အမုန်းပြဇာတ်
အချစ်မဲ့နေတဲ့
ပါးပြင်ထက်က
မျက်ရည်စက်တွေဟာ
ပင်လယ်မကကျယ်တဲ့
အလွမ်းတွေရဲ့ကြား
ရင်အုံပြုတ်မတတ် ကူးခတ်ခဲ့ဘူးပြီး။
တပွေ့တပိုက် ထွေးပိုက်ခဲ့စဉ်
ထုဆစ်မဆုံးသော အချစ်တွေ
နိုးမထချင်တဲ့ မနက်ဖြန်တွေ
ပွင့်ချပ်သံစဉ်တွေ
အပြီးသတ် တီးခတ်ပြီးတဲ့နောက်
မက်ခွင့်မရှိတဲ့ အိမ်မက်အတိုင်း
ငါ ဘယ်ဒီဇိုင်းတွေနဲ့
ကြိုးညှိရမလဲ
အဆုံးသတ်မှာတော့
အမုန်းဇာတ်ကိုပဲ
ကကြိုးတွေ ဆင်ခဲ့ရပေါ့။
စောနေသွေး
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment