ရှင်သန်မှုမှာ
ရှားပါးခြင်းတွေရှိခဲ့ရင်
တွယ်တာခြင်းတွေမှာ
တာရှည်မခံတဲ့ခောတ်။
ကိုယ်ကျင့်တရားက
မွေးရနံ့လို့ပြောပြီး
ငွေကိုပဲ အနမ်းကျလာတဲ့ခောတ်။
ဘဝကိုပုံအောပြီး
ဓနနဲ့ လောင်းကြေးထပ်တဲ့ခောတ်။
ရန်ကုန်သူတစ်ယောက်ကပြောတယ်
ဦးနှောက်နဲ့ အိမ်ထောင်ဘက်ရွေး
နှလုံးသားနဲ့ အချစ် ရွေးတဲ့သူက
အသိညာဏ်ရှိတဲ့မိန်းမတဲ့
ပြောသူကလွန်လား
ရေးသူကလွန်လား
ကွယ်ရာကနေ ကာကွယ်ရင်း ရေးတဲ့ဝလုံးဟာ
ပိုဝိုင်းမယ်ထင်တယ်။
1 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
ကဗျာလေးကိုအားပေးခဲ့ပါတယ်အစော
Post a Comment