۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

မုဆိုးမညနဲ့ အထီးကျန်ခြင်းများ



မုဆိုးမညနဲ့ အထီးကျန်ခြင်းများ
............

အားပါး
ဒီည
ဂီတတွေလဲ မကြားရ
မပီသတဲ့ ညနဲ့
ငါ
ဘာအထာနဲ့ မှ အဆင်မပြေ
ရေတစ်ခွက်သောက်တာတောင်
အရိုးကမျက်သက်သက်

ချစ်သူမုန်း
ဖဲကရှုံးဆိုသလို
ဘာလိုလို့ လိုမှန်းမသိ
အမုန်းလဲမရ
အရှုံးလဲမရ
ခွကြလိုက်တာ ဘဝရယ်
ဘယ်လို ပါရမိတွေက အကျိုးပေးရင့်နေတာလဲ
အထည်းကျန်ခြင်းဆိုတဲ့ နေရာ
ရောက်မှန်းမသိ
ရောက်မိနေပါရောလား

ဟစ်အော်ခဲ့မိတဲ့ ကာရန်များ
ချိတ်ဆက်တွဲခိုနေတဲ့ မျက်ရည်များနဲ့ သီကုံးရင်း
ဒီည
ဂီတမပါတဲ့
မပီသတဲ့ မုဆိုးမ ညနဲ့ ငါ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူ




သူ
..........

သူ အရာရာသူပဲ
ဘယ်နေရာရောက်ရောက် သူပဲ
ငါရင်ဘတ်ထဲ အမြဲစိုးတယ်

သူ
သူမတူတဲ့အကြည့်
သူမတူတဲ့အသိနဲ့
ကျွန်ုပ်တို့ နှလုံးသားထဲ စိုက်ဝင်
အမှန်တွေပြင်လို့ အမြင်မှန်ပေး

အရာအားလုံးနဲ့ဝေးတဲ့ ပျော်စံရာ
အခေါ်မှန်တာ သူပဲလေ

မြူကင်းတဲ့ကောင်းကင်
ကျူမှင်းတဲ့ ဆောင်းသဇင်
သူရဲ့သတင်း ငါတို့အတင်းလိုက်ရှာမိ

အသိတစ်ချို့ကို သိစေဖို့
အသိတွေများစုဆောင်းရ

အကြည့်တစ်ခုကို ထိစေဖို့
အကြည့်တွေများဆောင်ကျဉ်းရ

သူပေါ့
တကယ် ငါတို့ရင်ဘတ်ထဲစွဲနေတာ သူပဲလေ

............

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS