ရာခိုက်နှုန်းပြည့်ပေးဆပ်
လရောင်ကိုအရည်ဖျော်လို့
အိပ်မက်တွေကိုထုဆစ်
မဆုတ်မနစ်တည်ဆောက်
လက်ရာမြောက်အောင် မဖွဲ့ပြနိုင်တာကိုတော့
ငါကဗျာဆရာ မဟုတ်လို့လေ။
ငါ့ရဲ့ ပထမ နင့်ရဲ့ ဒုတိယ နေရာမှာ
နှလုံးသွေးနဲ့ သီတဲ့
ပန်းတွေကတော့စီလို့ပေါ့။
ငါ့ရင်ဘတ်ထဲက သမိုင်းဝင် ချစ်ခြင်းတွေက
ချစ်တယ်ဆိုတာကို
အဖြူရောင်လေးနဲ့ ထုပ်ထားတယ်
ငါ့မျှော်စင်ရဲ့ဘေး
နင်ပျော်ရွှင်ဖို့ တွေးတယ်
မျက်မုန်းကျိုးမြက်ခင်းပြင်မှာ
ဆာလောင်သူတစ်ယောက်
လောင်ဆာဖြစ်နေတဲ့ သစ်သီးတစ်လုံးရဲ့
တောက်လောင်မှုကို ခံနိုင်ရမယ်
တစိုက်မတ်မတ် တိုက်ဆိုင်မှုက
စူးနစ်နေတဲ့ ဆူးတစ်ခုလို
လှုပ်လှုပ်ခတ်ခတ်
တလှပ်လှပ်ခုန် တယ်
ငါ့အရှုံးတွေထဲက နင့်အပြုံးတွေပဲလိုတယ်
နင့်ခြေလှမ်းတွေ အဝေးက
ပန်းပွင့်လေးတွေ အဖြစ်နဲ့
နင့်ဆံစတွေဘေးက
လေပြေလေး တွေအဖြစ်နဲ့
နင်အတွက်ပဲ နော်
ငါကို ကျော်လိုပဲသွားသွား
မခေါ်လို့ပဲထားထား
အေးမြ မွေးကြိုင်
ရနံ့တွေလှိုင်ပြီး အောင်မြင်မှုပန်းတိုင် တွေ
ငါဆောင်ခင်းပေးမယ်နော်
ပါရမီတွေ အစု ပေးဆပ်ခြင်းကိုပြုလို့
ပျော်ရွှင်ပါစေခြင်းဖြင့်သာ
မိုင်တိုင် ၁၅၀၀ဆိုတာ......
.......................
.............................
။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment