۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ပုံပြင်ဆန်သောအလွမ်းများ(သို့)အလွမ်း၏အစအနများ





ရည်စူးပြီး ကြည်နူးခဲ့ တာဟာ

ခွင့်လွတ်ခြင်းတွေ ပြည့်စုံတဲ့ နေ့

အဲဒီနေ့ ကပေါ့

ရီဝေတဲ့ အပြုံးတွေ

အနေခက်မယ့် ရေစက်တွေနဲ့ 

ဖမ်းစား

လွမ်းစကားဆိုတာ ပဝေသဏီခောတ်ကတဲ့

မာယာမဟုတ်တဲ့ မာယာကို

သူခဏငှားတယ်

ငါဟာ
သိတတ်ခြင်းကိုမသိခဲ့ ဘူးလေ

ချစ်ပြီးရင် မုန်းရမယ်လို့ ဘယ်သူပြောခဲ့ သလဲ?

ငါထပ်မေးမယ်

အချစ်ဆိုတာ

မျက်ရည်နဲ့ သွမ်းပြီး

အလွမ်းနဲ့ ကွပ်ကာ

အဆွေးနဲ့ ပြုလုပ်ထား တာလား လို့

ကျေကျေနပ်နပ် ကြေကွဲစေတာမဟုတ်ပေမယ့်

ကြင်နာမှုတွေက နာကျဉ်မှုတွေဖြစ်ခဲ့ ရပြီ

ညှာတာမှု မရှိတဲ့ လိမ်ညာမှုတွေက

အနာတရ နောင်တ ပွက်ပွက်ဆူအောင်ဲငြိမ်သက်ခဲ့ရပြီ

ခေါင်းအုံးထက်က မျက်ရည်တွေ

ဖွာရှုက်ခဲ့တဲ့ ရနံ့တွေ

နိုးမထချင်ခဲ့တဲ့ အိမ်မက်တွေဟာ

အခုတော့ ……

ပုံပြင်ဆန်တဲ့ ပုံပြင်တွေပါ

ရင်တခုလုံး ၀ကွက်အပ်

အထပ်ထပ်ပေးခဲတဲ့ ကတ်တွေ

ရက်ရက်ရောရော ရက်ရှည်တွေ

မက်မက်မောမော စကားလုံးတွေ

အခုတော့..

ပုံပြင်ဆန်တဲ့ ပုံပြင်တွေပါ

ပျိုမြစ်ခြင်းတွေ ပြိုလဲပြီးနောက်

ခြေက်သွေ့နွေတွေ ရင်မှာစိမ်းစို

ဟောဒီ စကားလုံးတွေဟာ

ရင်တဒေါင့် မှာ ခိုအောင်းငြိမ်သက်

တိတ်ဆိတ်ခဲ့ရတဲ့ သံစဉ်တွေပါ

မဆန့်မပြဲ မျိုချခဲ့ရတဲ့

အိမ်မက်ချိုတွေဟာ

ပျို့အံ ထွက်ကျ ပုံရိပ်တွေအတုံးအရုံးနဲ့

သန်းခေါင်ယံ နေ့လည်ခင်းများ က

တွန့်လိမ် …ကျေမွ…ပျက်စီး …

အခုတော့…..

ပုံပြင်ဆန်တဲ့ ပုံပြင်တွေပါ

—————————

————————–

ပုံပြင်ဆန်တဲ့ ပုံပြင်တွေဟာ

ငါ့အတွက်

ပုံပြင်တွေသာ ဖြစ်ခဲ့ရပြီလေ…။။



နေတသောင်းခတဲ့ ရင်တ၀ပ်စာရဲ့ ပျံထွက်သွားသော မြစ်တစ်စင်းသို့……..
စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အကွာ….အဝေး “972´´


ချည်ရန်ထက် ဖြည်ရန်ခက်တဲ့ ကြိုးတွေကြောင့်
အက္ခရာတွေကို မနိုင်မနင်းသယ်ဆောင်ထားရတဲ့
ကလောင်တစ်ချေင်းဖြစ်ခဲ့ရပြီ
ကမ္ဘာမြေရဲ့ ဆွဲအားကို လက်ခံဖို့တောင်
ငါ့ခြေထောက်တွေ သေကောင်ပေါင်းလဲ
ကြိုးစားနေရတာ
အာမခံချက်မပေးနိုင်တဲ့ စည်းတစ်ခုကြောင့်
ဝေဒနာတွေလည်း ခြံခုံကြပြီ
အရာပေးလို့ အရေးပါတာလား
ရေးပါနေလို့ အရပေးခဲ့တာလား
ပါးနှစ်ဘက်ပေါ်တင်ထားတဲ့ အပြုံးတစ်ချို့ကြောင့်
လိုသလို ပူးခွာခဲ့ရတဲ့ နှုတ်ခမ်းတစ်စုံဟာ ငါဖြစ်ခဲ့ရ
မျက်ဝန်းတွေ ရှေ့တူရှုပေမယ့်
တကယ်တော့ အကွေးတွေကို ဖောက်ကြည့်မိတယ်
“528 နဲ့ 1500 ကြားမှာ
972 ဟာ ဘယ်နာမည်နဲ့ ရပ်တည်သလဲ´´
ရင့်ကျက်မှု့ဆိုတာ ဘာလဲ? မသိခင်
ဒေါသတွေကတော့ အိပ်တန်းဝင်ကုန်ပြီ…
ငါမျော်လင့် ချက် ဆိုတာကတော့
ရေမြေသဘာဝ မလိုက်ဘက်ချိန်မှာ
မြေမြုပ်ခံလိုက်ရတဲ့
ဖွုံဖြိုးဆဲ သစ်တစ်ပင်ရဲ့ ရေသောက်မြစ်ပေါ့
နေသလို ဖြစ်မလာတော့ လဲ
နိယာမတို့ ရဲ့ ပူလောင်မှုအောက်
ခရီးတစ်ထောက် ခိုဝင်ရဦးမှာပဲ
ဆုံးဖြတ်ချက်မချမီမှာ တည်တံနေရတဲ့အရာဟာ
အမှားတစ်ခုကို သေချာဆုပ်ကိုင်ပြီးတဲ့နောက်
သူအထာနဲ့ သူ ကျွမ်းထိုးမှောက်ခုံ
တကယ်တော့ ငါကိုယ်က
နှာခေါင်းပေါက်မှားပြီး အသက်ရူခဲ့မိတာ
မျက်ဝန်းတွေနဲ့ ကိုက်ဖဲ့သွားတဲ့ အဲဒီတုန်းက
ဘယ်လက်ရင်အုံဟာ အစိမ်းသက်သက်ရှိသေးတာလေ
ငါဝေဒနာတွေဲခြံခုန်ကြပြီ
အာမခံချက်မပေးနိုင်တဲ့ စည်းတစ်ခုကြောင့်
အက္ခရာတွေကို မနိုင်မနင်းသယ်ထားရတဲ့
ကလောင်တစ်ချောင်းဖြစ်ခဲ့ပြီ
ချည်ရန်ထက် ဖြည်ရန်ခက်တဲ့ ကြိုးတွေကြောင့်ပေါ့………..

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပိုင်စိုးသူ

သူမကိုစတွေ့တဲ့နေ့
အဲ့ဒီနေ့ကပေါ့
အရာအားလုံးသာယာလိုက်ပုံများ
ကောင်းကင်ပေါ်ကတိမ်တိုက်လေးတွေတောင်
ကိုယ့်နှလုံးသားနဲ့အပြိုင်
ပြေပြီးဆော့ကစားနေကြတယ်
တစ်ကမ္ဘာလုံမှာရှိသမျှအပျော်အားလုံး
ရင်တစ်ခုလုံးကိုဖုံးလွှမ်းသွားသလိုပါပဲ
သူမရဲ့ အပြုံးလေးတစ်ချက်က
နှလုံးသွေးစက်တွေကို ဆူပွက်စေတယ်
သူမရဲ့ အလှတရားက
နှလုံးကို ဗျာများစေတယ်
သူမရဲ့ ဆွဲအားတွေက
နှလုံးကို ချည်နှောင်ထားတယ်
သူမရဲ့ လောင်းရိပ်အောက်ကရုန်းထွက်ဖို့
မျက်နှာလွှဲ အားခဲပြီး
မရဲတရဲ ကြိုးစားကြည့်ပေမယ့်
အပြုစားခံရတဲ့ လူတစ်ယောက်လို
စားစားသွားသွား နားနားနေနေ
သူမရဲ့ စိတ်တွေနဲ့ပဲ စိုးမိုးထားတော့တယ်…

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်ခြင်းရဲ့ အခြားတစ်ဖက်မှာ


တိတ်တိတ်လေးနေလာခဲ့တဲ့ဘဝ
`အချစ်`ဆိုတဲ့ဂယက်ထမိမှ
အလွမ်းလက်နက်ပုန်းနဲ့
ချေမှုန်းခြင်းခံလိုက်ရတယ်…
အလွမ်းဆိုတာ………..
.အကျွမ်းတ၀င်ရှိခဲ့ကြတဲ့သူတိုင်းအတွက်
ဓားစာခံပစ္စည်းတစ်ခုလား။
ဒါမှမဟုတ်….
သတိရခြင်းတွေနဲ့ထုံမွှမ်းထားတဲ့
စံအိမ်လေးပဲလား။
ဒါမှမဟုတ်…..
ချစ်ကြသူတိုင်းရဲ့
မမြင်နိုင်တဲ့ ဆုံစည်းခြင်းတစ်ခုလား။
ဘာပဲဖြစ်ဖြစ်ပေါ့……..
အချစ်ရှိသူတိုင်းအတွက်တော့
အလွမ်းဆိုတာ……
.ထာဝရပိုက်ထွေးခွင့်ရမယ့်
ရင်ခွင်ပိုက် ပစ္စည်းတစ်ခုပါပဲလေ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်ခြင်းရဲ့ အခြားတစ်ဖက်မှာ


တိတ်တိတ်လေးနေလာခဲ့တဲ့ဘဝ
`အချစ်`ဆိုတဲ့ဂယက်ထမိမှ
အလွမ်းလက်နက်ပုန်းနဲ့
ချေမှုန်းခြင်းခံလိုက်ရတယ်…
အလွမ်းဆိုတာ………..
.အကျွမ်းတ၀င်ရှိခဲ့ကြတဲ့သူတိုင်းအတွက်
ဓားစာခံပစ္စည်းတစ်ခုလား။
ဒါမှမဟုတ်….
သတိရခြင်းတွေနဲ့ထုံမွှမ်းထားတဲ့
စံအိမ်လေးပဲလား။
ဒါမှမဟုတ်…..
ချစ်ကြသူတိုင်းရဲ့
မမြင်နိုင်တဲ့ ဆုံစည်းခြင်းတစ်ခုလား။
ဘာပဲဖြစ်ဖြစ်ပေါ့……..
အချစ်ရှိသူတိုင်းအတွက်တော့
အလွမ်းဆိုတာ……
.ထာဝရပိုက်ထွေးခွင့်ရမယ့်
ရင်ခွင်ပိုက် ပစ္စည်းတစ်ခုပါပဲလေ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရွှေအိုရောင်လက်တစ်စုံ


သူ…………
အတ္တဆိုတာကိုတာကိုဘေးဖယ်
အကြင်နာနဲ့ဆေးခြယ်ကာ
စေတနာကိုလက်ကိုင်တုတ်ပြုရင်း
အနာဂတ်အတွက် အဆက်မပြတ်စီးဆင်းခဲ့တယ်………။
သူ…လျှောက်ခဲ့တဲ့ခရီးလမ်း
ကြမ်းတမ်းချင်ကြမ်းတမ်းမယ်
ဒါပေမယ့်…….
နွမ်းပမ်းမှုဆိုတာတွေကို
ခေတ္တနားခိုရာဇရပ်တစ်ခုလို
အားပြုရင်းအပြင်းနှင်ခဲ့တဲ့
သူ့ရဲ့ လုပ်ရပ်နဲ့ စိတ်ဓာတ်က
အနာဂတ်ရှိသူတိုင်းအတွက် `အသက်တစ်ချောင်း`
ပေးဆပ်မှု့ကထောင်းသောင်းမကပေါ့…..။
သူဟာ……..
ဒေါင်ကျကျ ပြားကျကျ
ဘ၀များစွာလှပဖို့အတွက်
ခါးသက်တဲ့နေ့ရက်တွေကိုသောက်သုံး
အပြုံးမပြတ်ဘဲရှေ့ကိုဆက်
ရွှေအိုရောင်လက်တစ်စုံနဲ့ဖန်ဆင်း
အမှောင်ကိုခွင်း အလင်းကိုဆောင်ခဲ့တဲ့
ဘ၀ရဲ့ မီးရှူးတန်ဆောင်ပါပဲ…………။
#သည်ကဗျာသည်..
ကျေးဇူးကြီးမားဆရာသမားများအားကျေးဇူးဆပ်
ရေးသားခြင်းဖြစ်ပါသည်…

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဖြတ်ရခတ်တဲ့ ကြိုးတစ်ချောင်း


အလဲလဲ အပြိုပြိုနဲ့
ရွှဲရွှဲဆိုခဲ့တဲ့ မျက်ရည်စက်တို့က
ခေါင်းအုံးထက်မှာမှေးစက်နေသလို
ချစ်သူရဲ့နဘေးက
ဝေးရမယ်ဆိုတဲ့ အသိတစ်ချက်
လက်ကနဲပေါ်လာတာနဲ့တင်
အသက်ရှူခြင်းတွေပါ ရပ်ချင်တယ်…
ပက်သက်ခဲ့သမျှ အမှတ်တရတွေကို
ဖြတ်ချဖို့ ကြိုးစားပေမယ့်
မသိစိတ်ထဲမှာတော့
တိုးပွားနေဆဲအချစ်တွေက
တွက်ရေလို့မရ …
အခက်ပွေတဲ့ဘ၀မှာ
စွဲလန်းခြင်းတွေနဲ့
အသည်းကျွှမ်းလု ချစ်ခဲ့တဲ့…ငါ
မြတ်တ်နိုးခြင်းတွေနဲ့
ရိုးရိုးရှင်းရှင်းချစ်ခဲ့တဲ့…ငါ
မိုးလင်းက မိုးချုပ်
မင်းအကြောင်းတွေကို ဆုပ်ကိုင်ထားတဲ့…ငါ
ရစ်ပတ်မိတဲ့ သံယောဇဉ်ကြိုးကို
ဘယ်လိုဓါးမျိုးနဲ့ ဖြတ်တောက်ပစ်ရမှာလဲကွာ…။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တုနှိုင်းမဲ့ အလှသခင်


ရိုးရိုးလေးပေမယ့်
အပြုံးတွေနဲ့ ခြယ်သထားတဲ့ မျက်နှာ
ယဉ်စစ အမူအရာလေးတွေက
လူတကာကိုငေးစေလောက်တယ်…
ခြေလှမ်းတိုင်းမှာ တပ်ဆင်ထားတဲ့
နူးညံ့မှုက
ဘာနဲ့မှ နှိုင်းတုလို့မရသလို
ကြင်နာမှုတွေ ခစားနေတဲ့
သူ့မျက်ဝန်းအကြည့်က
နွေးထွေးမှုကို ဖြစ်စေတယ်…
ချိုမြိန်မှုတွေ ခိုတွဲနေတဲ့
သူ့စကားသံလေးက
ငြိမ်းချမ်းမှုကို ဖြစ်စေတယ်..
.ပျော်ရွှင်မှုတွေ စားသုံးထားတဲ့
သူ့ရယ်သံလေးက
စိုပြေမှုကို ဖြစ်စေတယ်…
ဖြူစင်မှုတွေ ဆေးခြယ်ထားတဲ့
သူ့စိတ်ထားလေးက
အရာအားလုံးကိုပြည့်စုံသွားစေတယ်…
သူ့ကြောင့်..
ငိုက်မြည်းနေတဲ့လောကကြီးတောင်နိုးထလို့
ဒဏ်ရာပေါ်က ပတ်တီးစတွေလည်း
အလိုလို ကွာကျကုန်တော့တယ်…။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပျံထွက်သွားသော ငှက်ငယ်သို့


ချန်ခဲ့ပြီလားလေ 
ပျံထွက်သွားတဲ့ အရပ်ဆီကို 
မှန်းမျှော်ကြည့်ကာ 
ငေးမောရင်း တသသ 
တွေးတောခြင်းတွေက မ၀ တ၀ပေါ့
မျှော်လင့်ခြင်း ပန်းသီးတစ်လုံးကို 
စားသုံးကြည့်ပြန်တော့ 

အရသာက ခါးသက်သက်  

ရက်စက်ခြင်းက ဓါးတစ်လက်ပမာ 
နိမိတ်ဖတ်မိတဲ့ ကံကြမ္မာကလည်း 
လေဘေးထည်လောက်ဈေးမရှိ 
ဆွေးမြေ့အိုဟောင်းနေခဲ့ပေါ့ ငှက်ငယ်ရေ…
ဘွာတေးသီချင်း မဆိုဘဲ 
ရုတ်တရတ် 
နှုတ်မဆက်ဘဲ မင်းထွက်သွားတော့ 
လှုပ်ခါပြီး ကျန်ခဲ့တဲ့သစ်ကိုင်းခမျာ
ဆောက်တည်ရာမရ 
ဝေဒနာတွေ ဗလပွနဲ
့ အပူသည်ဘ၀ မောဟလမ်းမှာ 
သောကပန်တွေ ဝေဆာနေတယ်ဆိုတာ……
.ငှက်ငယ်ရေ ..
မင်းသိဖို့ကောင်း…။ 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အရသာမဲ့တဲ့ ချောကလက်



လေရူးတွေက နွေဦးကိုသယ်ဆောင်ချိန်
မတတ်မသာ ရင်ထဲက ဖတ်စာကို
လှစ်ဟပြချင်ရဲ့
မနေ့က
ရေတွက်လို့မရတဲ့ ရေစက်တွေကြောင့်လားမသိ
ဘ၀တစ်ခုကို အပိုင်စားရခဲ့တယ်
ငါပစ္စုပ်ပန်မှာ အနာဂတ်အရောင်တွေ လင်းလက်လို့
ငါ့သစ်ပင်မှာ ဝေဆာစိုပြေလို့
ငါစာမျက်နှာမှာ ကဗျာတွေပြည့်လျှံလို့
လှချင်ပချင်တဲ့ သူမကို
လှခြင်းပခြင်းတွေ လက်ဆောင်ပေးလို့
ဒီနေ့တော့
တိတ်တဆိတ် အတိတ်တွေက
အရိပ်တစ္ဆေလို စိတ်နေစရာမရှိချင်တော့
နေမြဲနေနေတာကို ကျေကွဲစရာတွေကလဲ
ဝင်သက်ထွက်သက် မလစ်လပ်တော့ဘူး
ငါ့သစ်ပင်ရဲ့ ဝေဆာစိုပြေတာတွေ
နွေတရာအလို ဖြစ်ခဲ့ရပြီ
ကဗျာတစ်ပုဒ်အတွက် စာမျက်နှာတွေ ပျောက်ဆုံးကုန်ပြီ
နှစ်သက်ခဲ့ဖူးတဲ့ ချောကလက်တွေဟာ
ဒီနေ့တော့
အရသာမဲ့နေပါရောလားကွယ်…………….
စောနေသွေး(ရေဦး)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မဟူရာညရဲ့ မာယာများ


စကားတွေ သီကုံးတဲ့ ည
မဟူရာ ပ၀ါပါးတစ်စ ဖုံးလွမ်းလို့
ညောင်ညိုပင်ကြီး သက်သေ
လေပြေလေးတွေ သက်သေ
ချစ်ခြင်းရဲ့ သင်္ကေတ
၃၉-ခုမြောက်မာယာထဲမှာ တွေ့တယ်
စုံလုံးကန်းလို့လား
အကုန်လုံးလွှမ်းလို့လား
လားပေါင်းများစွာ မေးခွန်းတွေ
တခါသေဖူးလို့
ပြင်ဖိုးနားလည်သင့်ပြီ
ညပေါင်းများစွာ ထဲက
ညာပေါင်းသွားတဲ့ ည
လမင်းကြီးကိုတောင် အားနာတယ်
တသက်လုံးမုန်းမရတဲ့ အပြုံးတွေ
တညလုံးဆုံးမရတဲ့ စကားလုံးတွေ
နောက်သိရတာ
၃၉-မြောက်မာယာ တဲ့
တခါထပ်သေဖို့
အားအင်မရှိတော့ပြီမို့
နားလည်သင့်ပြီ………………..


စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မေ့မရသောနေရက် များ


ကြာပြီ
ကဗျာတွေ သီခဲ့တာ
မာယာတွေ ချည်ခဲ့တာ
ရာသီတွေ လီခဲ့တာ
မေ့မရပေမယ့်
မေ့မှ ရတော့မယ် လေ
အမှတ်တမဲ့ရဲ့
အမှတ်တရတွေ
အလှတစ်စက်ရဲ့
ဘ၀ပျက်ခဲ့တာတွေ
တရင်းတနှီးနဲ့
ရင်းနှီးခဲ့တဲ့ရက်တွေ
မေ့မရပေမယ့်
မေ့မှရတော့မယ် လေ
ပျော်ရနိုးနဲ့ မျှော်ကိုးခဲ့သူ
မှော်ကြမ္မာဆိုးရဲ့
မိုက်မိုးရွာမှု့ကြောင့်
လတ်လတ်ဆတ်ဆတ်
လစ်သွားတဲ့ရင်မှာ
ဘာပင်မှ ပျိုးမရအောင် သွေ့နေပြီ
နားခဲ့တဲ့နင်
ထားပြီးနှင်လေတော့
မြိုက်လောင်တဲ့ နှလုံးသား
ရိုက်တဲ့အားကို
ရှိုက်သံသဲ့သဲ့ဖြင့်သာ
ဖြေသိမ့်ရတော့မယ်လေ
……………
…………..
မေ့မရပေမယ့်
မေ့မှ ရတော့မယ်လေ……………….
စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS