနဲ့ တီးတိုးဝေဖန်
မျက်နှာပျက်ပုံလေး မှ မမြင်ချင်မပြချင်တဲ့ မ
ဒဏ်ရာ အစုတ်အပြတ်တွေ ဖာထေးချုပ်အုပ်
အညစ်အပေအဟောင်းအနွမ်းတွေ လျှော်ဖွတ်
လေပြေတွေခဲက လေပြေက
သိပ်လူသားဆန်လွန်းတဲ့ မ
ဘာကြောင့် အမှန်တရားကို ပြောပြရတာလဲ
ရူးကြမိုက်ကြနဲ့ ဦးတည်ရာမဲ့ခဲ့သမျှ
မ အရိပ် မှာ အပန်းဖြေရတယ်
တစ်ဦးတစ်မျိုး ခြောက်မျိုးခြောက်ဘာသာနဲ့
တုန့်ပြန်စရာမလိုတဲ့ နားလည်မှုစာမျက်နှာတွေ
မေတ္တာအဟုန်နဲ့ လှမ်းခဲ့တဲ့ အရိပ်
ခေါင်လွန်းတဲ့ နွေ တောက်လွန်းတဲ့ နေအောက်မှာ
ကျွန်တော်
ခပ်တည်တည် နေချင်သလို နေခဲ့ရတယ်
မျှော်လင့်တာတွေ မျှော်လင့်သလို
မဖြစ်ခဲ့တဲ့ အပြင်
မမျှော်လင့်တာက ပဉ္စလက်ဆန်ဆန် ဇာတ်ခွင်တည်လို့
သိပ်ပူပန်တတ်တဲ့ ပွင့်ဖတ်လေး တစ်ခု
ညတွေကနက်မှောင် ရှည်ရှားနေလိမ့်မယ်
ပြင်းထန်တဲ့လေပြင်းအောက်မှာ
သေသေချာချာ စိတ်လျှော့ပြလိုက်သလား
ဒီလိုပြမှ နားလည်နိုင်မယ်လို့
အသေအချာ ယူဆသွားခဲ့သလား
ကျွန်တော် မတွေးရဲပါဘူး
နေ့ကိုမျှောကြည့်တော့ နာကြင်မှုတွေက ပေါလော
ဘယ်အချိန် ကမ်းကိုမြင်ပါတော့မလဲလေ။
ဆုံရန်အတွက်"မ''
ယိုင်နဲ့မဲ့ပန်းတိုင်
ပဲ့ကိုင်သူအဖြစ်နဲ့
မှောင်မဲတဲ့ညတိုင်း
မီးအိမ်ရှင်အဖြစ်နဲ့
ပျောက်စ လမ်းဝေး
ဖေါ်ဆောင်သူအဖြစ်နဲ့
ပေတေ ဆိုးသွမ်း စရိုက်ပန်းကို
စနစ်တကျ သီကုံးသူအဖြစ်နဲ့
ဆာလောင် မွတ်သိပ်
ကန္တာထိပ်မှာ
ရေကြည်တစ်ပေါက်
သယ်ဆောင်သူ အဖြစ်နဲ့
ပီသညီမျှ ဂီတတွေကို
တီးခတ်သူအဖြစ်နဲ့
သူမ
မောင့်ဘ၀ကို ပိုင်စိုး
မောင့်ဘ၀ကို စိုးအုပ်
ဒူးတုတ် ဦးဖြုတ်ခဲ့ရတယ်
ညွှတ်ကိုင်းကိုင်း သက်တန့်တွေ
သယ်ပိုးခြယ်သ မဘ၀နဲ့ ထပ်တူဖြစ်ချင်ခဲ့တယ်
အခုတော့ မရယ်
ရယ်ပြုံးမှုမရှိဘဲ
သက်ဆုံးထိ မက ခဲ့ရဘူး
ဘယ်ရောက်သွားတာလဲ
ဘယ်လျှောက်သွားတာလဲ
ကျနော် နှုတ်ဖြား ချစ်စကားတွေ
ကောင်းကင်တစ်ခွင်
မြေပြင်မှာရော မျှောချင်သေးတယ်
မ,ကိုချစ်တယ်
မရယ်။
Subscribe to:
Comments (Atom)









