۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

သင်္ကေတမဲ့ အလွမ်း


ငါအလွမ်းတေးကို

ကူဖေါ်လောင်ဖက်

ဥသြငှက်က သီဆိုပေးတယ်

ဘယ်စီကိုရည်

ဘယ်သူကို ရွယ်လို့

မျှော်ရခေါ်ရ အော်ရမလဲ

လေရူးတသိုက် 

နွေကို ဦးခိုက်တိုင်း

စူးစူးစိုက်စိုက် ရူးမိုက်တတ်လာတယ်။

သတိယတတ်ဖို့

သင်ပြပြီးနှင်ချတာကိုလဲ

ကျေးဇူးတွေ တသီတတန်း

သက်တန်းတလျှောက်

လှမ်းထောက်ပါရစေ

ကြိုလင့်သူမရှိတဲ့ အောင်ပွဲခံမှုမျိုး

လမ်းမမြင်ပဲ ခရီးသွားနေရသလိုမျိုး

အမျိုး မျိုး တွေနဲ့ အမြဲတန်း

အမြစ်တွယ်ခဲ့လို့လဲ 

မြုတ်မြုတ်နစ်နစ်

နစ်မျှောခဲ့တယ်

နှောင်းအရင်က

ဆိုးသွမ်းမှုကို သွန်းခဲ့ပေမယ့်

ရင်ကို ရေလောင်းပေါင်းသင်

၃၉-မြောက်လက်နက်ကို

အရှုံးပေးထားတယ်

တဖက်ကညာတယ်ဆိုရင်လဲ

တဖက်သတ်ပဲ နာပါတယ်

ပိတောက်တွေပွင့်တော့မယ်

အရောက်လာမယ်ဆိုရင်ပေါ့

နမ်းခဲ့ တဲ့နေရာ

လှမ်းလို့လာပါ

မလာရင်လဲ 

ကြမ္မာကိုလွှဲ ရိုးမယ်ဖွဲ့  လွမ်းလိုက်ပါတော့မယ်
......
....

လွမ်းလိုက်ပါတော့မယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS