လရောင်ကိုကညစ်သုတ်လို့
ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ဟာ
ငါရင်ဘတ်ကထုတ်ခဲ့တာပါ
အတိုင်းအတာမဲ့စွာ
အကာအကွယ်မဲ့ရင်း
ပြိုင်ပွဲအတွင်းဝင်မှန်းမသိရောက်ခဲ့တယ်
ခရီးမပေါက်တဲ့ ဆောက်နက်တဲ့ ကမ်းပါး
သွားသွားလာလာ ရေဆာခဲ့သူအတွက်
ကျေးဇူးဆိုတဲ့ စကား
ခပ်ပါးပါးပဲ့ မျှောစေတော့မယ်
တွဲလိုက်ဖြုတ်လိုက်နဲ့
ငါဘယ်လက်တွေသိပ်မမြဲချင်တော့ဘူး
နင်သင်ပြသမျှ
ကြင်နာမှုအပိုင်းစတွေပေးခဲ့ပြီပဲ
ဘာလိုအပ်သေးလို့လဲ
လိုအပ်ရင် ရင်ကိုသုံးပါ
ငါနွားလိုရုံးခဲ့ပြီးပြီ
မတူညီတဲ့ခံစားမှုနဲ့
ထပ်တူမလျှောက်ပါရစေနဲ့ ငါရင်မောလွန်းလို့ပါ
တစ်ခုထပ်ပြောမယ်
ညှာတာစွာညာလိုက်ပါလို့....