۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ပုံပြင်ဆန်သောအလွမ်းများ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျားဆိုးရဲ့သခင်



ငါတို့အားလုံးကိုမွေးဖွား

မေတ္တာတရားကိုရင်ဝယ်ပိုက်

အမိုက်တွေကို လင်း

အမှိုက်တွေကို ရှင်း

မငြင်းတသက် ခြွင်းချက်မရှိတာ

ငါတို့ရဲ့အမေ

ဒါကဘကုန်း

ဒါက၀လုံး

အပြုံးအကြည့်တွေနဲ့ အဆုံးထိသင်ပြ

အာစရိယ ဂုဏ်ဂုဏနဲ့ ပြည့်စုံတဲ့ အမေ

ရာသီတွေပြောင်းမယ်

နာရီတွေငြောင်းမယ်

ပြောင်းလဲမှုမရှိတာ ငါတို့အမေရဲ့ မေတ္တာ

လူမျိုးတွေမတူဘူး

ဘာသာတွေမတူဘူး

တူညီနေတာ ငါတို့အမေရဲ့ မေတ္တာ

ကြိုးတကာကြိုးထက်ခိုင်တယ်

အမျိုးတကာ အမျိုးထက်မြတ်တယ်

အဲဒါ အဲဒါတွေထက်

အမေ့မေတ္တာတွေဟာ ကြီးကျယ်ခမ်းနား

စွမ်းပကားတွေရှိတယ်

ဒါပေမယ့် အမေ

ကျားဆိုးထက်မိုက်

ဟောဒီ ငမိုက်သားဟာ

မိုက်မဲတဲ့ စရိုက်ကို စလက် ပေး

ရက်ရွေးခဲ့တာတောင် ရက်ရာဇာမဟုတ်ဘူး အမေ

အရိုးထဲက ဆိုးခတာ မဟုတ်ပေမယ့်

အရေခွံရဲ့စေခိုင်းမှုအောက်မှာ ဒူးထောက်ခဲ့ရတယ် အမေ

သွေးကြောထဲ ဆေးကြောလို့ မရ

ငေးမောမှုတွေက များလှတယ် အမေ

ဒုက္ခတွေ ခမ်းခမ်းနားနားကျင်းပခဲ့ရင်တောင်

ဒုက္ခိတ အဖြစ်နဲ့ သားတက်ရောက်နိုင်မှာ မဟုတ်ဘူး အမေ

နောက်နောင်က နောင်နောင်တ

နောင်တရခဲ့တဲ့နောင်တ

အမှောင်ချချင်ပေမယ့်

နောင်ဘ၀အထိကျန်မယ့် နောင်တွေက များလှတယ် အမေ

သေသေသပ်သပ်နေဖို့ သေသေချာချာ ပြောခဲ့ပေမယ့်

သား ကာဆာ မှားခဲ့လို့

ချာရင်းသေရတော့မယ် အမေ

တုမဲ့တဲ့ အမေ့ မေတ္တာတွေဟာ

ခွာညိုပန်းတွေ ပွင့်ချိန်သာ မက

တမ်းခြင်းတွေ သီဆိုကာ
 
မိုက်မဲတဲ့ ဘ၀မှ

မိုက်ဆဲဆိုတာ ကိုဖြုတ်

အမိုက်ထဲက ဘ၀ုကိုထုတ်ပြီး

လက်အစုံဖြင့်ဦးခိုက်

ဘ နှင့် ၀ကို သားအဆင်ကျအောင် နေတော့မယ် အမေ
……………………………
သားနေပြပါ့မယ် အမေ။









စောနေသွေး(ရေဦး)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS