မင်းတို့ဘဝ
အမှောင်တွေ မဖုံးလွမ်းစေဖို့
ငါ့ကိုထွန်းညှိပါ
မင်းတို့ဘ၀တိုးတက်စေဖို့
ငါ့အလင်းရောင်နဲ့
စာတွေကျက်ပါ
မပီပြင်ဝိုးတ၀ါးနဲ့
ကိုးယိုးကားယားမဖြစ်စေဖို့
အရည်ပျော် ကုန်ခမ်းမသွားခင်
မင်းတို့ကြိုးစား
အချိန်တွေ တန်ဖိုးထားစမ်းပါ။
အပူတွေ အရည်ပျော်တာ
မင်းတို့အလင်းပေးဖို့ပါ။
မီးစာကုန် အရည်ခမ်း
အလင်းတန်းတွေ ပျောက်ကွယ်တဲ့တစ်နေ့
ပကတိအမှောင်တွေ
ပြန်ဖုံးလွှမ်းလိမ်မယ်။
ပကတိအမှောင်ကို
အသိညာဏ်ဆိုတဲ့
အလင်းရောင်နဲ့ ထိုးဖောက်
မင်းတို့ ဘ၀နောက်ကောက်မကျစေနဲ့။
ပူလောင်မှုတွေ ရှိစေဦးတော့
တပည့်များ အသိညာဏ်ရစေဖို့
အလင်းတန်းများပေးခဲ့သူ
ဆရာဟူသော
ဆရာအား
ဤနေရာမှ
အထူးတစိုက် ဦးခိုက်ပါ၏။
..........







0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment