۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ချစ်မိတာအပြစ်


ဟေ့

ငါဒီနေ့ ကဗျာမရေးဘူး

ဘာလို့လဲလို့ မမေးနဲ့

ခံစားမှုတွေ ပြယ်ပျက်လို့

ငါအချစ်ဆုံး

ငါ့ကိုမုန်းသွားတာ

အရင်ကတည်းကလေ

ဒါလဲမထူးဆန်းသေးပါဘူး

မစီမဆိုင် ရင်ဆိုင်မိတဲ့ လမ်းလွဲလေးတွေကြား

သွားသွားလာလာ မသွက်မလက်

မေ့မရတဲ့ ရက်တွေကို ၀ါးထွေးရင်းပေါ့

ဟေ့

နင့် ကြောင့် ငါ ဘာမဆိုရင်ဆိုင်ရဲပေမယ့်

ငါကြောင့် နင်ပျော်မှသာနော်

ငါ ဘယ်လိုပဲဖြစ်ဖြစ်

နင့် အချစ်တစ်ခုအတွက်ဆိုပြီးသာပါ

အခု နင် မချစ်တော့ဘူးမလား

ငါ့အပြစ်တွေကြောင့်မဟုတ်ပါစေနဲ့

သိသိသာသာနဲ့

မုန်းစေလိုက်တာလား

မိုက်စေလိုက်တာလား

မေ့မရပေမယ့် မေးရဦးမယ်နော်

အရင်ကတည်းကစ

ဘ၀င်ထဲမကျခဲ့တာလား

ဒါများကွာ

တောက်တစ်ချက်လောက်ပဲ

ခေါက်မြဲခေါက်တတ်တာပါ

ဘယ်လို ဘယ်ပုံ ဘယ်သို့

နင်ထွက်ပြေးပါစေ

ငါ ရင်မှာအငွေ့အသက်လေး တော့ နွေးထွေးစေခဲ့ပါ

အဖြစ်သည်းလွန်းတယ်ပြောပြော

ငါ အရမ်းလွမ်းမိတဲ့  ခေါင်းစဉ်တွေမှာ

နင့်ပုံရိပ်နဲ့ နင့် နာမည် တွဲထားတယ်

စွဲလမ်း မှုနဲ့ လှမ်းစွဲမိခဲ့တာလေ

ထားပါတော့ဟာ

ဒီကဗျာကိုနင်ဖတ်ပေးပါ

ကဗျာတော့မဟုတ်ပါဘူး

ရင်စစ်စစ်တွေနဲ့ ရောထားတဲ့ ခံစားမှုကို

ဘာသာပြန်ထားတဲ့  နှလုံးသွေးစက်တွေပါ

ဒီနေ့ကဗျာမရေးဖြစ်ဘူးနော်

လိမ္မာတာကို လိမ်ညာသွားတဲ့သူအတွက်

ဒီနေ့ကဗျာမရေးဘူးလို့မှတ်ထားပေးပါ။




အားလုံးကိုလေးစားစွာ

စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မင်္ဂလာပါ

အရိုးသားဆုံးယဉ်ကျေးမှုကို
ရက်လုပ်ခဲ့တဲ့ ရင်တစ်ပိုင်းက

ရွေ့လျားလျှက် ရွှင်ပျော်

အရင်ဖော်ကို  ဟစ်ကြွေး

နှလုံးသွေးနဲ့ အရင်းတည်ကာ

စကားတစ်ရပ်  တရစပ် ထပ်မယ်

"မင်္ဂလာပါ မိတ်ဆွေတို့''

ဆက်လက်လို့ပြော

စကားချောလေးတွေက

စိတ်တွေထွေပြား

ဝေး၀ါးမနေ့ပါနဲ့ 

စေစားတဲ့ အတိတ်

မနေမနားတဲ့ ကြိတ်မှိတ်လို့လဲ

ခံစားမနေပါနဲ့

ကာလာသုံးတန် ရဲ့ ဟန်နဲ့

တစ်ဘ၀လုံးအားမာန်ချဲ့လို့ 

အမှိုက်ရှိတဲ့ စရိုက်မှာ

အမိုက်အတိ ရှိစေဦး

ငါတို့  လက်ရုံးတွေကိုသုံးလို့

ဟောဒီဘ၀ ဆုံးတဲ့ အထိ

ပျော်ရွှင်ကြည်သာ

မင်္ဂလာပါလို့ နှုတ်ဆက်ရင်းဖြင့် .......။



လေးစားလျှက်

စောနေသွေး





  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါဘက်ကမှားတာပါ(၂)


မှားရဲ့နောက်ကျော

အမှန်တွေပေါနေပါလျှက်

အမှားကိုမှ ဖက်တွယ်

ငါ့ဘ၀ကအိမ်ကိုမက်ဆဲ

အိပ်မက်ကိုလဲ  ဖက်တွဲ

လမ်းပျောက်တာမဟုတ်ဘူး

လမ်းကိုမလျှောက်ချင်တာ

ရင်ခွင်ပျောက်တဲ့ ကလေးလေးလို

ငါငိုချင်တယ် တခါတခါပေါ့

ဆိုတေးလိုလည်း ငိုမဆွေးချင်ဘူး

မျိုထွေးခဲ့တဲ့ ကွမ်းယာလောက်

ငါ့သွေးရဲမယ်ဆိုရင်

ခဏလေးပဲ ကိုယ်တို့ ဆွေးရမှာ

အားငယ်တတ်တဲ့ ငါ့''အား"ကို

ငါအားနာလာပြီ

အမှန်အမှား မကွဲတဲ့ ငါ့အသဲ

ကွဲမယ့်ကွဲတော့လည်း

ပြန်ချုပ်လို့မရတဲ့ အထိ

ငါသိတယ်

ငါငြိတယ်

အမှားတွေကိုပေါ့။


လေးစားလျှက်

စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS