۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

မန်းနွေပုံရိပ်




သမိုင်းမှာထင်ရှား

ဘုရင်အပါးပါးစိုးစံ

အရိုးခံ ယဉ်ကျေးမှုနဲ့

လှပတဲ့ စကား

ချိုသာတဲ့ အသံ

ငါတို့မန်းမြေဟာ ဟန်မရှိပါဘူး

မာန်ခြွေ့ နှလုံးသားပဲ ပိုင်တာပါ

ငါအပေါ်တည်ခင်းတဲ့ မြို့ပြစရိုက်

ငါ့အတွက် အမှိုက်ဖြစ်စေ

ကျုံးရေတစ်ခွက်တော့ တိုက်မှာပါ။

လှမ်းခဲ့ပါ

နွမ်းလျက်သာပဲ ဖြစ်ဖြစ် 

ကျွမ်းလျက်သာပဲ ဖြစ်ဖြစ်

မန်းထက်မဟာရောက်ရင်ဖြင့်

ပျော်ပိုက်ခြင်း တရစပ်

အသင့်ရင်ဘတ်မှာ ထင်ဟတ်စေမှာပါ

နန်းမြတ်အုတ်ရိုးရဲ့ နုတ်ဆက်ခြင်း

နန်းတက်ဝိညာဉ်တို့ရဲ့ ကြိုဆိုမှု

နောက်တစ်ခါ ရောက်လာဖို့ထိ 

တွေစေမှာပါ။

မန်းတောင်အရိပ် မှေးအိပ်နားခို

ငါတို့ အရွယ်အိုတဲ့အထိ ရှည်မယ် အသက်တဲ့ 

မုနိမဟာ ခုထိကမ္ဘာရှား

စုတိကာသွားမြတ်ဘုရားရဲ့ ကိုယ်ပွားဟာ

ငါတို့ ဘာသာတရားရဲ့ အထွဋ်

အသင်ဦးညွတ်ဖို့ လိုက်ပို့စေမယ်လေ။

သမိုင်းထိရှ မော်ကွန်းရတဲ့ မန်းမြေ

ငါတို့တွေးရင်း မဆုံးမိပီတိတွေလေ

တောင်သမန်အလှ 

အလွမ်းတသတသနဲ့ 

မောင်ဖေငယ်အကြောင်း

ထပ်ဆင့်လောင်းလို့ 

လွမ်းစရာ့ဒီမြေ 

အလွမ်းလေးတွေပြေစေမယ်ပေါ့

ရွက်ကြွေရောတဲ့ နွေအလှ

ပန်းချီဆရာ လက်မိုင်ချရပေါ့

တစ်ခေါက်တစ်ခါ 

အရောက်လာပြီးရင်ဖြင့်............


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သစ်ခက်ဟစ်သံ



ရွက်အို မြေခ

ကြွေကျ ပျက်စီး

အဆုံးကစ အစကဆုံး

အားလုံးက ကျော်မရတဲ့ စာမျက်နှာတွေလေ

ဆောင်းပြီးရင်နွေဆိုသလို

ဟောင်းပြီးရင် ကြွေရမယ်မလား

အသစ်ထွက် သစ်ခက်တချို့

အားအင်ထုတ် ထင်ရှားစေဖို့မဟုတ်

သဘာဝရဲ့သဘောတရားများ

ဘာများငါတို့ပြောနိုင်မှာလဲ

မငိုပါနဲ့ သစ်ပင်ငယ်ရယ်။

နှစ်အရွယ်ရဲ့ ပြိုလဲခြင်းက

နုပျိုခြင်းနဲ့ တည်ဖွဲ့တာပါ

သူရိန်ဖုံးလို့ပဲ ကြွေကြွေ

ပူရှိန် ရှုံးလို့ပဲ ကြွေကြွေ

ငါတို့တွေ ပျက်သုဉ်းနေပါစေ

ပြုံးပြုံးလေးပဲ နေရမယ်လေ

ငိုမနေပါတော့နဲ့ 

သစ်ပင်ငယ်ရယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS