အပျော်တွေပေးလို့
နှလုံးမှာပြည့်နှက်
မျက်နှာပြင်ထက် လျှံတက်လာ
အပြုံးပန်းကို သက်သေထားလို့
ငါ့ဘ၀ ဥယာဉ်မှာတော့
မင်းမရှိလို့မဖြစ်ဘူး ဥယာဉ်မှူးလေးရေ။
ဘယ်ခြေကိုရှေ့သို့တိုးတော့
ညာခြေက နောက်ကကျန်
တကိုယ်စာ ဘ၀မှာ ဘယ်ညာကွဲမို့
တူညီဖို့ ခက်ခဲ သလိုပေါ့
အချစ်နဲ့ ဘ၀ တစ်ခုကိုတည်ဆောက်လဲ
ဆန္ဒတွေ ဘယ်ညာမဖြစ်ကြေးနော်
ကံကြမ္မာပေးတဲ့ နှလုံးသားကိုစတေးရင်း
မင်းမှားတယ် ဆိုဦးတော့
အရှုံးပေးပြီးချစ်ပြမယ်
ငါဘ၀ ရဲ့ ဖန်ဆင်းရှင်လေးရယ် ။
မင်းမရှိလို့မနေသာတဲ့ ဘ၀မှာ
မင်းပျော်ရွှင်မှုဟာ
ငါ့ရဲ့ အဝေးမှာ ဆိုရင်သော်မှ
သတိရပေးပါ လား........အိုအေစစ်လေးရယ်။
။...................။