ချည်ရန်ထက် ဖြည်ရန်ခက်တဲ့ ကြိုးတွေကြောင့်
အက္ခရာတွေကို မနိုင်မနင်းသယ်ဆောင်ထားရတဲ့
ကလောင်တစ်ချေင်းဖြစ်ခဲ့ရပြီ
ကမ္ဘာမြေရဲ့ ဆွဲအားကို လက်ခံဖို့တောင်
ငါ့ခြေထောက်တွေ သေကောင်ပေါင်းလဲ
ကြိုးစားနေရတာ
အာမခံချက်မပေးနိုင်တဲ့ စည်းတစ်ခုကြောင့်
ဝေဒနာတွေလည်း ခြံခုံကြပြီ
အရာပေးလို့ အရေးပါတာလား
ရေးပါနေလို့ အရပေးခဲ့တာလား
ပါးနှစ်ဘက်ပေါ်တင်ထားတဲ့ အပြုံးတစ်ချို့ကြောင့်
လိုသလို ပူးခွာခဲ့ရတဲ့ နှုတ်ခမ်းတစ်စုံဟာ ငါဖြစ်ခဲ့ရ
မျက်ဝန်းတွေ ရှေ့တူရှုပေမယ့်
တကယ်တော့ အကွေးတွေကို ဖောက်ကြည့်မိတယ်
“528 နဲ့ 1500 ကြားမှာ
972 ဟာ ဘယ်နာမည်နဲ့ ရပ်တည်သလဲ´´
ရင့်ကျက်မှု့ဆိုတာ ဘာလဲ? မသိခင်
ဒေါသတွေကတော့ အိပ်တန်းဝင်ကုန်ပြီ…
ငါမျော်လင့် ချက် ဆိုတာကတော့
ရေမြေသဘာဝ မလိုက်ဘက်ချိန်မှာ
မြေမြုပ်ခံလိုက်ရတဲ့
ဖွုံဖြိုးဆဲ သစ်တစ်ပင်ရဲ့ ရေသောက်မြစ်ပေါ့
နေသလို ဖြစ်မလာတော့ လဲ
နိယာမတို့ ရဲ့ ပူလောင်မှုအောက်
ခရီးတစ်ထောက် ခိုဝင်ရဦးမှာပဲ
ဆုံးဖြတ်ချက်မချမီမှာ တည်တံနေရတဲ့အရာဟာ
အမှားတစ်ခုကို သေချာဆုပ်ကိုင်ပြီးတဲ့နောက်
သူအထာနဲ့ သူ ကျွမ်းထိုးမှောက်ခုံ
တကယ်တော့ ငါကိုယ်က
နှာခေါင်းပေါက်မှားပြီး အသက်ရူခဲ့မိတာ
မျက်ဝန်းတွေနဲ့ ကိုက်ဖဲ့သွားတဲ့ အဲဒီတုန်းက
ဘယ်လက်ရင်အုံဟာ အစိမ်းသက်သက်ရှိသေးတာလေ
ငါဝေဒနာတွေဲခြံခုန်ကြပြီ
အာမခံချက်မပေးနိုင်တဲ့ စည်းတစ်ခုကြောင့်
အက္ခရာတွေကို မနိုင်မနင်းသယ်ထားရတဲ့
ကလောင်တစ်ချောင်းဖြစ်ခဲ့ပြီ
ချည်ရန်ထက် ဖြည်ရန်ခက်တဲ့ ကြိုးတွေကြောင့်ပေါ့………..
အက္ခရာတွေကို မနိုင်မနင်းသယ်ဆောင်ထားရတဲ့
ကလောင်တစ်ချေင်းဖြစ်ခဲ့ရပြီ
ကမ္ဘာမြေရဲ့ ဆွဲအားကို လက်ခံဖို့တောင်
ငါ့ခြေထောက်တွေ သေကောင်ပေါင်းလဲ
ကြိုးစားနေရတာ
အာမခံချက်မပေးနိုင်တဲ့ စည်းတစ်ခုကြောင့်
ဝေဒနာတွေလည်း ခြံခုံကြပြီ
အရာပေးလို့ အရေးပါတာလား
ရေးပါနေလို့ အရပေးခဲ့တာလား
ပါးနှစ်ဘက်ပေါ်တင်ထားတဲ့ အပြုံးတစ်ချို့ကြောင့်
လိုသလို ပူးခွာခဲ့ရတဲ့ နှုတ်ခမ်းတစ်စုံဟာ ငါဖြစ်ခဲ့ရ
မျက်ဝန်းတွေ ရှေ့တူရှုပေမယ့်
တကယ်တော့ အကွေးတွေကို ဖောက်ကြည့်မိတယ်
“528 နဲ့ 1500 ကြားမှာ
972 ဟာ ဘယ်နာမည်နဲ့ ရပ်တည်သလဲ´´
ရင့်ကျက်မှု့ဆိုတာ ဘာလဲ? မသိခင်
ဒေါသတွေကတော့ အိပ်တန်းဝင်ကုန်ပြီ…
ငါမျော်လင့် ချက် ဆိုတာကတော့
ရေမြေသဘာဝ မလိုက်ဘက်ချိန်မှာ
မြေမြုပ်ခံလိုက်ရတဲ့
ဖွုံဖြိုးဆဲ သစ်တစ်ပင်ရဲ့ ရေသောက်မြစ်ပေါ့
နေသလို ဖြစ်မလာတော့ လဲ
နိယာမတို့ ရဲ့ ပူလောင်မှုအောက်
ခရီးတစ်ထောက် ခိုဝင်ရဦးမှာပဲ
ဆုံးဖြတ်ချက်မချမီမှာ တည်တံနေရတဲ့အရာဟာ
အမှားတစ်ခုကို သေချာဆုပ်ကိုင်ပြီးတဲ့နောက်
သူအထာနဲ့ သူ ကျွမ်းထိုးမှောက်ခုံ
တကယ်တော့ ငါကိုယ်က
နှာခေါင်းပေါက်မှားပြီး အသက်ရူခဲ့မိတာ
မျက်ဝန်းတွေနဲ့ ကိုက်ဖဲ့သွားတဲ့ အဲဒီတုန်းက
ဘယ်လက်ရင်အုံဟာ အစိမ်းသက်သက်ရှိသေးတာလေ
ငါဝေဒနာတွေဲခြံခုန်ကြပြီ
အာမခံချက်မပေးနိုင်တဲ့ စည်းတစ်ခုကြောင့်
အက္ခရာတွေကို မနိုင်မနင်းသယ်ထားရတဲ့
ကလောင်တစ်ချောင်းဖြစ်ခဲ့ပြီ
ချည်ရန်ထက် ဖြည်ရန်ခက်တဲ့ ကြိုးတွေကြောင့်ပေါ့………..
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment