۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.
Showing posts with label ကဗျှာ. Show all posts
Showing posts with label ကဗျှာ. Show all posts

ဘဝရထား

ဘဝရထား
_________
စက္ကန့်တွေတစခြင်း
မီးနစ်တွေတသွယ်ခြင်း
နာရီတွေ တပွေခြင်း
ရက်တွေတသီခြင်း
လတွေ တမယ်ခြင်း
နှစ်တွေ တမြိုက်ခြင်း
တိုးလာတဲ့ ရာသီစက်တွေက သံယောဇဉ်ကိုဖြတ်လိုဖြတ်
သံယောဇဉ်ကို သတ်လ်ုသတ်
သံယောဇဉ်ကို အမြစ်တွယ်လိုတွယ်
ဒီလိုနဲ့ ဘဝဆိုတာလေးထဲ ခိုင်မြဲစရာလေးတွေ ပြန်ချည်တုတ်ရင်း
ခဏတာလေး မနီးမဝေးလေးမှာ သူနေနေတယ်။

ညသည် နေ့မဟုတ်တဲ့အကြောင်း
နေ့သည် ညမဟုတ်တဲ့အကြောင်း
လူကြီးမင်းများနားဆင်ပါ
ခုထွက်ရှိမည့် ရထားဟာ လူ့ပြည်ဘူတာမှ နတ်ပြည်ဘူတာသို့ဟု
မဆိုခဲ့ပါပဲ ရထားတစင်းလုံးလူပြည့်သွားတယ်
ဖုန်းဘေတထောင်ထည့်လို့ရမည့် တထောင်တန်ငွေစက္ကူလေး
မည်သူမှပြန်မကောက်တော့ပါ။
စိမ်းလမ်းစိုပြေတဲ့ ပတ်ဝန်ကျင်တခုအငွေ့အသက်မှာ
အမှတ်တရလက်မှတ်လေးနဲ့
ဘဝဟာပြီးပြည့်စုံကြောင်း
ကော်ဖီတွေသိပ်ခါးတဲ့အကြောင်းမှာ
ဘီယာတွေကပိုခါးကြောင်း
ညနေခင်းတခုခုကိုအပိုင်စားနဲ့
နံနက်ခင်းမှာ ဘီယာတွေတိုက်ဖြစ်သွားတဲ့အကြောင်း
ညခင်းအလှတရားဟာ မျက်မှန်မပါလဲလှဖြစ်တဲ့အကြောင်း
ကျွန်ုပ်တို့ စာအုပ်တွေဖတ် ဖြစ်နေကြောင်း
သစ်သားတံတားလေးပေါ်မှာ
မိတ်ဖြစ်ဆွေဖြစ် ရနံ့တွေသစ်ပေးခဲ့ခြင်းမှာ
မန္တလေးက သိပ်ချစ်ဖို့ကောင်းလာတယ်။
ပုဒ်ထီးပုဒ်မနဲ့ ဘဝက နာရီအသေတွေကြောင့်
အသက်ကပြန်မငယ်တတ်တာသိတယ်ဟုတ်
ကျွန်ုပ်တို့ ရင်ဘတ်ထဲမှာ
ကြေးစည်သံနဲ့ ခေါင်းလောင်းသံတပြိုင်တည်း
ထိုးခွင့်ပေးမထားပေမယ့်
ဘဝဟာ ခဏခဏသေတတ်နေတယ်
လူကြီးမင်းတို့လိုရာခရီးသို့ရောက်ပြီထင်ပါတယ်
ဤနေရာဤဒေသမှ အထူးကြိုဆိုပါတယ်
လူကြီးမင်းတို့လိုရာခရီးသို့ဆက်နိုင်ပါပြီတဲ့။

စောနေသွေး
JULY 28 2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အသုဘကောင်

အသုဘကောင်
______________
၁။

ငါ့အတွက်ကြောင့်အမေဟာ
မျက်ရည်ကို သံယောဇဉ်နဲ့ ဆွဲထုတ်နေတယ်
ငါ့အတွက်ကြောင့် ဆွေမျိုးတွေဟာ
မျက်ရည်ကို ခင်မင်မှုနဲ့ဆွဲထုတ်နေတယ်
ငါ့အတွက်ကြောင့်သူငယ်ချင်းတွေဟာ
မျက်ရည်ကို အမှတ်တရတခုခုနဲ့ ဆွဲထုတ်နေကြတယ်
ငါ့အတွက်အမျှဝေသံတွေကို
ငါကိုယ်တိုင်ငါ့အတွက်
အားလုံးပေးတဲ့ညီမျှခြင်းကို သာဓုခေါ်ပါရစေ။
၂။
ဒီနေ့ အမေတို့အဖေတို့ မျက်ရည်နည်းနည်းစိုနေသေးတယ်
ဆွေမျိုးမိဿ ဟာတွေကတော့ သနပ်ခါးလေးတွေလူးထားကြတယ်
သူငယ်ချင်းတွေကတော့ သတိရလို့ဆိုပြီး
အမှတ်တရတနေရာမှာကဗျာတွေရွတ်ပေးနေကြတယ်။
ရက်သတ္တပတ်လောက်ပဲကြာသွားတဲ့အချိန်မှာ
အမေအဖေတို့ဟာ ကောင်းမှုတွေထပ်လုပ်နေကြတယ်
ချစ်လှစွာသော ငါ့အတွက်
ဘုရားမှာ နှင်းဆီတွေလှူပေးနေကြလား
ချစ်လှစွာသောငါ့အတွက်
ဘုရားပရဝုဏ်ထဲမှာ ဖြစ်ကြောင်းအစုံပြောနေကြနေမလား
အမျှဝေသံတွေကြားချင်ပါတယ်
ငါ့အတွက်အမျှဝေသံတွေကို
ငါကိုယ်တိုင်ငါ့အတွက်
အားလုံးပေးတဲ့ညီမျှခြင်းကို သာဓုခေါ်ပါရစေ။
၃။
အမေသည် နံနက်စောစောဆွမ်းတော်တင်ပြီး
ငါ့အတွက်အမျှပေးဝေနေလိမ့်မယ်ဆိုတဲ့အတွေးနဲ့
အမျှဝေသံတွေကြားချင်ပါတယ်
ငါ့အတွက်အမျှဝေသံတွေကို
ငါကိုယ်တိုင်ငါ့အတွက်
အားလုံးပေးတဲ့ညီမျှခြင်းကို သာဓုခေါ်ပါရစေ။
_________
စောနေသွေး
AUGUST 7 2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှင်းဆီ ဝတ်ရည်

နှင်းဆီ ဝတ်ရည်
__________
နှင်းဆီတွေငိုတဲ့ညက
မိုးမသဲ ခဲ့ပါဘူးကွယ်။

စပစ်ဝိုင်တွေသောက်ခဲ့တာ
လွန်ခဲ့တဲ့ ရက်သတ္တပတ်ကမဟုတ်ပါဘူးကွယ်။

သနပ်ခါးတွေခပ်ကျဲကျဲလေး
ပါးပေါ် ပုံချခဲ့တာဟာ
လွန်ခဲ့သောငါးနှစ်ခန့်ကထင်ပါရဲ့
အတိတ်ကအတိတ်ပေါ့နော်
တိတ်ဆိတ်သွားတဲ့ည
မှေးမှိန်သွားတဲ့အလင်းနဲ့
နံနက်ခင်းတွေဖန်ဆင်းဖို့
ရိုးသားခြင်းတွေ စားသုံးခဲ့ကြတယ်။

စံပယ်အော်သံထဲ သစ္စာတွေထည့်စိုက်ပျိုးခဲ့တာ
ပင်မသန် မပွင့်လန်းလေခြင်းက
တခန်းရပ်ပြဇာတ်ကို ဇာတ်နာစေသည်လား။

ခွဲခွါတာ အသဲနာလို့/မှ မဟုတ်တာ
ကွဲကွာနေခြင်းက အချိန်ကိုကု/စားသွားကြတယ်။

စောနေသွေး
june12-2017 11:44 pm

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စိတ္တဇ စေတနာ

စိတ္တဇ စေတနာ
___________
ခပ်ထွားထွား ဝေဒနာကြောင့်
ခြောက်သွေ့ရင်မှာ
အလွမ်းပင်တွေ အလေ့ကျတယ်
သတိရတိုင်း တိုက်ဆိုင်တယ်
တိုက်ဆိုင်တိုင်းလဲ သတိရတယ်
ကွဲကြေစေတာဖြစ်ဖြစ်
ကြေကွဲစေတာဖြစ်ဖြစ်
စနစ်တကျ လွမ်းတတ်တာက
ငါရယ်လေ
လိုအပ် ဖြည့်ဆည်း ပြည့်စုံစေခဲ့လို့
အလိုအလျှောက် ခွဲသွားတာလား
မမေးရက်သော်လည်း
မမေ့ရက်ဘူးလေ
သတိတရ တမ်းတရင်
လျှောက်ခဲ့ လှမ်းခဲ့
တံခါးတစ်ချပ် လှပ်ထားတယ်ဒီရင်
မင်းပြောတဲ့စကား
ငါနှလုံးသားကြားနေလို့
သိပ်ချစ်တယ်ဆို
အတူလျှောက်ဖူးတဲ့ လမ်း
အတူကောက်ဖူးတဲ့ ပန်း
အတူသောက်ဖူးတဲ့ စမ်း
အခုတော့
ငါ့ကို ခြောက်လှန့်တဲ့
အိမ်မက် ကဝေပျိုတွေဖြစ်လို့လေ
ဝတ်ရည်ကြိုက်တဲ့ ပျားကို
အလွဲ သုံးစားသွားတယ်။
ပြန်လာမယ်ဆို ပြန်ခဲ့
လွမ်းလိုက် မေ့လိုက်
မေ့လိုက် လွမ်းလိုက်
စိတ္တဇည စိတ္တဇနေ့တွေ
အရူးအမိုက်ကို
ဦးခိုက်ပေါင်းများပြီ
ဝေဒနာထဲက စေတနာလေး
ဆုအဖြစ်တောင်းမယ်
မင်းအတွက် ငါလွမ်းမယ်
မင်းအတွက် ငါ နမ်းမယ်
မင်းဘ၀ အနေတော်ရင်
ငါသေပျော်ပါပြီ ချစ်သူရယ်။


_စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဝေါဟာရ ရဲ့ သင်္ကေတ

ဝေါဟာရ ရဲ့ သင်္ကေတ
________________
အေးအတူ ပူအမျှ
ခံစားမှုထပ်တူ
တူညီမှုတွေနဲ့ လက်တွဲ
နှလုံးသားမှာ အစဉ်စွဲ
ပြောပြစရာရှိတာ ပြောပြ
သောကစရာရှိတာ သောက
ကူညီ ဖေးမ ထွေးပိုက်
စရိုက်ကတော့
အလိုက်ထိုက်ပေါ့ သူငယ်ချင်း ။
နှလုံးသွေးဖြင့် ဂဟေဆက်
အမုန်းတွေးတွေ အပြင်ထွက်
ချိုသာ ကြင်နာ ပျော်ရွှင်
အောင်ပွဲဆင်ဖူးတဲ့ အပြုံး
ငါတို့ အားလုံး ပိုင်တယ် သူငယ်ချင်း။
ကျရှုံးတိုင်း မငိုနဲ့
အောင်မြင်တိုင်း မပျော်နဲ့
လောကဓံကို ကျောခံလို့ တု
အဘဗုဒ္ဓ ထုတ်ပြတာတဲ့ တရား
အနှစ်တစ်ခုတွင် နစ်လို့ဝင်စေ သူငယ်ချင်း။
ပီသလွန်းတဲ့ လူ့စရိုက်
ချစ်လိုက် မုန်းလိုက်
မုန်းလိုက် ချစ်လိုက်
အမိုက်တိုက်နဲ့ ပျော်မွေ့
အော် အကွေ့ဆိုတာ ဒါပါလား
သတိကို ကတိနဲ့ စပ်
ဘ၀ကိုအပ်ထားပါ သူငယ်ချင်း ။
အချိန်ရရင် ချိန်ဆကြည့်
မှိန်ပြပြ ဖြစ်တဲ့ နေမင်း
မကွယ်မခြင်း အသက်သွင်းကြမယ်
နိုးထလိုက်ပါ
တန်ဖိုးများပါတယ်
အားပြည့်တဲ့ စကားနဲ့ရော
အားပေးမယ့်လူသားပါ
သူငယ်ချင်းဆိုတဲ့ဝေါဟာရ
ကမ္ဘာတည်သမျှ
ပီသနေကြမယ်နော်။

                   စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကဗျာကကွက်

ကဗျာကကွက်
xxxxxxxxx
ကဗျာ
ရင်ဘတ်ကိုဖွင့်ပြီး
အရာအားလုံးကိုသွန်ချပြတာ

ကဗျာ
ထင်ဟတ်နေတာတွေနဲ့
ကျေနပ်နေတတ်တာ

ကဗျာ
အရှုံးရယ်
အမုန်းရယ်
အပြုံးရယ်
ကုန်ဆုံးကွယ်ပြောက်စေတာ

ကဗျာ
ကွယ်ဝှက်ထားတဲ့ကိုးကွယ်မှုလေးတွေနဲ့
ယုံကြည် အားကိုးကြည့်ကြတာ

ကဗျာ

လောကတစ်ခုလုံးမှာ
သာယာစေတာ
လူသားအားလုံးကို စာနာစေတာ
အတူစားသုံးစေဖို့
မျှဝေပေးတာ
ကဗျာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

PA OH

ပအိုဝ်း
.........
မျိုးနွယ်စုရဲ့စရိုက်
လိုက်ဖက်ဖေါ်ရွေ
အညာမြေနဲ့ကွာခြား
အညာသားကျတော်တို့အတွက်

ရက်ရက်ရောရော
ပေါများလွန်းနေတဲ့ သုဝဏ္ဏဘူမိ
ပျော်ရာမှာနေ တော်ရာမှာမနေပါ
သထုံမှာပအိုဝ်း
တိုင်းရင်းကိုစိုးလို့
ကရင်နဲ့မွန် ဟိုးအလွန်မှာလဲရှိလေ၏

ချစ်စရာ စရိုက်ကလေးတွေ
အတုယူစရာ အကြိုက်လေးတွေ
ဆွဲမက်ဖွယ် ငပိရည်ရယ်က
အားအင်နဲ့ကျန်းမာခြင်းကိုထောက်ပြုတယ်မလား

ပအိုဝ်းလမျိုးတို့ရဲ့မူ
ပအိုဝ်လူမျိုးတိုရဲ့အယူ
ရာစုနှစ်တိုင်း ပြန့်ပြောစေတယ်

ဘာသာသာသနာ သူတို့ရင်မှာလွှမ်း
အနာဂတ်မှာ ပန်းများပွင့်စေသော်ဝ်၏။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အတိတ်က အိပ်မက်ဆိုး

အတိတ်က အိပ်မက်ဆိုး
.................
စိမ်းကားခြင်း ခါးသီးခြင်းတွေက
စိတ်တစ်ချမ်းလုံးကို လွှမ်းခြုံလာခဲ့လေတော့
အိပ်မက်တစ်ခုလုံး အရောင်မလှပေဘူး။

တစိုက်မတ်မတ်လျှောက်လှမ်းနေတဲ့
အက်ကွဲစ အားအင်အချို့ကို
ရိုက်ချိုး ကျေမွ ဖျက်စီး

အထည်းကျန်ခြင်းတွေ
တအုံတခဲ ရင်ထဲဝင်လာလေ
မျက်ရည်မိုးတွေ အပြင်မှာသဲလေပေါ့

ရဲရင့်ခြင်းကို အံတုမနိုင်
လဲယိုင်သွားမဲ့ ပန်းတိုင်တိုင်းဟာ ဝေးကွာလွန်းလှ၏။

ုပုဂ္ဂလိက ခံစားချက်တိုင်းကို
အများနဲ့ ရောသွန်းခြင်းခံလိုက်ရတာ
နှလုံးသားကို ပိုင်းသွားတာမှ တော်လိမ့်မယ်

ရင်နာခြင်းတွေ နဲ့ ရက်စက်ခြင်းတို့က
ဘ၀ကိုပုံလဲကျစေတယ်
အိပ်မက်တိုင်းကို အရောင်မဲစေတယ်
အတိတ်ရယ်
တိတ်ဆိတ်လိုက်ပါတော့ကွယ်
အိပ်မက်တွေ အရောင်လှချင်လို့ပါ။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျေကွဲခြင်းဖြစ်ရပ်

ကျေကွဲခြင်းဖြစ်ရပ်
......................

ကျေကွဲခြင်းဆိုတာ
အရင်က အရိပ်လေးတွေကိုပြန်တမ်းတခြင်း
အတိတ်လေးတွေက ပျံသန်းလာခြင်းရယ်ပါ

အတိတ်ကအတိတ်
အရိပ်ကအရိပ်
သူ့အထာ သူ့နေရာမှာ
နေသားတကျရှိမနေတတ်တဲ့
လှိုင်းဂယက် ယောက်ယက်ခတ်ခြင်းကြောင့်ပါ

သူအကြောင်း ကိုယ်ပေါ်ရောက်
ကိုယ့်အကြောင်းသူ့ခေါ်လောက်ခဲ့ရင်ဖြင့်

ကျေကွဲခြင်းရယ်
ကွဲကြေခြင်းရယ်
အရာအားလုံးကို
ပေါင်းစပ်ပြီး
အဆုံးသတ်မှာ
နှလုံးရပ်မတတ်ထိအဖြစ်သဲခဲ့ရသည်မဟုတ်လား

ချန်သူလွမ်း
ကျန်သူလွမ်း
အပူစခမ်းကြီးတစ်ခုလုံးက
တခမ်းတနား တောက်လောင်ဆဲ။

တစ်စုံတစ်ယောက်၏ ရင်ဘတ်ထဲက အက္ခရာမျက်ရည်များယိုစီးကျသံအချို့အတွက်



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆရာ

ဆရာ
...........
အစစအရာရာ
အနာခံနစ်စေ
ကမ္ဘာ့ အမှန်တရားသိစေ၍
နာပေါင်းအသောင်း
သူရင်အောင်းပေမယ့်
သာယာစေ
မာပါစေ
မာယာတွေ ကင်းလွတ်စေခဲ့
လူဝင်ရာတိုင်း
လူရာဝင်ဖို့
ပြုပြင်ကာ ထိမ်းသည်မို့
ခြေတစ်လှမ်းအစ
မြေခရမ်းချခဲ့သည်မလား
ငြူစူကင်းမဲ့
ပူမှုအသင်းအဖွဲ့တွေနဲ့လဲ
ပေါင်းသင်းဆက်ဆံတတ်သူ
ဆရာ
ၼဤေနရာ ဤကမၻာမွ ဆရာအားလုံးထဲက
ဆရာအား ...........


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

⇦♬ရင်ခုန်မိတဲ့ဆည်းဆာ♬⇨




⇦♬ရင်ခုန်မိတဲ့ဆည်းဆာ♬⇨

♥⇨ဒီစာမျက်နှာပေါ်ကငါ့ကဗျာ
ဆေးသားပျယ် စွန့်အလို့
ဆွဲထုတ်မိ စွဲလမ်းစတွေက
ဆည်းဆာအချို့ကို
ငိုယိုစေတယ်

♥⇨အတိတ်ရဲ့ခြောက်လှန့်ရိပ်
ပြေးလမ်းကြုံ ပစ္စုပ္ပန်ဘုံမှာ
ခြောက်သွေ့
ကြွေကျ
မြေခနေတဲ့ အနာဂတ်တွေနဲ့
တွဲလက်မကူ
တူလက်မတွဲ
မရဲတရဲ စွဲလမ်းခြင်းတွေကြောင့်
ဆည်းဆာအချို့ဆို
ငိုယိုမိတယ်

♥⇨အတိတ်ကိုသိပ်ပြီး
မပွင့်သေးတဲ့ပန်းရနံ့နဲ့
ညစဉ်အိမ်မက်ဖို့
ဆည်းဆာအချို့ကို
ပြုံးကြည့်မိတယ်

♥⇨ရဲရဲခေါ်
လက်တွဲဖေါ်ဆိုတဲ့အသိနဲ့
နေဝင်ရီတွေပိုလွမ်းမယ်

⇧sawnaythwe⇩

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်အားရှိစေ

 
 
 
အင်အားရှိစေ
☸☸☸☸☸☸☸

✡ အတွင်းနဲ့ အပြင် ပြင်ဆင်လို့

✡ ဝန်းကျင်းကို သတိထား

✡ တောက်တစ်ချက်မှ မခေါက်နဲ့

✡ ဖနှောင့်တစ်ချက်မှ မဆောင့်နဲ့

✡ အေးဆေးနေလို့တော့မရဘူးနော်

✡ ခါးသီးတဲ့သတင်းနဲ့

✡ နားငြီးနေလို့လဲမပြီးဘူးလေ

✡ ဒါ ငါတို့ မြေ

✡ ဒါငါတို့ရေ

✡ အရာအားလုံး အင်နဲ့အားနဲ့

✡ အရာအားလုံးစည်းလုံးဖို့တော့လိုနေပြီ

✡ ဘာသာနဲ သာသနာ

✡ ခွဲခြားခြင်းထက်

✡ ခွဲခြမ်းခြင်းတွေက အရမ်းရင်နာဖို့ကောင်းနေတယ်


✡ မဆိုင်သလိုနေ

✡ မဆိုင်သလိုကျင့်

✡ အမျိုးမကောင်းတဲ့ ဘူးခါးဆေ့တွေရေ


✡ ဒင်းတို့ အဆင်းစိုစိုတွေ

✡ ရင်းလို့ဖြုတ်ပစ်ချင်တယ်

✡ ပြောရင်းနဲ့ ဒေါသထွက်

✡ အောချလောက်တဲ့ ပြကွက်တွေများ

✡ အစီစဉ်များချလုပ်နေရော့သလား

✡ အသင်တို့ရဲ့အင်အားနဲ့

✡ သခင်အနားနေပြီ ဘုရင်လုပ်ချင်နေသလား

✡ ဘာသာကိုစော်ကား

✡ လူမျိုးကိုစော်ကား

✡ မော်ကြွားစရာလူအလည်မှာ

✡ ဘာတွေက ဂုဏ်ရနေလို့လဲ

✡ သူအရိပ်နဲ့ သူစိတ်ကို မသိလို့မဟုတ်ဘူး

✡ အတိတ်တွေမေ့ပြီး အဆိပ်တွေပေးမှာလဲသိခဲ့တယ်

✡ ငါတို့တွေ

✡ ငါတို့တတွေ

✡ တွေဝေနေကြမှာလား

✡ ဆွေသဟာတို့ရေ

✡ ရေနဲ့မြေ

✡ မြေနဲ့ရေ

✡ အတူနေဆိုပေမယ့် အမူတွေကမလှဘူးဟေ့

✡ ချဆိုချ

✡ ထဆိုထ

✡ ငါတို့ ဘဝဆိုတာ

✡ ငါတို့ လူမျိုး

✡ ငါတို့ ဘာသာ

✡ ငါတို့သာသနာနဲ့ထုဆစ်ထားတယ်

✡ အားအင်သုံးပြီး

✡ အင်အားထည့်

✡ ငါတို့ အားလုံးအတွက်

✡ ငါတို့ စားသုံးရမယ်

✍ စောနေသွေး ✍

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အိမ်မက်တွေကြွေတဲ့ည



အိမ်မက်တွေကြွေတဲ့ည

.........
အိပ်စက်နေခဲ့

အိပ်မက်တွေနဲ့

အတိတ်ကို ရှက်နေတဲ့ လကို

ညအထာတွနဲ့ ချည်နှောင်

အပြာရောင် တိမ်ဆိုင်လေးတွေ ကာရံလို့

လေညှင်းချောလေးတွေထဲ စီးမျောလို့

တိတ်ဆိတ်နေတဲ့ အိပ်မက်မြေမှာ

နှင်းဆီရောင် နုတ်ခမ်းပါးလေးနဲ့

နှလုံးပွက်စေတဲ့ အပြုံးလေးရယ်

"အရမ်းချစ်တယ်" လို့ တိုးတိုးလေးပဲပြောနိုင်တောတယ်



ရမ်း

ချစ်

တယ်

အိမ်မက်တွေခြွေတဲ့ အိပ်မက်ရှင်ရယ်

အိပ်မက်တွေ ကြွေခဲ့ပါပကောလားကွယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

✍ အက္ခရာဧည့်ခန်း ✍




✍ အက္ခရာဧည့်ခန်း ✍

❋❋❋❋❋❋❋❋❋❋❋❋


ကြင်နာမှုအချို့ ထည့်ထားတဲ့


ကြုတ်တစ်လုံးနဲ့

ကြေကွဲဖွယ် ကြယ်ကြွေညအချို့


ကျုပ်ရင်ဘတ်ထဲမှာ


ခင်းကျင်းထားပေါ့........




အင်အားမဲ့နေတဲ့ အက္ခရာတွေအတွက်


နှလုံးသွေး အစက်စက် ယိုစေ


မျက်ရည်ပျိုတွေနဲ့ ရောစပ်လို့


ပန်းချီကားတစ်ချပ် ဆွဲထားတယ်......



မဆန်းမပြား ခံစားမှုတစ်ခု


တခမ်းတနား ပြုစုလို့


အမည်မထင် အရာမရောက်


ပတ်ဝန်းကျင် စောက်ရှောက်မှုအောက်မှာ


ငါ့ကဗျာတွေက


ဆေးရောင်မှိန်တယ်.....



အက္ခရာစိုးတဲ့ ဧည့်ခန်းမှာ


ခပ်ရိုးရိုး ကဗျာအသိုးတွေက


မြိုက်လောင် မှောင်မိုက်လို့


ဝါသနာနဲ့ ဝေဒနာ


ဒီနေရာမှာ မျို့စေ့ချ


ဆောင်းတွေ စောင်းလို့


နွေတွေရွေ့


ရာသီတွေ ဘယ်လိုခွေ့ခွေ့


ငါ့ ဧည့်ခန်းက အက္ခရာလေးတွေက


ဆက်လက်ခြွေချရင်း..........
....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါ့ရဲ့နတ်သမီး

 
 
ငါ့ရဲ့နတ်သမီး
.................

ငါ့ကိုမယုရင်

ငါ့ပုံပြင်တွေ နားမထောင်ပါနဲ့

ငါဟာ ပျော်ပျော်နေတတ်တယ်

ငါနဲ့ပတ်သက်လာရင်

ငါပတ်ဝန်းကျင်ကိုလဲ ပတ်သက်ရမယ်

ငါအားနာနာနဲ့

အာနာမပေးချင်ဘူး

ဒိလိုနွေမှာ

ဒီလိုနေတွေပူလောင်မယ်ဆိုတာလဲသိတယ်

ဒီလိုလေတွေလဲအေးမယ်ဆိုတာသိတယ်

ငါရွေးတဲ့လမ်းက

ကြမ်းချင်ကြမ်းမယ်

စမ်းတွေလဲရှိမယ်


ဘရမ်းပတာနဲ့ အကွတ်မဲ့နေတဲ့ဘဝကို

ပေးအပ်ခဲ့တာဆိုတာတော့ ယုံလိုက်

မယုံကြည်မှုကို မယုံနဲ့

ယုံစားခြင်းက ပိုမှားမယ်လေ


တစ်သက်စာ နောင်တကို မပေးဖြစ်သလို

တစ်သက်စာ ပျော်ရွှင်မှုနဲ့ စိးစင်းနေခဲ့တယ်

ငါ

နင်

ငါနဲ့နင်နဲ့ နင်နဲ့ငါနဲ့

အနာဂတ်တစ်ခုလုံးကို ပိုင်စိုးချင်တယ်

အလှပဆုံးကောင်းကောင်မာ

အလှပဆုံးသော

အတောက်ပဆုံးသော

အပျော်ရွှင်ဆုံးသော

တောတစ်ခုပဲဖြစ်ဖြစ်

ငါတို့ဖန်ဆင်းကြမယ်နော်

ချစ်ရတဲ့

ချစ်တယ်ပြောတဲ့

မောင့်နတ်သမိးလေးရယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လူလိမ်



လူလိမ်
........

ငါဟာ

ငါ့ကိုယ့်ငါကလွဲပြိး

အရာအားလုံးကို


လိမ်ချင်လိမ်မယ်


ငါ့ခံစားချက်ကိုတော့

ဘယ်တော့မှမလိမ်ဘူး


..

သူတပါးရဲ့ခံစားချက်ကို

ငါရင်ဘတ်ထဲသိုထည့်

အနေခက်နေတောင်

အနေမခက်ပါဘူးလို့

အဖြေခက်တဲ့မေးခွန်းတွေမေးပါ

ဒဏ်ရာတွေ ပြည့်နက်နေတောင်

နင့်အတွက်အဖြေထွက်လာစေမှာပါ

ကျေနပ်စေမယ့် ရလာဒ်တစ်ခုပေါ့။


လူလိမ်တဲ့

တလူလူလွင့်နေတဲ့သူတွေနဲ့ ရောတယ်

အပူစွင့်နေတဲ့သူတွေနဲ့ရောတယ်

ရောသောကောသော

ခပ်နှောနှောနေခဲ့တဲ့

အရေပါး အရာပေးခြင်းကိုလဲခံစားမိပါရဲ့

ရယ်စရာ နဲ့ ရော်စရာ

ပျော်စရာနဲ့ ခေါ်စရာ

အားလုံးပိုင်းလို့ ပိုင်စိုး

အများအမြင်မှာ အမြင်ဆိုးတယ်

လူလိမ်တဲ့

ငါဟာ

ငါ့ကိုယ့်ငါကလွဲပြိး

အရာအားလုံးကို


လိမ်ချင်လိမ်မယ်


ငါ့ခံစားချက်ကိုတော့

ဘယ်တော့မှမလိမ်ဘူးဆိုတာတော့ နားလည်ပေးပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Ƹ̵̡Ӝ̵̨̄Ʒ စွဲလမ်းခြင်း ဇာတ် Ƹ̵̡Ӝ̵̨̄Ʒ





Ƹ̵̡Ӝ̵̨̄Ʒ  စွဲလမ်းခြင်း ဇာတ် Ƹ̵̡Ӝ̵̨̄Ʒ
      .................

ခံစားချက်တွေကို
ဖွင့်အန်ခဲ့တာများလာတော့
ရင်ဘတ်ကလဲ ဗလာဟင်းလင်းပဲကျန်တယ်။

နွေ
နွေတဲ့ နွေးထွေးမှုတွေလွန်လာတော့
အေးမြခြင်းကိုတမ်းတပြန်ရော
တမ်းတတာတွေ အားတက်သရော
မှန်းဆတာတွေ အားတက်သရော
အားလုံးက အမောတွေနဲ့သာ။

ခင်မင်တာတွေကတဆင့်
ရင်ကိုထပ်ဆင့်လာပြန်ရော
အတတ်ပြောလို့မရတဲ့ သံယောဇဉ်က
ဘဝကိုပုံပေးတတ်ကြတဲ့အထိပဲ
အနာဂတ်တောင်ပုံမဖေါ်နိုင်တတ်ကြတော့ဘူးလေ။

ပြောပြစမ်းပါ လောကကြီးရေ
မျက်ရည်တွေ မြေခမှ
နေရမယ်ဆိုတဲ့ စကားအထာတွေက
အထားအသိုမတတ်တဲ့ ကောင်အတွက်
အမှားတွေ အစက်စက်ယိုတယ်
အဲဒါသိလား။

ကြည့်မရတဲ့ ရုခင်းတွေ
မမြင်ရတဲ့ သူ့အဆင်းတွေ
အားလုံးအရှုံးပေးရင်း
အတုံးအရုံးလဲလို့ကျ

အချစ်တဲ့
အချစ်တဲ့
လောကကြီးကို အလှဆင်လို့ရတယ်။

...........စောနေသွေး........
                                        ဆက်လက်၍====>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အဆက်/အစက်



အစက်တွေကြား
အတက်တွေများလေတော့
ရတက်တွေပွားပြီပေါ့ကွယ်။

အချစ်နဲ့အမုန်း
အဆုံးမဲ့ အရှုံးတွေနဲ့
ပျော်ခဲ့နေတာ
အရာအားလုံးရင်းပြီးတော့

ခေါင်းစင်တစ်ခုတတ်ပါရစေ

ဟုတ်တယ် မ-ပါပဲ
ချစ်တယ်လို့ပြောတယ်
ပစ်မယ်လို့လဲပြောတယ်

"--မိန်းမတစ်ယောက်ကို ချစ်ဖို့အတွက်
အရက်ကို အရင်သောက်တတ်ရမယ်--"

ငစောသိတဲ့အသိတစ်ချက်ပါ။


ကဗျာချစ်သူတို့ရေ
ကဗျာကိုချစ်တတ်တာပဲကောင်းမယ်မလား

ခပ်ပါးပါး မာယာတွေနဲ့ လှည့်စားနေတဲ့
မာယာမင်းသမီးတွေကတော့
အသာအယာနဲ့ လှည့်ကွက်ဆင်တတ်ရဲ့

ယုံမှား
မိုက်မှောင်
စရိုက်တွေရှောင်လို့
သူမတူတဲ့ အရူးကွက်နဲ့
လှိုက်ဖို လိုက်ရင်း
သူမ ရင်တွင်းမှာပဲ ချာချာလည်ခဲ့။

အဆက်
အဆက်တဲ့
ထပ်ဆင့်လို့ဆက်ခံရတဲ့ အဆက်ပါ။

.................စောနေသွေး
                                        ဆက်လက်၍===>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကဗျာ+ချစ်သူ (အက်ဆေး)



ကဗျာ+ချစ်သူ (အက်ဆေး)
………


လေရူးပွေ နွေအကျ မြေခကြွေ ရွက်ဝါတွေက လွမ်းမောဖွယ်
လွယ်ကူမျက်ရည် စို့တက်စေခဲ့တယ်
လမ်းကိုမျှော် ရမ်းလို့အော် ငါ ဘာကို လွမ်းမိနေပါလိမ့်………
အတိကျမရှိ  သတိရစိတ်ကို လမ်းမပေါ်တင်ကြည့်မိစဉ်
ဝိုးတစ်ဝါး ပုံရိပ် အတိတ်က စိမ့်တက်လာလေပြီ………….
“အဆိပ်မိ နှလုံးသား” ဟုတ်တယ်
သူမုန်းသွားဖို့ သူအပြုံးများဖို့ ခဲ့သူ  “အရမ်းလွမ်းနေတာမောင်ရဲ့ မောင်ရော”--အဲဒီအပြောမှာ မျောခဲ့ မောခဲ့ သူ ကျွန်ုပ်မှာတော့ မောင်က မထက်ပိုပြီးလွမ်းပါပကောလား …………။
                    ၁။
တချိန်ကနွေ ရေခမ်း လေသရမ်း နွေပန်းတွေပွင့်တော့မယ့် အချိန်  တရှိန်ရှိန် တောက် သူရိန်အောက်မှာ အအေးမြဆုံးရင်ခွင် အချိုသာဆုံး စကား
အလှပဆုံးသောနေ့ရက်တွေမှာ မောင့်ချစ်သူမရယ်က”မောင် ဥသြတွန်သံလေးက  အထီးကျန်ခြင်းကို ဖွင့်ဆိုနေတယ်နော်” မောင်နဲ့ မတို့
ဘယ်တော့မှ အထီးမကျန်စေဘူးနော်မောင်
ကဗျာဆန် မြန်မာဆန် တဲ့ မောင်ချစ်သူ မရဲ့ လေးညှင်းခတ်သံက မောင့်အနာဂတ်ကို အရောင်တောက်ပစေတယ် မရယ်
နေရောင်ကွယ် ဆည်းဆာအရွယ်က အလှပဆုံးသော မကို ပိုလှစေတယ်
ကလေးလို တေးဆိုရင်း  ပြေးခုန် ဆော့ကစား မောင့်အနားက ဘယ်တော့မှ ခွဲမသွားဘူးနော်တဲ့  ငေးကြည့် အတွေးပိ ပြေးမိနေတဲ့ စိတ်နဲ့ ထိုင်နေတဲ့ မောင့်ကို အစွဲပိုစေတယ်…….။
            အော် မရယ်………..။
                                 ၂။
 ရက်တွေပြို ရွက်တွေငို  နှစ်တွေကျိုးလို့ ဟောင်းမြေ့တဲ့ သက္ကရစ်အပိုင်းအစကြားက  ခပ်ပါးပါး စာလွှာလေးရယ်က
                   သို့ /
            မရဲ့အချစ်ဆုံးမောင်ရယ် အားနာပါးနာ အင်းအားမဲ့ ဂုဏ်တဖက်ရယ်က
မဘဝရဲ့ အနာဂတ်ကို အနိုင်ပိုင်းသါားလေသည်မို့  ယိုင်နဲ့ ယွင်းပျက် အခက်သက်ကြေင့် မိဘစကား နဲ့ မောင့်အနားက ကွေကွင်း ရှောင်ခွါ
တူညီရာနှင့် ထိမ်းမျှားသင့်ရာ မညင်းရာမို့ အားနာပါတယ်မောင်ရယ်
                                               မောင့်ရဲ့မ


                           ကြာပြီဆိုပေမယ့် ကမ္ဘာချီ ရာသီပြောင်းတောင် မောင့်စိတ်ထဲ မနေ့ကလိုပါပဲ ။
လတ်ဆတ်သော ခံစားမှုလို……….
လောင်မြိုက်ခြင်း လွင်ပြင်တစ်ခုလို……….
အော်ငိုမိ အားအင်းချိလှတယ်
မနေ့တစ်နေ့က မောင့်ချစ်သူမရယ်

ငါးခါမြောက် ပိတောက်ခြောက်မှ  ကဗျာတစ်စ သဲလွန်ရကာ မောင့်ရင်မှာ တိုက်ခတ်လာပေါ့
        ကဗျာရယ် မောင်ရယ် ကျွန်မရယ်


ကမ္ဘာတစ်ခုတည်ဆောက်ခြင်းရဲ့ အုတ်မြစ်မှာ
မောင့် နှလုံးသွေးတစ်စက်နဲ့ အရင်းတည်လို့
မောင့် အနာဂတ်တစ်ခုလုံးကို ရွေးချယ်မယ်နော်
ရေးမယ်ကြံတဲ့ကဗျာတိုင်းမှာ အသက်သွင်းဖို့
လက်ရင်းတွေ အားကိုးအားထားရ
ကဗျာကို မောင်ချစ်သလို
မကိုလဲ မောင်အရမ်းချစ်တာ
ကဗျာက မောင်ကိုချစ်သလို
မကလဲ မောင့်ကို အရမ်းချစ်တာ

ပျော်ရွှင်စရာကမ္ဘာငယ်မှာ
တိတ်ဆိတ်တဲ့တောတန်းနဲ့
မှေးမှိတ်ခဲ့ မမောပန်းပဲပေါ့
ကျွန်မဘဝအတွက်
ထွက်ပေါက်တွေရဲ့သင်္ကေတ
လူသားတွေကို အကျိုးပြု ရည်စူးထားတယ် ။။
တစ်လုံးတစ်ပါဒ ရရ ပေါ့ .. ။

နှလုံးသားနဲ့ရေးကဗျာအတွေးကိ
ခံစားမှုတစ်ခုအခြေပြုလို့
မောင့်ရင်ခွင်မှာမှေးစက်
ကျွန်မညဉ်းခွင့်ရချင်ပါရဲ့
ခံစားချက်တစ်ချို့ကိုအသက်သွင်းလို့
ကျွန်မချစ်သူ...မောင်...တစ်ယောက်
နှလုံးသားထဲရောက်ခဲ့ရင်ဖြင်
ကျွန်မရဲ့ထွက်ပေါက်လေးတံခါးဖွင့်ရကျိုးနပ်ပါရဲ့

စာတစ်စောင် အမောင်အတွက် ပြန်ရက်မပါ အရောက်လာမှာတဲ့ ………

                        ၃။
  ဗျာပုံဆင့်လို့ ရှာပုံဖွင့် တက်ပင့်လို့ ရွက်ကုန်လွှင့်  သူမ သံလွန်သ အက္ခရာတွေက ထင်ရှားစွာ သူမပုံရိပ်နဲ့ ထွေလာပတ်လည် မောင့်ကိုသယ်လို့
သံယောဇဉ်ကို ဟစ်ကြွေးခြင်းက တကမ္ဘာစီခြားစေ
သူမ အနားနေနေရသလို သိသာလွန်းတယ်
ကဗျာကိုချစ်တဲ့ မတစ်ယောက် ဘယ်စီရောက်အတွေးတွေကို
လက်နက်ချ အရှုံးပေးသွားတဲ့ ကံကြမ္မာရယ်
ကျေးဇူးတင်ပါရစေ တစုံတစ်ခုရယ်နဲ့ ဆုံစည်းခွင့် ကိုဆုတောင်းရတာ
ဆည်းဆာတွေတောင်  မျက်ရည်စို့ပေါ့………….။

                           ၄။
အပြေးလေးနဲ့ပြန်လာ အတွေးလေးက ဆန်ကတက် ကမ္ဘာပျက်ထိ ဆောင့်စားခြင်းများ အမြန်လာတော့ ကဗျာငယ်ရယ်

မောင့်ရင်ဘတ်က  ကဗျာပျိုတွေ  မ အတွက် စည်းချက်ညီညီ
အစီအရီနဲ့ အပျော်နဲ့ရင်း ခပ်ပြင်းပြင်း ဆုဆောင်းထားရဲ့

လမင်းကြီးနဲ့ ပိုးစုန်းကြူးည ဟောဒီည လိုည

သူမနဲ့အတူထိုင် မူယိုင်နဲ့ မဖုရားရယ်က ပိုးစုန်းကြူးနဲ့  လမင်းည
ဘယ်အရာက ပိုလှလဲတဲ့  မ အမေးချက်ကို တွေးမခက်ပဲ
ဆေးပက်လိုက်တဲ့မောင့်ကို “မောင်အရမ်းတော်တယ်”တဲ့

အော်မရယ်………။
                       

                                  ၅။
        မျှော်လင့်အမြန်လာ ဒီမောင်မှာ အရူးတပိုင်း ဆူးရိုင်းတို့ ခုတ်ထွင် အနာဂတ်တွင် အတူနေဖို့ 
မူခြွေလို့ထမ်းရွက် မိုးစက်စက် ဆောင်းနွေဆွေ
မျှော်လင့်ခြင်း ရွက်ကြွေနွေ ထပ်ကာစေ ဆောင့်စာြးုခင်း
မနက်လင်းတာလဲ ခဏခဏ
ရတက်ခွင်းတာလဲ   ခဏခဏ
မ   မ ပေးခဲ့တဲ့ မျှော်လင့်ခြင်းတွေ မောင့်ရင်ဘတ်ပေါ်
အလေ့ကျ မြေစွလို့ပေါင်းသင် ဂရုတစ်စိုက် သုတ်သင်လို့
အတော်လေး လှပနေပါပြီ ဘယ်တော့ပြန်လာမှာလဲ ဟင်
အတွေးဝင်လိုက်ခြင်းရဲ့အဆုံး  လမ်းမပေါ် အတုန်းအရုံးကျ
ဆုံးရှုံးရတော့မလားနဲ့ မသိတစ်ချက် သိတစ်ချက် ကြည့်နေလျှက်
ကမ္ဘာကြီးက စောင်းစောင်းလာရင်း………………..


                           အသိဝင် ဘဝင်ကျ ထိုသူက ဘာမှမမြင်
အနားခွင်မှာ သနားအဆင်နဲ့ က  “မ”
“ကဗျာရွက်ကျေနဲ့ ကမ္ဘာပျက်ပါစေ မောင့်ကြမ္မာမွဲခဲ့လို့ သာ မသိစေပါ”

ဒီအက္ခရာ ဒီစာမျက်နှာနဲ့ မ အတွက် ဆက်ခဲ့တာလားမောင်ရယ်
သူမ အကြည့်က မျက်ရည်လည်  ထိုသူငယ်ကိုသနားပိုလို့
ငိုကျွေးခြင်းသောကနဲ့   လောင်မီးကျနေတဲ့ သူမခမျာ
တိတ်ဆိတ်ကျေကွဲ  နောင်တကို ဆွဲလို့ “မအချစ်ဆုံးမောင်ရယ်”
မောင့်အနား မ ရောက်နေပြီ  -တဲ့
မမသိ ဘဝမရှိ ကမ္ဘာကြီးနဲ့ ကျောခိုင်း တော်ရိုင်းတစ်ခုနဲ့ ဆက်သွယ်မှုဧရိယာပြင်သို့သာ သူသွားရှာရလေပြီမဟုတ်ပါတကား


                             မတစ်ယောက်ကို အရမ်းချစ်မိတဲ့ မောင်တစ်ယောက်ရဲ့ အဖြစ်မှန်တစ်ခုလေးပါ
                       ကြိုးစားလျှက် စောနေသွေး






  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မောင့်ရဲ့ကဗျာ



မောင့်ရဲ့ ကဗျာ
........
"အကြင်နာတွေ အနမဲ့ အခြေမဲ့
မြေဝဠာခွေ စေခဲ့ ရှည်ခဲ့
မေဗမာရေ ခြွေလှည့် နေခဲ့"

ရင်ဘတ်ကို စစ်ထုတ်ပြီး
ကာရန်တချို့နဲ့ ဇွဲ့တည်
အက္ခရာအစတွေနဲ့ ချည်လို့
ဟောဒီ ကမ္ဘာကြီးကို သိစေချင်တယ်

"ကဗျာတစ်ပုဒ်"ပိုင်ဆိုင်ပြီ လို့
အဝေးရောက် အနီးနေ
သံယောဇဉ်တွေ အခြေချ
ခြားနားခဲ့ ဘဝတွေရယ်
အကြောင်းဆက်ရန်
ကျောင်းထက်ဆန်လို့
အကြိမ်ကြိမ် ဆု မောင်ပြုပါတယ်

ဝါသနာတူတဲ့ ညီမျှခြင်း
မောင်တို့ခင်းကျင်း မယ့် အနာဂတ်
အဝေးက ဆွေးရင်း
တေးသီချင်းတွေ ရေးထွင်းနေပါ့မယ်
ပြန်လာပါတော့
မောင့် ကဗျာငယ်ရယ်.........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS