۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ငါဟာ



ငါဟာ
.....


ငါဟာ
အရာရာနဲ့ရင်းခဲ့တာ


ငါဟာ
အများတကာနဲ့တိုက်ခိုက်ခဲ့တာ

ငါဟာ
ကမ္ဘာတွေတည်ဆောက်ခဲ့တာ


ငါဟာ
အမှာတွေနဲ့မှားခဲ့တာ

ငါဟာ
ငါဟာ
နင့်ကိုအရမ်းချစ်မိလို့ပါ....။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မေ့ဖို့ခက်ခြင်း



မေ့ဖို့ခက်ခြင်း
..............
မေ့ဖိုကြိုးစားတိုင်း

သတိရမှုက တအုံ့တခဲ

တိုက်လိုမဆိုင်တောင်

တိုက်ဆိုင်ချင်ခဲ့တာ

အဲဒါ

သတိရခြင်းလား ဟင်ll


မလာမှန်းသိတဲ့လမ်း

ငါမျှော်မှန်းမိတာ

သူမမကြားပေမယ့်

ငါပြောနေမိတယ်လေ


သူမရနံ့ဟောင်းတွေ

သူမ ပုံရိပ်ဟောင်းတွေ

အရာရာသစ်လွင်တောက်ပနေတာ

ငါရင်ဘတ်တစ်ခုထဲပါ


မချိအောင်နာပေမယ့်

မသိယောင်ဆောင်ခဲ့တာပါ

အခုတော့ဟာ


ပင်လယ်ရေက မြစ်ထဲပြန်စီးလို့

အကြောင်းကံက ပြောင်းပြန်တွေပဲ


ငါသတိရခြင်းတသိုက်ကို

မှားမိုက်လိုပဲဖြစ်ဖြစ်

မှာလိုက်ပါရစေ

ချစ်သူပျော်စေကွယ်

♡♡♡♡♡♡

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရင်လွင်ပြင်



ရင်လွင်ပြင်
...........
 ရုံးရင်းဆန်ခပ်

ရက်စက်ယုတ်မာ

ယုံစေသူရာ

ရည်စူးကာ

ရမ်းမျှော်

ရော်ရင်းပျော်ပိုက်

ရင်တသိုက်မှာ အရာထင်

အရင်အထာနဲ့

အရင်ကမ္ဘာက

ရပ်တန့်နေခဲ့

အရောတဝင်

အရာရောက်ခြင်းက

အရေးမပါမှုသက်သက်လား

ရက်တွေကိုရေတွက်ရင်း

ယုံတမ်းနှုတ်ခမ်းပါး

ငါ့ရင်ဘတ်မှာ ဟတ်ထင်

မြင်သမျှ မျှမမြင်

အရင်က ဘဝထွင်မယ်ဆို

ရင်လွင်ပြင်မှာ

ထွန်ယက်စိုက်ပျိုး

ဘယ်မိုးမှမလိုတော့ပါဘူး

အမြစ်ကိုဖြတ်တောက်

မိုးပေါက်တွေသွန်းလောင်း

ရင်ခွင်ဟောင်းမှာမှ

ရှင်သန်ကောင်းတယ်ထင်တာလေ

ပြုသမျှ အယုအယတွေ

အဆမတန် မတန်တူဘူး

မူပြန်တတ်တဲ့ ညနဲ့

တယူသန်တတ်တဲ့ဘဝဟာ

ပေါင်းစပ်မှုရဲ့ရလာဒ်

မညီမျှတဲ့ ညီမျှခြင်းရဟ်ပါ

ခွင်လွတ်ပါတယ်

အပစ်မရှိသူအတွက်

သူတပြန်ကိုယ်တလှည့်

ဝဋ်တည့်တည့်ကျမှာပဲစိုးတယ်

ရင်လွင်ပြင်မှာ

အက်ကြောင်းတွေ ထပ်မစိုက်ပါနဲ့တော့နော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်မီးဝိုင်းထဲက သူငယ်ချင်တစ်စု



****ချစ်မီးဝိုင်းထဲက သူငယ်ချင်တစ်စု****

2+1။1+1။1=1။

အတူလျှောက်လှမ်းခဲ့

အဖြူရောင် အပြာရောင်

နှစ်ရောင် လီရှုပ်
အချစ်ထုပ်အစုနဲ့

သူငယ်ချင်း(7)ယောက်တစ်စုလေးပါကွယ်။

ဟိုချစ်---ဒီလိမ်။

ဒီလိမ်---ဟိုချစ်။

လိမ် လိမ် ပွေရှုပ်

အချစ်လေးတွေ ဆုပ်ကိုင်တဲ့

သူငယ်ချင်းမလေးရေ....။

မာယာစုံလင် ပုံပြင်တွေပြော

သူ့သဘော ကိုယ်သဘော

သဘောတွေကို မီးမြှိုက်

လှပတဲ့ သူငယ်ချင်းအသိုက်မြှုံကို

မိုက်ပုံ၊ စရိုက်စုံနဲ့ ဖြိုခွင်း

အသိတွေ ကင်းနေရော့သလား...

သူငယ်ချင်းမလေးရယ်...။

ဒို့သိရဲ့ ဒို့တွေရဲ့အမြင်မှာ

သူမပြင်တော့တဲ့ အမိုက်မှားကို

သံယောဇဉ်တွေက ခွင့်လွတ်နားလည်

အမှိုက်စကို တန်းဘိုးထားကြ

မီးစကို ဖေးမကူ

စရိုက်အိုကို အလှပြင်ရင်း

နာကျင်မှုများနဲ့

ပေးဆပ်ရင်း ခွင့်လွတ်ခဲ့တယ်

အဖြူရောင်ပန်းကလေးတွေကို

မနှစ်သက်တော့ဘူးလား..

သူငယ်ချင်းမလေးရယ်...။

သောခတ်ထားတဲ့ ရင်ခွင်တွေကိုဖွင့်

ပွင့်လင်ခြင်းတွေနဲ့ တွေ့ဆုံ

ရင်အစုံတိုင်း ပျော်စရာရှိ ပျော်

နာကျင်စရာ၇ှိတိုင်း ဖြေသိမ့်တေးဆို

သူငယ်ချင်းတစ်စုရဲ့ ပန်းခင်းလေး

ပန်းများစွာခူးရင် ပျော်ခဲ့တယ်

ဟိုတုန်းကပေါ့

သူငယ်ချင်မလေးရယ်...။

အခုတော့...

မာယာများနဲ့ အချစ်ကိုကစား

လှည်ဖြားမှုတွေ လှည်ပြ

2+1 ပြကွက် အလှပြလို့

ဒို့တွေရဲ့ ရင်ဘတ်တွေ

ပွင့်လင်းခြင်းတံခါးတွေ

အလိုလိုပိတ်ခဲ့ပြီ..

လျှိဝှက်ခြင်းတွေလဲ

အလိုအလိုပြည့်ခဲ့ပြီ...

ပူလောင်ခြင်းတွေလဲ

အလိုလိုပြည့်ခဲ့ပြီ...

ပန်းခင်းလေးလဲ လွမ်းစရာအဖြစ်နဲ့

ဟိုးးအတိတ်မှာ ကျန်ခဲ့ပြီ...

သူငယ်ချင်းမလေးရယ်....

ရပ်တန့်ပါတော့လားကွယ်...။

(သူငယ်ချင်းမလေးသို့)

ဝီရဆည်းဆာ.


သူငယ်ချင်းက ကျတော်ရင်ဘတ်ထဲကို ၀င်ရေးသွားတဲ့ ကဗျာလေးပါ 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS