မပြစ်မှားသင့် မပြစ်မှားထိုက်သော ခင်ပွန်းကြီး (ကျေးဇူးရှင်) (၁၀) ပါး
- ဗုဒ္ဓ ရှင်တော် မြတ်ဘုရား
 - ပစ္စေက ဗုဒ္ဓ (သီးခြားပွင့်သော ဘုရား)
 - ရဟန္တာ
 - လက်ဝဲရံ ၊ လက်ယာရံ အဂ္ဂသာဝက ကြီးများ
 - အမိဖြစ်သူ
 - အဖ ဖြစ်သူ
 - ဂုဏ်သိက္ခာရှိ၍ လေးစားထိုက်သော ပုဂ္ဂိုလ် (အသက်အရွယ် ၊ မျိုးရိုးပညာ ၊ သီလ သမ္မာဓိ ကြီးမြတ်သူ)
 - မိမိအား သင်ပြ ဆုံးမဖူးသော ဆရာသမား
 - အလှူဒါန ၊ သီတင်းသီလနှင့် မွေ့လျော်သူ
 -  အသိဥာဏ် ရှင်းလင်းအောင် ဟောပြောတတ်သူ 
 
ဤ ခင်ပွန်းကြီး ဆယ်ပါးပေါ် အဖန်တလဲလဲ မေတ္တာပွားအပ်၏ ။ တစ်ယောက်သော သူကိုမျှ မပြစ်မှားအပ်။ 
အကျိုး ၁၀-ပါး
၁။ တစ်ပါးရွာသို့သွားလျှင် အစားအစာမရှားပါးခြင်း။ 
၂။ ရောက်ရာအရပ်၌ အပူဇော်ခံရခြင်း။ 
၃။ ရန်သူမျိုးငါးပါး မနှိပ်စက်နိုင်ခြင်း။ 
၎။ မျက်နှာမြင်က ချစ်ခင်သူပေါများခြင်း။ 
၅။ ပွဲလယ်၌ ရဲရင့်ခြင်း။ 
၆။ မိမိ၏ ကျေးဇူးသတင်း ပျံ့လွင့်ခြင်း။ 
၇။ အခြံအရံ အမြဲမပြတ်ရှိခြင်း။ 
၈။ ဆင် မြင်း ကျွဲ နွားပေါများ၍ စပါးဆန်ရေ မပျက်စီးခြင်း။ 
၉။ တောင်စောက် ချောက်ကမ်းပါး၌ ကျသော်လည်း မသေခြင်း။ 
၁၀။ သားသမီးနှင့်တစ်ကွ အခြေအမြစ်ကြီးကျယ်ခြင်း။ 
 - ခင်ပွန်းကြီးဆယ်ပါးအမည်ဖြင့်တော့ ဘုရားဟောမရှိပါ
 
http://wikimyanmar.co.cc/ ကိုကျေးဇူးတင်၏






2 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Thank you so much!!!
Thanks a lot
Post a Comment