- ယောက်ျားလေးချစ်သူဆိုတာ
- ၁)မိုးသက်လေပြင်းကျချိန် ချစိသူ စိုမှာစိုးလို့ 
- အကာအကွယ်ပေးပြီးလိုက်မိုးပေးသူ
- ၂)သူ့ လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့ မှုတွေ
- အဝေးကို ပြေးစေသူ
- ၃)ချမ်းအေးတဲ့  ဆောင်းမနက်မှာ
- ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ
- ၄)ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံ
- ငှားပေးသူ
- ၅)ဂျုလီယာ ရောဘတ်ကို ကြိုက်ပေမယ့် ဒီကမ္ဘာမှာ အကောင်းဆုံး
- အလှဆုံးဟာကိုယ်ပါလို့ပြောသူ
- ၆)ဂျက်ကီချန်းကားတွေကြိုက်ပေမယ် လွမ်းဆွေးစရာ
- ကိုးရီးယားကားတွေကိုမပျင်းမရိဘဲကိုယ်နဲ့ အတူ
- လိုက်ကြည့်တတ်သူ
- ၇)ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့ အတူ စိတ်ရှည်လက်ရှည်
- လိုက်ရေတတ်သူ
- ၈)ကိုယ်မွေးနေ့ ကိုမှတ်မိပြီး လက်ဆောင်ပစ္စည်းဝယ်ဖို့ မေ့တတ်သူ
- ၉)သူ့ ရင်ဘတ်ကို ထုပြီး ကိုယ်ဒေါသထွက်ချိန်
- အနမ်းတစ်ပွင့်နဲ့  နှစ်သိမ့်တတ်သူ
- ၁၀)မျိုကကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး
- အားပါးတရ စားပြတတ်သူ
- မိန်းကလေးချစ်သူဆိုတာ
- ၁)ငြင်းခုံရန်ဖြစ်ချိန် ခေါင်းငုံ့ အရှုံးပေးချင်ပေမယ့်
- တင်းခံပြီးပြန်ငြင်းတတ်သူ
- ၂)ချစ်သူရဲ့ ဂတိသစ္စာတွေကို နှလုံးပေါ်မှာ ထွင်းတားပေမယ့် ဟ
- ”ကျွန်မကို ချစ်မိတာနောင်တ မရဘူးလား” လို့  လိုက်မေးတတ်သူ
- ၃)လပ်းဖြတ်ကူတဲ့ အချိန် ချစ်သူရဲ့ ခြေလှမ်းအတိုင်း
- လိုက်လှမ်းချင်တဲ့ သူ
- ၄)ချစ်သူရဲ့ရှေ့ မှာ မလှဆုံး၊ချစ်စရာ မကောင်းဆုံးဖြစ်မှာကို
- စိုးရိမ်တတ်သူ
- ၅)လေပြင်းမုန်တိုင်းကျနေပါစေ
- ချစ်သူရဲ့လက်ကိုတင်းတင်းဆုတ်ကိုင်ပြီးကျော်ဖြတ်ရဲသူ
- ၆)အချက်အပြုတ် မတတ်ဘဲ မီးဖိုတစ်ခုလုံးကို မွှေနှောက် ချစ်သူကို
- ကိုယ်တိုင်ချက်ကျွေး ချင်တဲ့ သူ
- ၇)ဗေဒင် လက္ခဏာတွေတွက် ယတြာတွေ လိုက်ချေပြီး
- ချစ်သူနဲ့  ပေါင်းဖက်ရအောင်လုပ်သူ
- ၈)ချစ်သူကို တစ်နေ့ မမြင်ရင်
- နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ
- ၉)ချစ်သူ မောပန်းတဲ့ အချိန်၊ စိတ်ညစ်တဲ့ အချိန်မှာ
- ရင်ခွင်ထဲ ထွေးပွေပြီးနှစ်သိမ့် တက်သူ
- ၁၀)ပျော်ရွှင်မှုတွေကို နွေးထွေးတဲ့  အနမ်းနဲ့ ချစ်သူကို
- မျှဝေးပေးတက်သလိုစိတ်ညစ် ၀မ်းနည်းမှုတွေကို
- မျက်ရည်နဲ့ အတူချစ်သူ ကိုရင်ဖွင့်တက်သူ
- ဟုတ်တယ်…ဒါဆိုချစ်သွားပြီထင်တယ်
- ၁)ဘယ်လောက်ပဲ အလုပ်ရှပ်နေပါစေ ကိုယ့်ဖုန်းကို ဖွင့်ထားပြီး
- သူ့ ဆီကမက်ဆေ့ ဒါမှမဟုတ်ဖုန်းကိုစောင့်နေမိတယ်ဆိုရင် သူ့ ကို
- ကိုယ်ချစ်မိသွားလို့ ပဲ။
- ၂)သူနဲ့ အတူ နှစ်ယောက်တည်း
- လမ်းလျှောက်ရတာကို နှစ်သက်တယ်ဆိုရင်
- သူ့ ကိုကိုယ်ချစ်မိသွားလို့ ပဲ။
- ၃)အတူရှိနေတဲ့ အချိန် သူ့ ကို ဂရုမစိုက်ချင် ဟန်ဆောင်နေပေမယ့်
- ကိုယ့်မြင်ကွင်းထဲကနေ သူပျောက်သွားရင် အပူတပင်
- လိုက်ရှာတတ်တာ သူ့ ကိုကိုယ်ချစ်မိသွားလို့ ပဲ။
- ၄)သူဖျားနာနေရင်၊ ထိခိုက်ဒဏ်ရာ ရလာရင် လိုတာထက်
- ပိုစိုးရိမ်မိရင် သူ့ ကိုကိုယ်ချစ်မိ သွားလို့ ပဲ။
- ၅)တစ်ခြားလူအပေါ် သူစေတနာပိုမိလို့  ကိုယ့် စိတ်ထဲ ကနေ
- မနာလို အူတို မိရင် သူ့ကို ကိုယ်ချစ်မိသွားလို့ ပဲ။
- ၆)သူ့ ရဲ့ချိုမြမြ အပြုံးတွေကိုကြည့်ပြီး
- ကိုယ့်နှုတ်ခမ်းလေးတွေပါလိုက်တွန့်  တတ်ရင်သူ့ ကို
- ကိုယ်ချစ်မိသွားလို့ ပဲ။
- ၇)ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို
- ကိုယ်သတိရနေမိရင် သူ့ကိုကိုယ်ချစ်မိသွားလို့ ပဲ။
- (အမည်မသိ)
လက်တွဲဖော်ဆိုတာ
3:29 PM |
Labels:
စာပိုဒ်အချို့
Subscribe to:
Post Comments (Atom)
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment