ချန်ခဲ့ပြီလားလေ
ပျံထွက်သွားတဲ့ အရပ်ဆီကို
မှန်းမျှော်ကြည့်ကာ
ငေးမောရင်း တသသ
တွေးတောခြင်းတွေက မ၀ တ၀ပေါ့
မျှော်လင့်ခြင်း ပန်းသီးတစ်လုံးကို
စားသုံးကြည့်ပြန်တော့
အရသာက ခါးသက်သက်
အရသာက ခါးသက်သက်
ရက်စက်ခြင်းက ဓါးတစ်လက်ပမာ
နိမိတ်ဖတ်မိတဲ့ ကံကြမ္မာကလည်း
လေဘေးထည်လောက်ဈေးမရှိ
ဆွေးမြေ့အိုဟောင်းနေခဲ့ပေါ့ ငှက်ငယ်ရေ…
ဘွာတေးသီချင်း မဆိုဘဲ
ရုတ်တရတ်
နှုတ်မဆက်ဘဲ မင်းထွက်သွားတော့
လှုပ်ခါပြီး ကျန်ခဲ့တဲ့သစ်ကိုင်းခမျာ
ဆောက်တည်ရာမရ
ဝေဒနာတွေ ဗလပွနဲ
့ အပူသည်ဘ၀ မောဟလမ်းမှာ
သောကပန်တွေ ဝေဆာနေတယ်ဆိုတာ……
.ငှက်ငယ်ရေ ..
မင်းသိဖို့ကောင်း…။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment