နေမင်းက ကမ္ဘာကိုလောင်ကျွမ်းလို့
သစ်ပင်အိုတွေရဲ့ မျက်နှာအောက်
မျက်ရည်တွေပစ္စလက္ခက်
အမြင်မတော်တဲ့ လေနီကျမ်းတသိုက်
မိုက်ထွေးမှုလို့သာယာခဲ့လေရဲ့
လမင်းက ကမ္ဘာကိုအိပ်မက်စေလို့
ငါတို့တောင်ပံတွေကိုခေါက်သိမ်း
အိပ်မက်တွေနဲ့ ချိန်းချက်
အစိမ်းသက်သက် သူမ နာမည်ပုံရိပ်က
ငါကိုဝါးလို့မျိုတယ်
ညီမျှခြင်းကို ဆွဲထောင်ပြီး
ပုဒ်မ အဖြစ် သူမ ဖန်ဆင်းတယ်
တရားသူမကြီး ဆုံးဖြတ်ချက်အောက်
ဒူးထောက် နဖူးမှောက် နေခဲ့တယ်
ငါမှားသလား မှန်သလား
သေဆိုသေ နေဆိုနေ
ထားရာနေ စေရာသွား
ငါနှလုံးသွေးကျောတွေ သူမပိုင်တယ်
အရောင်လင်းမဲ့သူဆိုပေမယ့်
အလင်းရောင်ကို ခံသားတတ်သူပါ
ဟိုဘက်ဒီဘက် ယိုကျနေတဲ့စိတ်
တိတ်တိတ် လေး စွဲလမ်းတတ်လား
ငါဘာမှ မသိဘူး ဘာမှမတတ်ဘူး
သူမ မာယာကွန်ယက်ကြောင့်
အင်တာနက်ဆိုတာ သိရတယ်
သူမ ချွဲပစ်ပစ် စကားတွေ ပစ်တင်လို့
ချက်တင်ဆိုတာ သိရတယ်
ရက်စက်ဖို့ ရက်သစ်တွေတိုင်း
ရွက်သစ်တွေငိုရတယ်
ကြည့်စမ်း
ရေလိုလို တံလျှပ်တွေက
ခံတပ်မရှိတဲ့ ရိုးသားမှုကို
ထိုးဖောက်လို့ ထုံးဖွဲ့
ရစ်ချည်လို့ တုပ်နှောင်တယ်
အဆုံးမသတ်နိုင်တဲ့ ကဗျာနိဂုံး
အရုံးနဲ့ အမုန်းနဲ့
ကြုံးပက်ခံ့လိုက်ရုံသက်သက်သာ
ပက်လက်ပြာဖြစ်သွားတဲ့
ဝိညဉ်တွေ အကြိမ်ကြိမ်မှိန်ရပြီ
နောက်ထပ်
နင့် မာယာနဲ့ မဖန်ဆင်းပါနဲ့တော့
မဖန်ဆင်းပါနဲ့တော့ နော်။
.................