ဇုန်ကန်ထွက်ပြေးလို့
ပက်လက် ဟက်တက်
တွဲဖက်သူမရှိ
ရနံ့ပြေမှ ရမက်ဆာတယ်
ကဗျာတစ်ခု ငါတစ်ခု
ငါတစ်ခု ကဗျာတစ်ခု
အရည်ရွှန်းရွှန်း မျက်ဝန်းတစ်စုံ
ငါနောက်ဝဲယာ
သတိတရ ပုံရိပ်တစ်ရာ
ငါပျော်ဖို့ ငါ့ကိုဖျော်လို့
မော့လိုက် မေ့လိုက်
မေ့လိုက် မော့လိုက်
ငေးလိုက် မောလိုက်
အလူးအလဲ ထူးကဲစွာ လွမ်းကြည့်တယ်
ငါဖတ်တယ်
ချောင်းခြားတဲ့ ဇာတ်
မပေါင်းရတဲ့ ဇာတ်
ငါ့ရင်ရာသီမှာ မုန်တိုင်းတွေ ခဏခဏ သင့်တယ်
လွမ်းလို့ကောင်းတုန်း
အလွမ်းတွေ ဒရဝေါ
ငါ့ရင်ပေါ် ပြုတ်ကျတယ်
ဘ၀တစ်ခု အလှတစ်ခု
အလှတစ်ခု ဘ၀တစ်ခု
နွေ မိုး ဆောင်း လောင်းကြေးထပ်
တံလျှပ်လား ရေလား
ရေလား တံလျှပ်လား
ဝိုးတ၀ါး တွေ တိုးပွားတယ်
အာဒံရဲ့ သစ်သီးက စေတနာ
သုဘဒ္ဒါက အငြိုးဖွဲ့တာ
ခါချဉ်ကောင်ပါလို့တဲ့
အဲဒီလို သံသရာမှာ
သံသယ နဲ့ ချည်တုတ်ခဲ့လို့
အခုတော့
လွမ်းလို့ကောင်းတုန်း ပေါ့လေ။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment