အနားမညီတဲ့ သစ်တစ်လုံး
စားသုံးပြီးတဲ့နောက်
ခါးသီးမှုရဲ့အရသာ
ဘယ်ကမ္ဘာထိမခွဲကြေးဆို။
လုပ်ဇာတ်နဲ့ လုပ်တတ်လိုက်တာ
ဝတ်ရည်ထက် သကာလောင်းတဲ့ စကားနဲ့
ဟန်ဆောင်ကောင်းတဲ့
အလိမ်ညာသူရဲကောင်းမကြီးရေ
ဘယ်အငြိုးနဲ့ တွဲခဲ့ချင်တာလဲ
ဘယ်အငြိုးနဲ့ ဆွဲချက်တင်တာလဲ
ရိုးမြေကျ ရိုးသားခဲ့တဲ့
ရှိရင်းစွဲ ပစ္စုပ္ပန်ကို
ချိုးဖဲ့ ဖျက်ဆီး ရိုက်နှက်
အနာဂတ်ကို ဆိုးစေခဲ့သူ။
အသက်မဲ့တဲ့ အပြုံး
စွဲမက်ဖွယ် စကားလုံးနဲ့ရောလို့
ချယ်သ မြူစွယ် ချည်တုတ်
ကကြိုးရုပ်ဖြစ်မှ
ကြိုးရုတ်ပြီး လွင့်ပစ်သူ။
ရက်စက်ခဲ့တာတွေကို စွဲမက်သူ
တွဲဖက်ခဲ့တာတွေကို သဲကျွမ်းသူ
စိမ်းကားသူ ယိမ်းသွားတဲ့နေ့
အလင်းတွေမဲ့
အဆင်းတွေမဲ့
အားလုံးမဲ့ခဲ့သူပါ။
ကိုယ့်အရိပ်ကို တောင်မမြင်ရဲ
ချောက်လှန့် တွယ်ကပ်
အိမ်မက် ကဇာတ်မှာတောင်
သူမကိုတွေ့တွေ့နေတယ်
ဘယ်လို ဘယ်ဘဝ
ဘုံဌာနက ထလာထလာ
လှလွန်းသူဆို ငြင်းဆန်တတ်ပြီ
ခဲထိဖူးတဲ့ စာသူငယ်မို့
နောက်တစ်ခါဆို ကြောက်လှပါပြီ။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment