۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ကဗျာတစ်ပုဒ်၏အတ္ထုပ္ပတ္တိ



ငါ့ကိုတွေး  ငါ့ကိုရေး

ငါ့ကိုချစ်  ငါ့ကိုပစ်

ငါ့ကိုတွေ့ ငါ့ကိုမေ့ 

အဲဒီလိုပုထုဇဉ်ဆန်ဆန်

အပြုအမူတွေနဲ့ 

ငါ့ကို အရှုံးရတဲ့အထိ

အသုံးချခဲ့တယ်

ငါရင်မှာ ငါ့အကြင်နာက

ဝင်္က ၀င်္ကဘာရှိတတ်လာတယ်

နာကျင်စေသူကို
 

မကြင်နာတတ်ဘူး

ကြင်နာစေသူကို 

မနာကျင်စေဘူး

အဲဒါ ငါရင်မှာ ရှင်သန်လာတဲ့ တေးသွားပဲ။



ရုတ်တရက် တွဲလက်ဖြုတ် 

နှုတ်မဆက်ပဲ နှင်ထုတ် 

ငါ့ရင်က ရက်ချုပ်ရဲ့

အလွမ်းဘောင်တွင်းမှာ



ကျွမ်းလောင်ခြင်းတို့

ထူလို့ ထပ်လို့ဆိုပေမယ့်

စနစ်တကျ လွမ်းမပြတတ်သေးဘူး

ကွဲလွဲမှုတွေကြောင့် 

ကွဲကွာ ကြတယ်

ဆာလောင်မှုတွေကြောင့် 

ငတ်မွတ်ကြတယ်

ငါတို့တွေကရော?

အခုဆို 

အပျော်ဆက်မယ့် 

ဖေဖေါ်ဝါရီရက်ရောက်တော့မယ်

ချစ်ရသူရေ။

မသိမသာ လွမ်းကြည့်မယ်နော်


သစ်ရွက်တွေ တဖြုတ်ဖြုတ် 

ငါရင်တွေက တဒုတ်ဒုတ် 

မောင်းခုတ်နေတာ ရထားအစင်းတစ်ရာ

ငါ့အကြည့်မှာ  ဆက်နွှယ်လို့

နင်နဲ့ဆုံတဲ့ ဘုံလေးတွေ
 

ငါသတိရသလို သတိရနေမလား

လေပြေရဲ့ ခွန်အားမှာ 

ငါ့နှလုံးသားတွေ  ချိတ်ပေးလိုက်တယ် 

နင့်အတွက် 



ပျော်ရွှင် ချမ်းမြေ့  အေးမြပါစေ

တောင်းဆုတွေနဲ့

အလွမ်းငွေ့မပါတဲ့  ပန်းတွေပွေ့လာတဲ့ လေပြေကို


နင် သတိရခဲ့ရင် 

ကမ်းလင့်လက်တစ်စုံနဲ့ 

လှမ်းဖက်ရုံလေးရယ်ပါ 

ချစ်သူရယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကဗျာတစ်ပုဒ်၏ အတ္ထုပတ္တိ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS