۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

မိုးစက်ရုပ်ကြွင်း


မနေ့ညကလို

အညှိုးချေဖို့

ပိုးစိုးပက်စက် တိုးထွက်လာတဲ့ မိုးစက်ငယ်

ခ၀ါမချတဲ့ မာနကြောင့်

ပြာမကျခင် မီးစာကုန်ခဲ့တယ်

ငါရင်ဘတ်က  ဘ၀ကိုကြည့်

မျှော်လင့်ချက်ကို အဖေါ်ပြု

ဖော်ကြူးခဲ့တာ ပျော်မြူးခဲ့တာတွေ 

ရုပ်ကြွင်းသက်သက် ယိုယွင်းလို့

ရယ်မောခြင်းကို အရေခြုံ

အပြုံးတွေမျိုမကျ

အပြင်ပန်းလှအောင် ဟန်ဆောင်ကြည့်တယ်

ဟက်တက်ကွဲတဲ့ နေရာ

ဟာတာတာ ဟင်းလင်းပြင်မို့

ဟောင်းနွမ်းဆဲ ဟစ်ကြွေးသံကို သစ်လွင်စေမယ်

ငါရင်ဘတ်ကို ဘ၀ကို ထွန်ယက်

မိုးစက်တွေ စိုက်ပျိုးမယ်

ရုပ်ကြွင်းတွေ ယိုယွင်းတဲ့အထိ...





  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS