۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ချစ်မိတာအပြစ်


ဟေ့

ငါဒီနေ့ ကဗျာမရေးဘူး

ဘာလို့လဲလို့ မမေးနဲ့

ခံစားမှုတွေ ပြယ်ပျက်လို့

ငါအချစ်ဆုံး

ငါ့ကိုမုန်းသွားတာ

အရင်ကတည်းကလေ

ဒါလဲမထူးဆန်းသေးပါဘူး

မစီမဆိုင် ရင်ဆိုင်မိတဲ့ လမ်းလွဲလေးတွေကြား

သွားသွားလာလာ မသွက်မလက်

မေ့မရတဲ့ ရက်တွေကို ၀ါးထွေးရင်းပေါ့

ဟေ့

နင့် ကြောင့် ငါ ဘာမဆိုရင်ဆိုင်ရဲပေမယ့်

ငါကြောင့် နင်ပျော်မှသာနော်

ငါ ဘယ်လိုပဲဖြစ်ဖြစ်

နင့် အချစ်တစ်ခုအတွက်ဆိုပြီးသာပါ

အခု နင် မချစ်တော့ဘူးမလား

ငါ့အပြစ်တွေကြောင့်မဟုတ်ပါစေနဲ့

သိသိသာသာနဲ့

မုန်းစေလိုက်တာလား

မိုက်စေလိုက်တာလား

မေ့မရပေမယ့် မေးရဦးမယ်နော်

အရင်ကတည်းကစ

ဘ၀င်ထဲမကျခဲ့တာလား

ဒါများကွာ

တောက်တစ်ချက်လောက်ပဲ

ခေါက်မြဲခေါက်တတ်တာပါ

ဘယ်လို ဘယ်ပုံ ဘယ်သို့

နင်ထွက်ပြေးပါစေ

ငါ ရင်မှာအငွေ့အသက်လေး တော့ နွေးထွေးစေခဲ့ပါ

အဖြစ်သည်းလွန်းတယ်ပြောပြော

ငါ အရမ်းလွမ်းမိတဲ့  ခေါင်းစဉ်တွေမှာ

နင့်ပုံရိပ်နဲ့ နင့် နာမည် တွဲထားတယ်

စွဲလမ်း မှုနဲ့ လှမ်းစွဲမိခဲ့တာလေ

ထားပါတော့ဟာ

ဒီကဗျာကိုနင်ဖတ်ပေးပါ

ကဗျာတော့မဟုတ်ပါဘူး

ရင်စစ်စစ်တွေနဲ့ ရောထားတဲ့ ခံစားမှုကို

ဘာသာပြန်ထားတဲ့  နှလုံးသွေးစက်တွေပါ

ဒီနေ့ကဗျာမရေးဖြစ်ဘူးနော်

လိမ္မာတာကို လိမ်ညာသွားတဲ့သူအတွက်

ဒီနေ့ကဗျာမရေးဘူးလို့မှတ်ထားပေးပါ။




အားလုံးကိုလေးစားစွာ

စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS