۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ဗိုင်းရပ် ကဝေပျို

အိပ်ပျက်ညတွေက



အဆိပ်တက်လှတယ်



အိပ်မပျော် ၀ိုးတ၀ါး



ကဝေပျိုတို့ကတဲ့ည



ဝိုင်တစ်ခွက် ၀ှက်သောက်တိုင်း



ကနုတ်တွေသီထား



ကဝေပျိုတစ်ပါး



ငါ့အပါးမှာ ခ.စားတယ်



တိုးတိုးညှင်းညှင်း ထိုးသွင်းလိုက်တဲ့လေညှင်းတွေ



သာသာယာယာ ဘယ်မခွါဆိုတဲ မာယာတွေ



ငါမမေ့နိုင်ဘူး ကဝေပျိုရယ်



ငါအသဲကို  select  စွဲ



တွယ်တာ စွဲညိမှ  Delete ပြစ်တယ်



ငါ့ကိုငါ   Format ချပြီးသားပါ



မင်းကြိုက်တာထည့်



မင်းဘ၀အတွက်ဆိုရင်ပေါ့



1500 MB အပြည့်ရှိတယ်



ငါ့အပါးက ခွါသွားမယ်ဆိုရင်တော့





ငါ့အတွက်  virus တစ်ကောင်တော့ထားခဲ့နော်


အမှတ်တရဖြစ်နေအောင်လို့နော် ကဝေပျိုရေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS