۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ပုံပြင်ဆန်သောအလွမ်းများ(သို့)အလွမ်း၏အစအနများ





ရည်စူးပြီး ကြည်နူးခဲ့ တာဟာ

ခွင့်လွတ်ခြင်းတွေ ပြည့်စုံတဲ့ နေ့

အဲဒီနေ့ ကပေါ့

ရီဝေတဲ့ အပြုံးတွေ

အနေခက်မယ့် ရေစက်တွေနဲ့ 

ဖမ်းစား

လွမ်းစကားဆိုတာ ပဝေသဏီခောတ်ကတဲ့

မာယာမဟုတ်တဲ့ မာယာကို

သူခဏငှားတယ်

ငါဟာ
သိတတ်ခြင်းကိုမသိခဲ့ ဘူးလေ

ချစ်ပြီးရင် မုန်းရမယ်လို့ ဘယ်သူပြောခဲ့ သလဲ?

ငါထပ်မေးမယ်

အချစ်ဆိုတာ

မျက်ရည်နဲ့ သွမ်းပြီး

အလွမ်းနဲ့ ကွပ်ကာ

အဆွေးနဲ့ ပြုလုပ်ထား တာလား လို့

ကျေကျေနပ်နပ် ကြေကွဲစေတာမဟုတ်ပေမယ့်

ကြင်နာမှုတွေက နာကျဉ်မှုတွေဖြစ်ခဲ့ ရပြီ

ညှာတာမှု မရှိတဲ့ လိမ်ညာမှုတွေက

အနာတရ နောင်တ ပွက်ပွက်ဆူအောင်ဲငြိမ်သက်ခဲ့ရပြီ

ခေါင်းအုံးထက်က မျက်ရည်တွေ

ဖွာရှုက်ခဲ့တဲ့ ရနံ့တွေ

နိုးမထချင်ခဲ့တဲ့ အိမ်မက်တွေဟာ

အခုတော့ ……

ပုံပြင်ဆန်တဲ့ ပုံပြင်တွေပါ

ရင်တခုလုံး ၀ကွက်အပ်

အထပ်ထပ်ပေးခဲတဲ့ ကတ်တွေ

ရက်ရက်ရောရော ရက်ရှည်တွေ

မက်မက်မောမော စကားလုံးတွေ

အခုတော့..

ပုံပြင်ဆန်တဲ့ ပုံပြင်တွေပါ

ပျိုမြစ်ခြင်းတွေ ပြိုလဲပြီးနောက်

ခြေက်သွေ့နွေတွေ ရင်မှာစိမ်းစို

ဟောဒီ စကားလုံးတွေဟာ

ရင်တဒေါင့် မှာ ခိုအောင်းငြိမ်သက်

တိတ်ဆိတ်ခဲ့ရတဲ့ သံစဉ်တွေပါ

မဆန့်မပြဲ မျိုချခဲ့ရတဲ့

အိမ်မက်ချိုတွေဟာ

ပျို့အံ ထွက်ကျ ပုံရိပ်တွေအတုံးအရုံးနဲ့

သန်းခေါင်ယံ နေ့လည်ခင်းများ က

တွန့်လိမ် …ကျေမွ…ပျက်စီး …

အခုတော့…..

ပုံပြင်ဆန်တဲ့ ပုံပြင်တွေပါ

—————————

————————–

ပုံပြင်ဆန်တဲ့ ပုံပြင်တွေဟာ

ငါ့အတွက်

ပုံပြင်တွေသာ ဖြစ်ခဲ့ရပြီလေ…။။



နေတသောင်းခတဲ့ ရင်တ၀ပ်စာရဲ့ ပျံထွက်သွားသော မြစ်တစ်စင်းသို့……..
စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment