အခက်ဝေကာမှ
ခက်ခဲတဲ့ရပ်တန့်မှုများတယ်
အသီးအပွင့်ကို မခံစားရဲလို့
လွှင့်ပစ်ခဲ့ရတဲ့ ပင်စည်တွေ များတယ်
လွမ်းခြင်းတွေကို ကြောက်လို့
ဖြတ်သန်းနေ့ရက်ရဲ့ ချစ်ခြင်းတွေများတယ်
က, ဖို့စခဲ့တာ မဟုတ်ပေမယ့်
အစက ဒီလိုဆို........
သတ်ပုံမှားတဲ့ တစ်ဘက်သတ်များက
တချို့တချို့ကို ခံစားတတ်တယ်
ဒီလိုနဲ့ ဒီလိုဖြစ်အောင်လဲ တချို့ကပဲသင်ပေးတယ်
အဲ....တချို့က ဘာလဲ ဆိုတာ ဘယ်သိမလဲ
တစ်ခါက တခါခံစားဖူးချင်ခဲ့တယ် ဆိုပေမယ့်
တခါက ဒီလိုဆိုတာ မသိခဲ့ဘူးလေ
တခါတရံ တချို့တွေကို ခံစားကြည့်တယ်
တခါတရံက တရံတခါတွေကို
လွှင့်ပစ်ချင်တယ်
ဒီလို အားနာ မှုတွေ ကိုလဲ အားနာမိတယ်
နောင်တတွေ တပွေ့တပိုက်အတွက်
စရိုက်တွေနဲ့ လဲလှည်ခဲ့ရတယ်
အရေထူတဲ့ မျက်ခွန်ဟာ
ခပ်ပါးပါး ပတ်ဝန်းကျဉ်ကို
မျိုချခဲ့ရတဲ့ အချိန်တွေများတယ်
ကိုယ်ပိုင်အိပ်မက်မှာတောင်
နတ်သ္မီးရဲ့ ထောင်ချောက်ကို မသိခဲ့ဘူးလေ
ခံစားမှုတွေကြားက ပျော်ရွှင်မှု
ပျော်ရွှင်မှုတွေကြားက ခံစားမှု
ဘ၀က ထပ်မျှ မဖြစ်တော့
နောက်ပြန် ကြည့်ခဲ့ရတဲ့ မျက်လုံးတွေကို
အားနားမိတယ်
ဘ၀ကို ထုတ်ဖတ်ဖို့
ခြောက်သွေ့ အပြုံးတွေ ပြုံးခဲ့ရတယ်
ငါမဟုတ်တဲ့ ငါက
ငါ့ကို နောင်တတွေ လက်ဆောင်ပေးခဲ့တဲ့နောက်
သံယောဇဉ်တွေ
အခက်ဝေကာမှ
ချစ်မှုဆိုင်ရာ ဥပဒေပုဒ်မ "၅၂၈"အရ
ဒီဘ၀ ဒီမျှ ပီသအောင်နေကြစို့ရဲ့တဲ့........ကွယ်။