ယိုင်နဲ့မဲ့ပန်းတိုင်
ပဲ့ကိုင်သူအဖြစ်နဲ့
မှောင်မဲတဲ့ညတိုင်း
မီးအိမ်ရှင်အဖြစ်နဲ့
ပျောက်စ လမ်းဝေး
ဖေါ်ဆောင်သူအဖြစ်နဲ့
ပေတေ ဆိုးသွမ်း စရိုက်ပန်းကို
စနစ်တကျ သီကုံးသူအဖြစ်နဲ့
ဆာလောင် မွတ်သိပ်
ကန္တာထိပ်မှာ
ရေကြည်တစ်ပေါက်
သယ်ဆောင်သူ အဖြစ်နဲ့
ပီသညီမျှ ဂီတတွေကို
တီးခတ်သူအဖြစ်နဲ့
သူမ
မောင့်ဘ၀ကို ပိုင်စိုး
မောင့်ဘ၀ကို စိုးအုပ်
ဒူးတုတ် ဦးဖြုတ်ခဲ့ရတယ်
ညွှတ်ကိုင်းကိုင်း သက်တန့်တွေ
သယ်ပိုးခြယ်သ မဘ၀နဲ့ ထပ်တူဖြစ်ချင်ခဲ့တယ်
အခုတော့ မရယ်
ရယ်ပြုံးမှုမရှိဘဲ
သက်ဆုံးထိ မက ခဲ့ရဘူး
ဘယ်ရောက်သွားတာလဲ
ဘယ်လျှောက်သွားတာလဲ
ကျနော် နှုတ်ဖြား ချစ်စကားတွေ
ကောင်းကင်တစ်ခွင်
မြေပြင်မှာရော မျှောချင်သေးတယ်
မ,ကိုချစ်တယ်
မရယ်။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment