လက်တွေကြားကမျက်ရည်တွေ
ပြည့်နှက်ဝေဆာလို့
(--)ဒက်ကလေးရဲ့ဂုဏ်ဒြပ်
သေသေချာချာ သပ်သပ်ရပ်ရပ်
ခြေလှမ်းတိုင်း မှာ သမိုင်းရှိတယ်
သူသွားတယ်
ငါတို့လဲ သွားရမယ်
သူနားတယ်
ငါတို့လည်းနားရမယ်
သူ့ကိုကြည့်
ငါအသိမှာ သတိတွေပါတယ်
သူပေးတယ်
ငါတွေးတယ်
ရနံ့ကင်းတဲ့ပန်းပွင့်တွေအကြောင်း
သန့်ရှင်းတဲ့ ပန်းပွင့်တွေအကြောင်း
သူမပြောတဲ့ စကားတွေကို
ငါတို့တွေကြားနေတယ်
တိတ်ဆိတ်သွားတဲ့ သူကြောင့်
ငါတို့ရင်တွေ ပူလောင်တယ်
သူစုဆောင်းထားတာတွေအတွက်
ဆုတောင်းမှုတွေသာ သူရတယ်
ချန်ခဲ့သူကြောင့်
ကျန်ခဲ့သူမှာခြောက်ကပ်မှုတွေ ဝေဆာ
မျက်ရည်မိုးတွေရွာချကြတယ်
ငါတို့အတွက် တစ်သက်ထဲက
သူအတွက်တစ်ဖက်စာအဖြစ်သာရနိုင်မယ်
မိမိရရ သတိရရင်
ကုသလ တွေပြုကြရမယ်
အရင်က ရင်က ထိမ်းလို့ သိမ်းလို့
ကြေးစည်တချက်မှာ
မျက်ရည်ဆက်တယ်
သံသရာအတွက်
သံဝေဂတစ်ချက်ရဖို့
အကြည့်များတွေမှာ
သတိထားနေကြရင်း
သုံးကြိမ်အမျှ ယူလိုက်ကြလေ။
ခန္ဓာပျောက်ရှာ မရဏရွာက အသက်ဆယ့်ကိုး ဝေနွယ်စိုး အတွက်
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment