۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

အိပ်မက်ပန်းချီ


အိပ်မက်ပန်းချီ
******
ငါအခန်းကျင်းကျင်းမှာ

ခင်းကျင်းထားခဲ့ရ

အထည်းကျန်ခြင်းများ

မှောင်မိုက်ခြင်းအတိ

တိတ်ဆိတ်ပျင်းရိခဲ့ရ

ငါ့အခန်းကျင်းကျင်းမှာ

လရောင်အစအနတွေ

ခဏတဖြုတ်ရွာချလို့

ငါဘဝလဲလင်းလက်ခဲ့

ငါ့ညတွေလဲလင်းလက်ခဲ့

အေးစက်စက်အိပ်စက်ခြင်းမှာ

အိပ်မက်တွေလဲနွေးထွေးခဲ့

တရွေ့ရွေ့နဲ့

လရောင်အပိုင်းစတွေနဲ့

ပျော်ရွှင်ကြည်နူး

မော်ဖူးခဲ့ရ လပြည့်ည

လတ်တလော လောကဓံကဆိုးတယ်

သူယောင်မယ် သူမက

လရောင်ကိုဝတ်ဆင်

ငါအပေါ်ဖြုတ်ချခဲ့တဲ့ သံယောဇဉ်

သူဘဝင်မာ အတိကျပါတဲ့

သတိရစရာတော့ အတိကျပေါ့

ညှိမရတဲ့ ညီမျှခြင်းနဲ့

ညှာတာခြင်းမဲ့ဖြစ်အင်တွေရယ်

သူဘဝမာ လွှမ်းခြုံတယ်တဲ့

သနားရမလို အသနားပိုခဲ့တယ်

ဒီလိုနဲ့

အိပ်စက်ခြင်းများမာ

အိပ်မက်တသင်းနဲ့ သူမလာတယ်

သူမပြောတဲ့စကား

ငါနလုံးသားမာ စူးနစ်

*လမိုက်ညတွေလွန်ချင်တယ်*တဲ့

အားပေးခြင်းအင်အား

အစွန်အဖြားထိ ခွန်အားထုတ်

လငပုတ်တွေ ဖေးဖယ်းစေ

အရည်ရွှန်းတဲ့ မျက်နာ

အားအင်ပြည့်တဲ့ပဝါစနဲ့

ဘဝါဘဝထိ လင်းလက်စေ

လပြည့်ညတွေ ပြည့်စုံစေ

အိပ်မက်တိုင်း ဆုတောင်းမယ်

admin@sawnaythwe.com

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS