۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

အိပ်မက်မှ နိုးထခြင်း



အိပ်မက်တွေရိပ်သိမ်းပြီး

 


အဖြေမပါတဲ့ ပုစ္ဆာကို 

 


နွေတစ်ရာမှာဖွေရှာကြည့်တယ်

 


ကဗျာကိုချစ်တဲ့ကျနော်

 


ကမ္ဘာကိုချစ်တဲ့ကျနော်

 


အလိုက်တသိ မိုက်ကြည့်တယ်



ခါးသီးမှုကို ခက်ဆစ်ထုတ်



ရက်လုပ်ခဲ့တဲ့ ရိုးသားမှုနဲ့



တစ်ရာသီစာ ၀တ်ဆင်လို့



အဆိပ်များတဲ့ အရိပ်ပါးမှာ



နားခိုမိတယ်



သူ့အရိပ်မှာ သူ့စိတ်တွေများ



ရွေ့လျှားဖို့ ထွေဖြားလို့



တိတ်ဆိတ် ငြိမ်သက် သာယာ



မက်လုံးပေးတဲ့ မျက်လုံးလေးနဲ့


ညိတွယ်အောင် ညှိုယူလို့


မျိုးမတူတဲ့ ဘာသာစကား


ခပ်ပါးပါးလေး  ဖွင့်ချကြည့်တယ်


"ချစ်တယ်မရယ်''


ခေါင်းမညိမ့် လက်မခါ


မျက်လွှာကိုပဲ ဆွဲချ


ငြင်းဆန်မှုကို ငြင်းဆန်တာလား


ပျော်ရတော့မလား


အော်ရတော့မလား


ချစ်တယ်လဲမပြော


ပြောတော့လဲမချစ်


မ..ရယ်


အရင်လို အရင်တိုင်းပဲနော်


မရယ်...


admin@sawnaythwe.com

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မ-ချစ်သင့်သူ



ရင်ဘတ်ပေါ်က စာရွက်တွေ 

တစ်ရွက်ခြင်းခွါချ

ရက်ဒိတ်တွေ ထိုးဆိတ်လို့

ရွက်အိုတွေ ပြက်ပြယ်ခြင်းတွေနဲ့

သီကုံးထားတဲ့ ဒီအပြုံးတွေ

ရက်နှုန်းကို အံတုခဲ့ရတယ်။

သတိရလိုက်တာ

အော်

သတိရမှုခေါင်းစဉ်အောက်မှာ

အမြောက်အများ  ပေါက်ဖွားထားတဲ့ 

ချစ်ကြင်နာခြင်းတွေ

စစ်ကြေငြာခြင်းတွေ

အတိတ်ကို စိတ်ရောက်လို့  

ဖိတ်မှောက်လိုက်တဲ့ 

အစအနလေးရယ်ပါ

မ ရော

ကျတော်တို့ပျော်ဖို့ 

ဖျော်လို့ သောက်ခဲ့တဲ့  

ဆည်းဆာငယ်လေးတွေ 

လေပြေငယ်လေးတွေ

တိုက်ဆိုင်ခဲ့ရင်တောင် သတိမရခဲ့ဘူးလား?


အရင်လို အပြင်ကိုထွက်

တိမ်တွေလဲ မလှ  ဇိမ်တွေလဲမကျ

မိန်ပြပြ မီးအရောင်တွေက

လှောင်ပြောင်ရယ်မော

အမောတကော မျှောချမိတာ 

ဝိုင်နဲ့ရောတဲ့ မျက်ရည်များသာ

မျိုမရ ငိုမရ

ပြိုကျလာတာ နဂိုက သာယာမှုတွေသာ


အဲဒါတွေ /ကြောင့် 

မ--ချစ်သင့်ဘူးလား 

မချစ်သင့်ဘူးလား

မေးချင်တယ်မရယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သံယောဇဉ်လှိုင်းဂယက်ထခြင်း

သံယောဇဉ်လှိုင်းဂယက်ထခြင်း
.......
လမ်းကြောင်းမှားတဲ့လမင်းက

အလင်းပျောက်ကွယ်

အကြွေစောတဲ့ ပန်းပွင့်ငယ်က

ရနံ့ပျောက်ကွယ်

ရည်ရွည်ချက်မဲ့တဲ့ ဘ၀က

ပန်းတိုင်ပျောက်ကွယ်

ခါးသက်တဲ့ကံကြမ္မာဆိုးကြောင့်

ပါးထက်မှာ မျက်ရည်စို့

ပြိုကွဲ လို့ ငိုပွဲဆင်

ရှုံးနိမ့်ခြင်းတွေ မရှိစေချင်ဘူး။

အသွင်ဆန်းလို့ ပင်မြင့်ပန်းစံတဲ့

နတ်တော်ဝင်ပန်းပဲ ဖြစ်စေချင်တာပါ

ကံကြမ္မာရဲ့ ၀ါးမျိုမှုကြားမှာ

အဖြူအမည်း မသဲကွဲ တဲ့

ဆည်းဆာမဲ့တဲ့ နေ့ရက်တွေကို

မကြုံစေချင်ဘူး
မုန်တိုင်း ထန်နေတဲ့ လေပြင်းတွေကြောင့်

ဘ၀တွေ မြေခ

သိက္ခာတွေ ကြွေကျ

ဆန္ဒတွေ ခ၀ါချ ပြီး

ပြင်းပြင်းထန်ထန် လောကဓံမှာ

အလဲလဲ အကွဲကွဲ နဲ့

ပြိုလဲမသွားစေချင်းဘူး

သံယောဇဉ်လှိုင်းဂယက်ကြောင့်

ရှိုက်သံသဲ့သဲ့ ထွက်မိတာပါ

ဇာတ်ဆရာရဲ့ လှည့်ကွက် က

မနက်ဖြန်ကို မသာယာစေဘူး

ကိုယ်တိုင်သီကုံးတဲ့

မနက်ဖြန်အတောင်တစ်စုံကသာ

သာယာတဲ့ အာရုံဦးကို

လှပခြင်းတွေနဲ့ ပြည့်စုံစေတာ

မလွမ်းသင့်တဲ့ အတိတ်ကို

လွှမ်းမိုးလို့

ကကွက်စုံတဲ့ ကောင်းကင်မှာ

အောင်မြင်ခြင်းလက်ခုတ်တစ်စုံနဲ့

သာယာတဲ့ ဘ၀တစ်ခု ကို

တည်ဆောက် တီးခတ်လိုက်ပါ

မမှီမကမ်း လက်လှမ်းမိတဲ့ ဘ၀ကို

ထားခဲ့ နားခဲ့

သွားမြဲ အခန်းဆက် တွေများနေတဲ့ သမိုင်းကို


ပီပြင်တဲ့ စာမျက်နှာတွေနဲ့

ရွေးချယ်ကာ ဆေးချယ်လိုက်ပါ ။

 

۞စောနေသွေး۞


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ခြောက်သွေ့နွေကိုကြောက်တယ်


ဖုန်တက်နေတဲ့ စာအုပ်တွေကြား

ဝါကျအစအနတွေပြန်ရှာ

ရှာဖွေ ဖွေရှာ

မရေမရာတော့မဟုတ်ဘူး

အရင်က ရင်က ခံစားဖူးတယ်

ဘယ်ရောက်သွားလဲ

ဘယ်လျှောက်သွားလဲ

တွေ့ပြီ

ခြောက်သွေ့နေတဲ့ ပန်းပိတောက်တွေ

ခပ်နွမ်းနွမ်းဓာတ်ပုံဟောင်းက

အတိတ်ကို ချောင်းကြည့်နေတဲ့

နှလုံးသားကို နိုးစေတယ်

အပြုံးအတွေးတွေနဲ့

ကျုံးနဘေးအလျှောက်မှာ

နင် လက်ကိုဆွဲလို့

ခြေလှမ်းတိုင်းမှာ ရယ်သံထွက်တယ်

ရယ်သံတိုင်းမှာ ပျော်ရွှင်ကြတယ်

အကြည့်ဆုံစိုင်း ပီတိလှိုင်းထတယ်

သူနဲငါ  အပူမဲ့စွာ

လှပတဲ့ အနာဂတ်တွေ ရေးဆွဲ

ဝေး.....ကွဲ.....မတွေးရဲ

ပိတောက်ကိုဖက် ရေကိုပက်

လေအဝှေ့မှာ ကျုံးရနဲ့က မွေးလို့လေ

အဲဒါ

အရင်က ရင်က ခံစားဖူးတာပါ

အခုချိန်

နွေတစ်ရာ ရင်မှာစု

ဘ၀င်မှာ ပူလောင်လွန်းတယ်

ဘယ်ကိုရောက်

ဘယ်ကိုလျှောက်

နင်တစ်ယောက် ကျမ္မာလေစ

နင်တစ်ယောက် ချမ်းသာလေစ

ပျော်စရာကောင်းတဲ့ ဘဝ

ငါတောင်းတခဲ့တာပါ

အခုတော့

ခြောက်သွေ့တဲ့ပန်းပိတောက် ပေါ်

မျက်ရည်တွေ စိုလို့ရွှဲ 


နမ်းရိုက်လွန်းတဲ့ ပုံရိပ်လေးလဲ အားနာတယ်

သတိရလွန်းတဲ့ တမ်းတတေးတွေလဲ အားနာတယ်

နွေကိုရောက်တိုင်း

ကြောက်ခြင်းနဲ ရင်ခုန်တာ ခြောက်သွေ့လွန်းလို့ြေ ကာက်ပါပြီ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS