အသွားအပြန်များလို့
အလျားအနံ သိခဲ့ပြီ
မှတ်တမ်းတွေထဲ မှာ
ရပ်တန်းက ရပ်ချင်ပြီလေ
ရယ်ခဲ့ ရွှင်ခဲ့
ပျော်ခဲ့ မော်ခဲ့
ဒီကမ္ဘာမှာ ခြေရာထပ်
တနေရာ မှာ အခြေချဖိုဆိုတာ
မပြတ်သားတဲ့စိတ်က
မရပ်မနားပဲငြင်းချင်တယ်
ပြောစကားများ
တောသားလိုကြမ်းနေခဲ့ရင်
ချစ်လို ခင်လို့  လွန်တယ်မှတ်နော
ငိုခြင်းရှည်တစ်ပုဒ် ဆွဲထုတ်
အထုတ်ကိုပြင်
အပြင်ကိုထုပ်
ရုတ်တရက် နှုတ်ဆက်ပါတယ်
ဝမ်းသာ ၀မ်းနည်း
လမ်းခွဲပါရစေဗျာ။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment