۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ညဟုခေါ်သည်

ညဟုခေါ်သည်
___________

(၀၁)

ရွှေအိုရောင်ကောင်းကင်တခုလုံးကို
မဟူရာခြုံလွှာပါးပါး ဖုံးလွှမ်းချလိုက်တော့
ညဆိုတဲ့နိဒါန်းလေးမှာ
ကြယ်ရောင်လေးတွေ တဖိတ်ဖိတ်
တိတ်ဆိတ်မှုအောက်မှာ အရိပ်လေးတွေ တမှိတ်မှိတ်နဲ့
ညရဲ့အလှဟာ
သဘာဝတရားနဲ့ထုဆစ်ထားတာတွေ့ရတယ်။

(၀၂)
တွေးလက်စ အတွေးကို ခပ်ရေးရေးလေး
ခြယ်သမိတဲ့ ပန်းချီကားတချပ်ရဲ့နောက်မှာ
အဆက်စပ်မဲ့ ဆေးသားပြယ်တချို့တဝက်
အိပ်စက်ခြင်းက တချို့တဝက်
နိုးထခြင်းက တချို့တဝက်
ခါးသီးခြင်းကတချို့တဝက်
မှောင်မိုက်ခြင်းကတချို့တဝက်
တချို့ နဲ့တဝက်ပေါင်းစပ်မှုသည်လဲ
ညဟု ခေါ်တွင်သည့်အမျိုးအစားဟူသော်
ရင်ဘတ်ပေါ်ကျူးကျော်ဝင်ရောက်ခြင်း
ကတိကဝတ်တွေအား
ကိုယ့်ဝတ္တရားတခုခုနဲ့ ဆွဲလေ့ဆွဲထနံရံပေါ်
အက္ခရာတွေကို ရေးခြစ်မိနေလိုက်တယ်။

(၀၃)
နံရံထက်က အက္ခရာတွေ တခုခြင်းကြွေကျနေလိုက်တာ
နှင်းဆီနက်တွေပွင့်ဖတ်ကို တံတွေမျိုချမိသကဲ့သို့
ညတခုထဲလင်းလက်ဆဲ
ညတခုထဲ မှောင်မဲဆဲ
နံနက်ခင်းရဲ့အလင်းကို ချိုမြစေဖို့
နေ့သစ်တခုကို အားပြည့်စေဖို့
ညကိုချေမွပြီး နိုင်ငံကျော် အက္ခရာတခုအတွက်စတေးမယ်
ညကို အလင်းပေးပြီး ကမ္ဘာတခုအဖြစ်ဖန်တီးမယ်
ညကို ချစ်သူအဖြစ် အနမ်းတွေပေးမယ်
ညဟာ ချစ်စရာတိကျတယ်
ညမှာ ငါတို့ငါဖို့ ညသည် ညဖြစ်သည်။



စောနေသွေး
JUNE 27 -2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment