۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

သမိုင်းစာမျက်နှာပေါ်က ဖန်ဆင်းရှင်


သမိုင်းစာမျက်နှာပေါ်က ဖန်ဆင်းရှင်
သူ့ မွေးဖွားကတည်းက
သူမွေးဖွားခဲ့တာ မေတ္တာတရား
သူ့ ရွေးထားကတည်းက
သူရွေးထားတာ သစ္စာတရား
သူ့ မြင်စေကတည်းက
သူမြင်ခဲ့တာ လောကတလွှား
သူဥယျာဉ်ထဲမှာတော့
အနာဂတ်အတွက် ပန်းတွေဝေလို့ပေါ့
သူပေးခဲ့တဲ့ချပ်ဝတ်တွေနဲ့
ရာချီတဲ့နှစ်တွေကို ဖြတ်သန်းခဲ့ကြတယ်
သူပေးတဲ့လက်နက်တွေနဲ့
ဆိုးသွမ်းတဲ့ရန်ကို ဖြိုခွင်းခဲ့ကြတယ်
သူပေးတဲ့ စည်းစနစ်တွေနဲ့
ကျင့််ကြံ ဖြန့်ဝေ ပြန့်စေခဲ့တယ်
သူသာသနာ အတွက်
သူဝါသနာတွေ ထွက်စေခဲ့တယ်
အဲဒါ ငါတို့ဆရာတွေရဲ့ သမိုင်းစာမျက်နှာတွေပေါ့
သူအလုပ် သူ့အပြော
သူ့မနောကို တစ်ငုံလောက်သောက်ကြည့်
ယိုစိမ့်တဲ့ ချိုမြိန်မှုတွေ တွေ့ရမယ်
သီလ သမာဓိ ပညာ
မင်းတို့ကြိုက်တာ သုံးဆောင်
အဖိုးချောင်တယ်
အလကားတော့မဟုတ်
သူတို့ဥယျာဉ်ထဲမှာ
ချိုမြိန်တဲ့ အသီးရှိသလို
ခါးသီးတဲ့ အဆိပ်တွေ လည်းရှိမယ်
ဥယျာဉ်မှုးကတော့
ချိုမြိန် မွှေးကြိုင် ရနံ့လှိုင်တဲ့
အသီးအပွင့်ကိုပဲ စိုက်ပျိုးခဲ့တာပါ
သူလောင်းတဲ့ အမြိုက်ရေတွေ
ငါတို့နှလုံးသွေးတွေနဲ့ ရော
ထွက်ကျလာမယ့် ကထာကိုက
ယောနိသော မနသိကာရ အပြည့်နဲ့ပေါ့
သူ့အတွက်မငဲ့
ငါတို့အတွက်တဲ့
နာပေါင်းများစွာနဲ့ ဆရာတွေ
ကမ္ဘာတွေ အလီလီပြောင်း
ဆရာ့ဂုဏ်အပေါင်းကို
ဤလက်ဆယ်ချောင်းကိုသင်္ကေတပြု
အဆူဆူသောသူနှင့်
အတူတူထားပြီး
စူးစိုက်ကာ ဦးခိုက်ပါ၏။
စောနေသွေး(ရေဦး)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သမိုင်းစာမျက်နှာပေါ်က ဖန်ဆင်းရှင်


သမိုင်းစာမျက်နှာပေါ်က ဖန်ဆင်းရှင်
သူ့ မွေးဖွားကတည်းက
သူမွေးဖွားခဲ့တာ မေတ္တာတရား
သူ့ ရွေးထားကတည်းက
သူရွေးထားတာ သစ္စာတရား
သူ့ မြင်စေကတည်းက
သူမြင်ခဲ့တာ လောကတလွှား
သူဥယျာဉ်ထဲမှာတော့
အနာဂတ်အတွက် ပန်းတွေဝေလို့ပေါ့
သူပေးခဲ့တဲ့ချပ်ဝတ်တွေနဲ့
ရာချီတဲ့နှစ်တွေကို ဖြတ်သန်းခဲ့ကြတယ်
သူပေးတဲ့လက်နက်တွေနဲ့
ဆိုးသွမ်းတဲ့ရန်ကို ဖြိုခွင်းခဲ့ကြတယ်
သူပေးတဲ့ စည်းစနစ်တွေနဲ့
ကျင့််ကြံ ဖြန့်ဝေ ပြန့်စေခဲ့တယ်
သူသာသနာ အတွက်
သူဝါသနာတွေ ထွက်စေခဲ့တယ်
အဲဒါ ငါတို့ဆရာတွေရဲ့ သမိုင်းစာမျက်နှာတွေပေါ့
သူအလုပ် သူ့အပြော
သူ့မနောကို တစ်ငုံလောက်သောက်ကြည့်
ယိုစိမ့်တဲ့ ချိုမြိန်မှုတွေ တွေ့ရမယ်
သီလ သမာဓိ ပညာ
မင်းတို့ကြိုက်တာ သုံးဆောင်
အဖိုးချောင်တယ်
အလကားတော့မဟုတ်
သူတို့ဥယျာဉ်ထဲမှာ
ချိုမြိန်တဲ့ အသီးရှိသလို
ခါးသီးတဲ့ အဆိပ်တွေ လည်းရှိမယ်
ဥယျာဉ်မှုးကတော့
ချိုမြိန် မွှေးကြိုင် ရနံ့လှိုင်တဲ့
အသီးအပွင့်ကိုပဲ စိုက်ပျိုးခဲ့တာပါ
သူလောင်းတဲ့ အမြိုက်ရေတွေ
ငါတို့နှလုံးသွေးတွေနဲ့ ရော
ထွက်ကျလာမယ့် ကထာကိုက
ယောနိသော မနသိကာရ အပြည့်နဲ့ပေါ့
သူ့အတွက်မငဲ့
ငါတို့အတွက်တဲ့
နာပေါင်းများစွာနဲ့ ဆရာတွေ
ကမ္ဘာတွေ အလီလီပြောင်း
ဆရာ့ဂုဏ်အပေါင်းကို
ဤလက်ဆယ်ချောင်းကိုသင်္ကေတပြု
အဆူဆူသောသူနှင့်
အတူတူထားပြီး
စူးစိုက်ကာ ဦးခိုက်ပါ၏။
စောနေသွေး(ရေဦး)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS