ငါပျိုးခဲ့တဲမိုး
ရွာသွန်းဖြိုးပေမယ့်
အငြိုးကြီးလွန်းတယ်ဟာ။
ငါစိုက်ခဲ့တဲ့  နွေ
လေပြေလိုတယ်ဆိုပေမယ့်
ခြောက်သွေ့လွန်းတယ်ဟာ။
ငါ့ဘ၀နဲ့ ငါ့ ကမ္ဘာ
ငါ့ကမ္ဘာနဲ့ ငါ့ကဗျာ
ဘာလာလာဒေါင်းခဲ့ပေမယ့်
အထီးကျန်ဆန်လွန်းတယ်ဟာ။
ရင်တစ်ခွင်မှာ သစ်တစ်ပင် စိုက်တိုင်း
ဆိုးလိုက်တဲ့ ကံကြမ္မာ
ပိုးကိုက်တာပဲ ပါတယ် ။
သစ်ပင်ကို လေပြေတိုး
ဘယ်မိုးမှ မရွာစေတော့ဘူး။