۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ကဗျာမရေးတဲ့ညနေ


ဒီညနေ မဖြေသာတဲ့ရင်က

မမြင်သာတဲ့ သူကိုလွမ်းတတ်လို့

မိုးသဲထဲ ပြေးမြဲပြေးနေတဲ့စိတ်ကို ဖမ်းချုပ်ရင်း

မလွမ်းတတ်လွမ်းတတ် လွမ်းကြည့်လိုက်ပါတယ်။


သူမ

အပူအမျှ နေကြရအောင်တဲ့

သူမ

ယူကြုံးမရတာတွေသာပေးစွမ်းသွားတယ်

သူမရယ် 

ရင်တစ်ခုလုံး ဖုံးဖုံးလဲ ကြေကွဲတာတောင်

ကျေနပ်အားရမှု မရှိသေးဘူးလား

နင်မရှိတော့တဲ့ ငါရင်မှာ

နင်တွေသာ စိုးမိုးလို့

တိုးတိုးလာတဲ့ ဝေဒနာ ဘယ်နေရာက ဖန်ဆင်းခဲ့တာလဲ

အနေဝေးလို့ တမ်းတတာမဟုတ်ပါဘူး

အဝေးနေမယ်ဆိုကတည်းက

ငါ ကျေကွဲတတ်လာတာ

သူမရယ်။

ကဗျာတွေကိုချစ်တတ်ဖို့ 

ကဗျာဆရာလုပ်တာမဟုတ်ပါဘူး

ငါကိုယ်တိုင်ကိုက ကဗျာနဲရောတဲ့ ရုပ်

ကဗျာနဲ ဆောက်တဲ့ စိတ်နဲ့ ပါ

သူမရယ်

ငိုဆွေးနေမယ့် သူက ငိုနေပေမယ့် 

မသိလိုက်မသိဖာသာနေမယ်ဆိုရင်

ငါတစ်ယောက်ပိုလို့သာကွဲကြေရမှာပါ

နင်တစ်ယောက် အမြီးအမောက်မတည့်လို့

ရောက်လာရင် ရင်ကိုဖွင့်ထားမယ်

သခင့်လို  ခစားမယ်

ဒူးထောက်ထားတဲ့ ငါဟာ

နင်အပြန်လမ်း မပင်ပန်းစေပါဘူး

နင် အရင်လမ်းအတိုင်း ပြန်လာလိုရပါတယ်

ပန်းများခင်းလို့ တံတားတစ်စင်းရင်းထားမယ်

ကဗျာမရေးတဲ့ ညနေတိုင်းအတွက်

နင်ပုံရိပ်တွေကိုတမ်းတရင်း

မိုးဖွဲတွေနဲ့အပြိုင်ရွာချတဲ့ မျက်ရည်ကိုသုတ်

ငါအဟုတ်လွမ်းတတ်လာပြီနော်။






ဟောဒီညနေတိုင်း နင်ကိုမျှော်လင့်ခဲ့တာ နင်မလာမှန်းသိပါလျှက် ကြည့်ကာခက်နေ ရတက်ပွေခဲ့တာ  ငါရူးသွပ်မှုတွေနဲ့ပေါ့ ။

ကဗျာမရေးတဲ့ညနေအမှတ်တရ

အားလုံးကိုလေးစားလျှက်
စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

...မာန်...


နေပူလောင်တောင်ကုန်းက

ရိုးတံကြဲ သစ်ပင်အိုလို

ဘ၀က အရည်ကျဲကျဲ

မှင်ရည်နည်းနေပေမယ့်

ရှိသလောက်အားနဲ့ သွားမယ်

ခြေတစ်လှမ်းစာ ခရီးက

နီးနေပေမယ့်

ခြေမလှမ်းခင် ကျွမ်းလောင်သွားတဲ့ ခန္ဒာများတယ်

ကြည့်

ချိနဲ့ယိုင်လဲ

ပျိုမြစ်ခြင်းတွေ ပြိုလဲတာလဲ ခဏခဏ

ဘ၀က လောင်စာဆိုပေမယ့်

ဆာလောင်မှုတွေကလဲ ခဏခဏ

ဆန္ဒကို စိတ်ပါလက်ပါ 

ဆက်လက် စိမ်းလန်းအောင်

ပေါင်းရှင်းမြေသင် ၀ီရိယတင်လို့

ပြုစုယုမှုတွေ ပြယုဂ်ထုတ်မယ်

ပြေလည်အောင် ပြောင်းလဲမှုနဲ့

ပြဿနာကို ပျက်ပြယ်စေမယ်

မပျက်စီးခင် အပြီးဆက်

ငါခရီးထွက်ခဲ့တာ

နောက်ကြောင်းရှင်းနေစေရမယ်။





အားလုံးကိုလေးစားလျှက်

စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မာယာအလွမ်း


သွားစမ်းပါဟာ

ဟိုတစ်နေ့က

အဲဒီအချိန်လေ

ငိုလို့မရ

ပြုံးပြနေရတာ

ဘယ်လောက်ပင်ပန်းလဲ

လာပါကွာ

လိုက်ရဲလား

ဟာလာဟင်းလင်း

ဒီရင်ခွင်မှာ

ယတြာတွေခင်ကြင်းမထားဘူး

ဟင့်အင်း

မင်းရဲ့မနက်ဖြန်မှာ

ငါသာလျှင် ဘုရင်

မလိုက်ရဲပါပဲ

မရဲလိုက်ပါနဲ့

အလွမ်းတွေ စားသုံးပြီး

အိပ်ယာဝင်ရမယ့် ညတွေကို

မုန်းတတ်တယ်

မမ နင်သာ

အိပ်ပျော်စေနော။


..........




အားလုံးကိုလေးစားလျှက်
စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရင်ကိုရင်း၍ချစ်ပါသည်


သံယော်ဇဉ်ခြောက်ခမ်းလွန်းတဲ့

မ.ရေ

အစာပြေရေတစ်ခွက်အတွက်

ဆာလောင်သူ အဖြေ ထွက်တာက

ကျေးဇူးပါ

နှင်းဆီစူးလို့ ရူးခဲ့ပေမယ့်

နှလုံးသားထိ မထိုးနှက်ခဲ့ဘူးလေ

ပြန်မကြည့်တတ်တဲ့ လမင်းကို

မော့ကြည့်မိတဲ့ ကျတော်သာ

ရူးခဲ့တာပါ

ပြန်မချစ်ပေမယ့် အပြစ်မချန်ခဲ့သူတဲ့

ရန်ဖြစ်ပြီး ရစ်ပြန်သွားတဲ့ သူအကျင့်ကို

ကျစ်လစ်စွာ သုံးစွဲ

အထနကောက်တတတ်တဲ့စကားလုံးကျဲကျဲတွေက

ငါအပေါ်ကို စုပုံကျတယ်

စူးစူးနစ်နစ်

ဆစ်ဆစ်ကိုက်ကိုက်

အတွင်းကိုလှိုက်လှိုက်မြှိုက်တယ်

အထုတ်ရက် မထွင်ရက်

ဟောဒီရင်တစ်ဘက် ကျေတဲ့အထိ

ခဲရာခဲဆစ် မခံစားတတ်ပေမယ့်

ခိုင်မာတဲ့ တစ်ဖက်သတ်ကြိုးကဆိုးတယ်

ကံကြမ္မာရယ်

မျက်စိလည်မလာလို့လေ

မ.မ

အားလုံးကိုမေ့စေဖို့

ရိုးတံကျဲ ရွက်ကြွေတောတွေ

ငါရင်ဘတ်ကိုဖုံးအုပ်လို့

လောင်ကျွမ်းစေလိုက်မယ်

အားလုံးကိုမေ့စေဖို့

ရိုးတံကျဲ ရွက်ကြွေတောတွေ

ငါရင်ဘတ်ကိုဖုံးအုပ်လို့

လောင်ကျွမ်းစေလိုက်မယ်

။.................။
(အမှာ)
ကျတော်ရင်ဘတ်ကကျလာတဲ့ ပြာနဲ့
နှင်းဆီအခြေမှာ မြေဆီဖြစ်စေ
ကျတော်ရင်ဘတ်ကကျလာတဲ့ မျက်ရည်နဲ့
နှင်းဆီပွင့်တွေ လန်းဆန်းပါစေ။

www.sawnaythwe.com

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS