ဒီညနေ မဖြေသာတဲ့ရင်က
မမြင်သာတဲ့ သူကိုလွမ်းတတ်လို့
မိုးသဲထဲ ပြေးမြဲပြေးနေတဲ့စိတ်ကို ဖမ်းချုပ်ရင်း
မလွမ်းတတ်လွမ်းတတ် လွမ်းကြည့်လိုက်ပါတယ်။
သူမ
အပူအမျှ နေကြရအောင်တဲ့
သူမ
ယူကြုံးမရတာတွေသာပေးစွမ်းသွားတယ်
သူမရယ်
ရင်တစ်ခုလုံး ဖုံးဖုံးလဲ ကြေကွဲတာတောင်
ကျေနပ်အားရမှု မရှိသေးဘူးလား
နင်မရှိတော့တဲ့ ငါရင်မှာ
နင်တွေသာ စိုးမိုးလို့
တိုးတိုးလာတဲ့ ဝေဒနာ ဘယ်နေရာက ဖန်ဆင်းခဲ့တာလဲ
အနေဝေးလို့ တမ်းတတာမဟုတ်ပါဘူး
အဝေးနေမယ်ဆိုကတည်းက
ငါ ကျေကွဲတတ်လာတာ
သူမရယ်။
ကဗျာတွေကိုချစ်တတ်ဖို့
ကဗျာဆရာလုပ်တာမဟုတ်ပါဘူး
ငါကိုယ်တိုင်ကိုက ကဗျာနဲရောတဲ့ ရုပ်
ကဗျာနဲ ဆောက်တဲ့ စိတ်နဲ့ ပါ
သူမရယ်
ငိုဆွေးနေမယ့် သူက ငိုနေပေမယ့်
မသိလိုက်မသိဖာသာနေမယ်ဆိုရင်
ငါတစ်ယောက်ပိုလို့သာကွဲကြေရမှာပါ
နင်တစ်ယောက် အမြီးအမောက်မတည့်လို့
ရောက်လာရင် ရင်ကိုဖွင့်ထားမယ်
သခင့်လို ခစားမယ်
ဒူးထောက်ထားတဲ့ ငါဟာ
နင်အပြန်လမ်း မပင်ပန်းစေပါဘူး
နင် အရင်လမ်းအတိုင်း ပြန်လာလိုရပါတယ်
ပန်းများခင်းလို့ တံတားတစ်စင်းရင်းထားမယ်
ကဗျာမရေးတဲ့ ညနေတိုင်းအတွက်
နင်ပုံရိပ်တွေကိုတမ်းတရင်း
မိုးဖွဲတွေနဲ့အပြိုင်ရွာချတဲ့ မျက်ရည်ကိုသုတ်
ငါအဟုတ်လွမ်းတတ်လာပြီနော်။
ဟောဒီညနေတိုင်း နင်ကိုမျှော်လင့်ခဲ့တာ နင်မလာမှန်းသိပါလျှက် ကြည့်ကာခက်နေ ရတက်ပွေခဲ့တာ ငါရူးသွပ်မှုတွေနဲ့ပေါ့ ။
ကဗျာမရေးတဲ့ညနေအမှတ်တရ
အားလုံးကိုလေးစားလျှက်
စောနေသွေး