۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

မုဆိုးမညနဲ့ အထီးကျန်ခြင်းများ



မုဆိုးမညနဲ့ အထီးကျန်ခြင်းများ
............

အားပါး
ဒီည
ဂီတတွေလဲ မကြားရ
မပီသတဲ့ ညနဲ့
ငါ
ဘာအထာနဲ့ မှ အဆင်မပြေ
ရေတစ်ခွက်သောက်တာတောင်
အရိုးကမျက်သက်သက်

ချစ်သူမုန်း
ဖဲကရှုံးဆိုသလို
ဘာလိုလို့ လိုမှန်းမသိ
အမုန်းလဲမရ
အရှုံးလဲမရ
ခွကြလိုက်တာ ဘဝရယ်
ဘယ်လို ပါရမိတွေက အကျိုးပေးရင့်နေတာလဲ
အထည်းကျန်ခြင်းဆိုတဲ့ နေရာ
ရောက်မှန်းမသိ
ရောက်မိနေပါရောလား

ဟစ်အော်ခဲ့မိတဲ့ ကာရန်များ
ချိတ်ဆက်တွဲခိုနေတဲ့ မျက်ရည်များနဲ့ သီကုံးရင်း
ဒီည
ဂီတမပါတဲ့
မပီသတဲ့ မုဆိုးမ ညနဲ့ ငါ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူ




သူ
..........

သူ အရာရာသူပဲ
ဘယ်နေရာရောက်ရောက် သူပဲ
ငါရင်ဘတ်ထဲ အမြဲစိုးတယ်

သူ
သူမတူတဲ့အကြည့်
သူမတူတဲ့အသိနဲ့
ကျွန်ုပ်တို့ နှလုံးသားထဲ စိုက်ဝင်
အမှန်တွေပြင်လို့ အမြင်မှန်ပေး

အရာအားလုံးနဲ့ဝေးတဲ့ ပျော်စံရာ
အခေါ်မှန်တာ သူပဲလေ

မြူကင်းတဲ့ကောင်းကင်
ကျူမှင်းတဲ့ ဆောင်းသဇင်
သူရဲ့သတင်း ငါတို့အတင်းလိုက်ရှာမိ

အသိတစ်ချို့ကို သိစေဖို့
အသိတွေများစုဆောင်းရ

အကြည့်တစ်ခုကို ထိစေဖို့
အကြည့်တွေများဆောင်ကျဉ်းရ

သူပေါ့
တကယ် ငါတို့ရင်ဘတ်ထဲစွဲနေတာ သူပဲလေ

............

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မန်းနွေပုံရိပ်




သမိုင်းမှာထင်ရှား

ဘုရင်အပါးပါးစိုးစံ

အရိုးခံ ယဉ်ကျေးမှုနဲ့

လှပတဲ့ စကား

ချိုသာတဲ့ အသံ

ငါတို့မန်းမြေဟာ ဟန်မရှိပါဘူး

မာန်ခြွေ့ နှလုံးသားပဲ ပိုင်တာပါ

ငါအပေါ်တည်ခင်းတဲ့ မြို့ပြစရိုက်

ငါ့အတွက် အမှိုက်ဖြစ်စေ

ကျုံးရေတစ်ခွက်တော့ တိုက်မှာပါ။

လှမ်းခဲ့ပါ

နွမ်းလျက်သာပဲ ဖြစ်ဖြစ် 

ကျွမ်းလျက်သာပဲ ဖြစ်ဖြစ်

မန်းထက်မဟာရောက်ရင်ဖြင့်

ပျော်ပိုက်ခြင်း တရစပ်

အသင့်ရင်ဘတ်မှာ ထင်ဟတ်စေမှာပါ

နန်းမြတ်အုတ်ရိုးရဲ့ နုတ်ဆက်ခြင်း

နန်းတက်ဝိညာဉ်တို့ရဲ့ ကြိုဆိုမှု

နောက်တစ်ခါ ရောက်လာဖို့ထိ 

တွေစေမှာပါ။

မန်းတောင်အရိပ် မှေးအိပ်နားခို

ငါတို့ အရွယ်အိုတဲ့အထိ ရှည်မယ် အသက်တဲ့ 

မုနိမဟာ ခုထိကမ္ဘာရှား

စုတိကာသွားမြတ်ဘုရားရဲ့ ကိုယ်ပွားဟာ

ငါတို့ ဘာသာတရားရဲ့ အထွဋ်

အသင်ဦးညွတ်ဖို့ လိုက်ပို့စေမယ်လေ။

သမိုင်းထိရှ မော်ကွန်းရတဲ့ မန်းမြေ

ငါတို့တွေးရင်း မဆုံးမိပီတိတွေလေ

တောင်သမန်အလှ 

အလွမ်းတသတသနဲ့ 

မောင်ဖေငယ်အကြောင်း

ထပ်ဆင့်လောင်းလို့ 

လွမ်းစရာ့ဒီမြေ 

အလွမ်းလေးတွေပြေစေမယ်ပေါ့

ရွက်ကြွေရောတဲ့ နွေအလှ

ပန်းချီဆရာ လက်မိုင်ချရပေါ့

တစ်ခေါက်တစ်ခါ 

အရောက်လာပြီးရင်ဖြင့်............


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သစ်ခက်ဟစ်သံ



ရွက်အို မြေခ

ကြွေကျ ပျက်စီး

အဆုံးကစ အစကဆုံး

အားလုံးက ကျော်မရတဲ့ စာမျက်နှာတွေလေ

ဆောင်းပြီးရင်နွေဆိုသလို

ဟောင်းပြီးရင် ကြွေရမယ်မလား

အသစ်ထွက် သစ်ခက်တချို့

အားအင်ထုတ် ထင်ရှားစေဖို့မဟုတ်

သဘာဝရဲ့သဘောတရားများ

ဘာများငါတို့ပြောနိုင်မှာလဲ

မငိုပါနဲ့ သစ်ပင်ငယ်ရယ်။

နှစ်အရွယ်ရဲ့ ပြိုလဲခြင်းက

နုပျိုခြင်းနဲ့ တည်ဖွဲ့တာပါ

သူရိန်ဖုံးလို့ပဲ ကြွေကြွေ

ပူရှိန် ရှုံးလို့ပဲ ကြွေကြွေ

ငါတို့တွေ ပျက်သုဉ်းနေပါစေ

ပြုံးပြုံးလေးပဲ နေရမယ်လေ

ငိုမနေပါတော့နဲ့ 

သစ်ပင်ငယ်ရယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကံစေ အိမ်မက်



အသိညာဏ်ကင်းပြီး

ရုပ်ကြွင်းဖြစ်နေတဲ့ငါ

ကမ္ဘာတစ်ခုတည်ဆောက်ဖို့ကြိုးစားခဲ့ဖူးတယ်။

ခပ်ရေးရေး အနာဂတ်က

ငါ့ဘဝကို ယိုယွင်းစေခဲ့

ဘဝဆိုတာ

သောက်လက်စ ဆေးလိပ်တိုလောက်သာလား

ခပ်ရိုင်းရိုင်း သမိုင်းကို

ဘယ်သူရေးချင်ပါ့မလဲ

ပြောရက်လိုက်တာ ကံကြမ္မာရယ် 

အရာရာ အရေးမပေးဘူးတဲ့ 

အနာတရ အနာဂတ်တွေ နဲ့

ငါ့ကို လာမြူမဆွယ်ပါနဲ့တော့ 

လူရယ်လို့ဖြစ်လာကတည်းက

လက်မထောင်ဖူးတာ မူလတန်းပဲရှိခဲ့တယ်

ရွက်မဲ့ တက်မွဲ 

ဒီလိုဘဝထဲကထမြောက်ချင်တာ

ငါပြောတဲ့ ငါအကြောင်း

ကမ္ဘာကို စောင်းပြီးပြောရင်တောင်

ကံကောင်းခြင်းဆိုတာ 

ငါ့ဘက်လိမ့်လာမှာမဟုတ်

အပြုံးနဲ့ ဖာထေး

အပြေးနဲ့ ရှင်သန်

ဘုရင်စံတော့မဟုတ်

အမြင်မှန်ရလာယုံလောက်သာ

ပတ်လည်ဝန်းကျင်

အစွန်းမထင်စေပါဘူး 

ငါဝါသနာနဲ့ ငါကမ္ဘာမှာတော့

အက္ခရာတွေစိုက်ပျိုး

ကာရန်တွေ သီချ

ညီမျှအလယ် ကောင်းဆိုးနယ်လို့

လောကကြီးလဲ လှစေမယ်

အသိညာဏ်ကင်းပြီး 

ရုပ်ကြွင်းဖြစ်နေတဲ့ငါ

ကမ္ဘာတစ်ခုတည်ဆောက်ဖို့ ကြိုးစားနေမှာပါ

စောနေသွေး 


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဟလို...ဗယ်လင်တိုင်း

 

uာw်Nို .....Vံw်NE0ာိုE:

0ဲာ3ာိုsဲု့ 0ိာမ်0ာိုM်

မိsုNိုM် မိုM်NိုM်

3ာaျိsုMိုM်ဖူးVွE့Nာ0ဲာ့

သာာာ0 သ6ာာာ0ာ၇ားများ

cါ့၃wျာ၃်မှာ 3ာ6ြ aaျစမ်းvါ
....

uာw်Nို .....Vံw်NE0ာိုE:

6mါE:MEmmmွm်နဲ့

Mြ mို6း0ွာ 6mါM်wူ

mမ္ဘြာ mီးMို @ိုM်00ူဖို့

cါ0ာို့ Sှ@်၃ီး SုားN၃၁်မှု့wူ

0ာူ၃၁ီ0ဲာ့ ၃၁ီမျြှa E: m

3ာိုမEး0ဲာ့ 3ာ00ိ 

မwိုwွE6း@aျEဘူ6းsုာ်
....

uာw်Nို .....Vံw်NE0ာိုE:

aျ@်ြaE6း0ွာV@်aွEးNို့

မaျွ0ာ်wွEး0ဲာ့ 3ြာmESုာ

aိုEမြဲ0ဲာ့ သစ္စာ60ွာ6၇ာ

cါ0ာို့ာာာသာစMားမှာ

cါ0ာို့ ဖာသာaျ၃၁်0ာု0ာ်aွE့6vးvါ
........

uာw်Nို .....Vံw်NE0ာိုE:

cါ၇Eာာ0ာ်60ွာြVိုmျ

3ာvိုE:3ာ@0ာaျို့ 00ု0ာ်ြv မW်

3ာW်N် 3ာို Vွီံ 3ီား 0ဲာ့

cြိုcီြးa Eး Nဲ vါ0ာw်

a၁ြိုcီြးa E;Nဲ vါ0ာw်

cါ6မွးဖွါးမှု0ာaုm

sုE့ာာ 03ာ0ွာm် vိုE 6@0ာာvါ

......

uာw်Nို .....Vံw်NE0ာိုE:

cါ့ သမိုEးမှာ 3ာm္ခ၇ာ60ွာ00ွEး00ု

၇ုv်ြ mွ Eး စုထိ aျစ်မw် Nို့

သူမြMာ6း3ာာE 

wူ သွာ6းaာာE6sုာ်

မို6းaာာE6းsွ

3ာမျို6းြvာE6းsုNဲ

3ာ၇ို6းuာာE6းမြa0ဲာ့ထိNို့

..

uာw်Nို .....Vံw်NE0ာိုE:

cါ့ 3ာm္ခ၇ာ60ွာsဲု့ mVျာံဖွဲ့

cါ့  mVျာံ60ွာsဲု့ vြုံV Eaျဲ့ြuီ6sုာ်

cါvြုံuE 00ဲ m သ0ာို့သမီ6း၇

NွEြu E 0ာိုEး  စိမ်းစို

3ာ6မှာE0ာိုEး NEးNM် 

6စaိုEး aျm်0ာိုEး aြာုv ၃၁့် aျE 0ာw်

uာw်Nို .....Vံw်NE0ာိုE:

cါ 6aါEး စ၃်mို sို ၈ုံး စMား 

vြုံv Eaာန်6သာ 3ာNွမ်းများ0ဲာ့

3ာ၇Em uာု0ာ်0ာw်

3ဲာ3ါ cါ 3ာ၇E00ဲ m maဲ့ 0ဲာ့ @ာ0ာ်vါ

သြူuု သမျှ သူ့ 3ာwုw60ွာနဲ့

သm္က၇ာ@်0ာိုEး၇ဲ့

Vံw်NE0ာိုE: 0ာိုc်း

6aါc်းစ၃်0ာစ် aု 00v်aါြuြု uီ

''aျ စ်သူ0ာိုc်း၇ဲ့ Vံw်NE0ာိုEး "


ဟလို ဗာလင်တိုင်း ဆိုတဲ့ ကဗျာကို အချိန်အများကြီး ပေးရင်ဘတ်နဲ့ ဆွေးကြည့်တာပါ 
အားပေးသောပရိတ်သတ်များ ကဗျာကိုနားလည်မည်လို့ ထင်မိပါတယ်
အားလုံးကိုကျေးဇူးတင်ပါတယ် 

စောနေသွေး

 


 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တတိယမြောက်ရည်းစားသေဆုံးခြင်း



 (1)
လစ်ဟာလှိုက်မော
သံစဉ်သဘောမှာစီးမျောလို့ 
အိပ်မက်တစ်ခုလို ဖက်တွယ်မိတဲ့ည
ညဆိုပေမယ့်
မိန်ပြပြအရောင်ဟာ
ကလိန်ကကျစ်ညဉ်ဆိုးတွေနဲ့
ရောသွန်းသုတ်လိမ်း
ဖိတ်ဆင်ထွက်ကျ
မုဆိုးမအိမ်က
ဆီမီးတစ်စလောက်
အရောင်တောက်တယ်

ခေါ်သံလို အော်သံလို
မှော်ဝင်မိုက်မဲ
မှေးမှိတ်ရွှင်ပျော်
ချစ်သောမကြား
ကြားသောမချစ်
အဖြစ်အပျက်တိုင်း
ဒီအတိုင်းပဲ ပစ်ထားခဲ့တယ်။

(2)

မိခင်တစ်ဦးရဲ့ သားပျောက်ကြော်ငြာ
online ပေါ်က မိုင်တိုင် 20
facebook ပေါ် မိန်းမပုံတိုင်းကို like လုပ်မိတဲ့ လူတစ်ယောက်
ကဗျာကိုပြာပြာသလဲံ ခံစားချက်ထဲ စွဲထည့်တတ်တဲ့ စောနေသွေး


ပိုက်စိတ်တိုက် စစ်တန်းမှာ ပင်ပန်းနေတဲ့ အကဲဖြတ်လောကလူကြိးများ
အင်တာနက်မှာ ကိုယ့်ပုံကို မတင်ရဲတဲ့ လူငယ်များ
ဘာမှမဆိုင်ဘူး အားလုံးဟာ တခြား
အားလုံးဟာ အမှားတွေချည်းပဲ
ချဉ်ငန်စပ်ကြိုက်တဲ့ ကောင်မလေးက ဖုန်းဘေမရှိဘူး တဲ့
မချစ်မနှစ်သက်သူကို ချစ်တယ်ပြောတတ်တဲ့ 2-လင်ကွာမိန်းမ
တစ်လောကတော့ တလောကလုံးမှာ နင့်ကိုအချစ်ဆုံးလို့ပြောသူ
ညဉ့်နက်ရင် ရင်ခုန်တတ်တဲ့ အကျင့်က လမ်းပေါ်ရောက်တယ်
ဒီဘဝကြီးကို အရမ်းမုန်းတယ်တဲ့ ပြောမိတဲ့နှုတ်ခမ်းက  နစ်နာမှုတွေပေါ်ပုံချတယ်။

(3)
ပြီးခဲ့ပြိ အားလုံးပြီးဆုံးသွားပြိပဲ
သူမ သူဘဝတစ်ခုလုံးနဲ့ လိမ်လည်စားသောက်
ရုပ်ကိုပြပြီး ရသလောက်ဖြုတ်တယ်
ငါဟာ နင်ယောင်္ကျားရပြီးမှ တတိယရည်းစားတဲ့
ငါ့ရင်ထဲမာ နင်သေဆုံးဖို့ဆိုပေမယ့်
အရင်ထဲက ရင်ထဲမှာ မရှင်သန်ခဲ့ဘူး လေ
ရင်နာခြင်း ရက်လည်မှာတော့ ရက်စက်မှုနဲ့ ရေစက်ချ
မျက်ရည်အစအနတွေ နင့်ဘဝအကွေ့တွေတိုင်း ကူးခတ်နေချင်တာလား
ဟင်
ကူးခတ်နေချင်တာလား။

(4)
ဟူး ......မောလိုက်တာ
ပြောချင်တာနဲ့ ဒေါတစ်ခွင်ကိုထုတ်ပြ
မိန်းမတစ်သိုက်ရဲ့ လှောင်ရယ်သံတစ်ချို့
မျက်စောင်းအမျိုးမျိုးနဲ့
မိန်းမလို မိန်းမတွေရဲ့ အကြည့်တစ်ချို့
ဘာမှ မဟုတ်ဘူး
ဘာမှမတတ်ဘူး
အဲဒိလိုပြောပြိးသွားတဲ့
စာဖတ်ပရိတ်သတ်ရဲ့
အားပေးမှု လက်ခုတ်သံအချို့
ကဲ
လောကကြီးမှာ
ဒေါသလဲမကြီးတော့ပါဘူး
သောကလဲ မရှိစေတော့ပါဘူး
ရပ်တန့်ခြင်းမဟုတ်
ရပ်ကိုရပ်နေလိုက်
မင်းမနိုင်ပါဘူး
မင်း တိုးမရဘူး
အားပေးခြင်းလား
အားယုတ်ခြင်းလား
မင်းတို့ အနာဂတ်
မင်းတို့ကမ္ဘာပတ်ပြိး ရှာစရာမလိုဘူး
ဆုံးမခြင်းနဲ့ စွဲလမ်းခြင်း နစ်ပိုင်းတစ်ပိုင်း အနာဂတ်ကို ငါတို့လက်ဝယ်ဆုတ်ကိုင်ရင်း
ဟေ့
ဒီနှစ် ဖေဖေါ်ဝါရီ ဆိုတာ
ငါရဲ့ တတိယမြောက်ရည်စားသေဆုံးခြင်းပါ
တကယ်
ငါတတိယမြောက်ရည်းစားသေသွားပါပြီ.............

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျိန်စာသင့်အချိန်



ကြုံသလို ကြွေဟန်ပြ

ကျေးစားရဲ့ ကျွန်ဖြစ်သူ

ကြင်နာတတ်သူဟု ဂုဏ်ပုဒ်ယူလို့

သဲသဲမဲမဲ အသဲခွဲတတ်သူ

မဖုရားရေ

နေ့တွေမျိုလို့ လတွေရောက်

လတွေအိုလို့ နှစ်တွေမြောက်တော့မယ်

လက်တစ်ကမ်းစာ ချစ်ခြင်းနဲ့ 

အသက်သွင်းခဲ့တာမို့လေ

4.6.2012

မောင်ဖြစ်ချင်တဲ့ အိပ်မက်ရှင်

နင်တမင် ဖန်ဆင်း ခဲ့ပေးခဲ့ ဖူးရဲ့လေ 

ငါ သတိရတဲ့ အချိန်တိုင်း

နင့်အတွက် ကျိန်စာသင့်နေမယ်မလား

ချိန်ကာဆင့် လို့ ချိုတာပြ 

"နင့် ဘဝတစ်ခုလုံး ဆုံးစေမယ်" တဲ့ 

နင်ပိုင်တဲ့ နင့်နေ့ရက်နဲ့


ငါဟာ အစာသွတ်ဒါဏ်ရာရ

နင်ချိန်ချခဲ့တဲ့ မြှားတွေက

နင့် အတွက်ကျိန်စာသင့်နေမလား

ငါချစ်ခဲ့ တဲ့  အဲဒီသစ္စာ

နင့် အတွက် ကျိန်စာမဖြစ်စေနဲ့  

နင်လိမ္မာသင့်ပြီနော်

ကိုယ့် အသက် ကိုယ့် ဂုဏ်

ကိုယ့်အလုပ် ကိုယ့်ယုံလို့

ရှေ့ဆက် ရှေ့တက်

ကျိန်စာသင့် အချိန်တွေကုန်လွန်စေ။





  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS