۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

အက်ဒီဆင် ထွန်းညှိလိုက်တဲ ခောတ်



မီးတစ်လုံးလို လင်းနေတဲ့ခောတ်ထဲ


ဒစ်(စ်)ကို မီးပွိုင့်တွေလည်း အသက်ရူမှားလို့


မီးစတင် တွေ့ရှိတဲ့ ကျောက်ခောတ်လူသားဟာ


နှစ်ဆယ့်တစ်ရာစုမှာ ပြန်ဝင်စားတဲ့အခါ


တွေ့ရှိချက်တွေ မှားနေသလား?


အယ်ဒီဆင် ဂုရုကြီးခင်ဗျား !


ရေနွေးငွေ့နဲ့ လျှပ်စစ်ကိုတွေ့ရှိတဲ့ ခင်ဗျားလိုပဲ


2012 မှာ လူတွေအငွေ့ထွက်


ဒါဟာ ကြွက်တစ်ကောင်ရဲ့အမြင်ထက် 



ရာစုသစ်မှာ အမှားတစ်ရံ မှ အမှန်တရားပဲ့ ဖြစ်တယ်



အသုံးချတတ်တဲ့ အတတ်ပညာဆိုတာ


ကျောက်ခောတ်လူသားတို့ကလွဲရင် 


ကျွန်တော်တို့ အားလုံး သိခဲ့ကြတယ်။


အသစ်တွေ ဝေနေတဲ့ခောတ်မှာ


အပြစ်တွေ လည်းပန်းလို ပွင့်ခဲ့ကြသလို


ဒါဟာအရင်က မဟုတ်တဲ့


 ယ္ခု အဖြစ်ပါပဲ အယ်ဒီဆင်ခင်ဗျား။

 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရင်လွင်ပြင်ကို ခတ်တဲ့လှိုင်း



တဆစ်ဆစ်ကိုက်ခဲတဲ့ တစ်ရင်ခွင်စာ

ရာသီဟောင်းတွေထဲ

ရွက်ဟောင်းတွေက အလွမ်းကိုပုံကြီးချဲ့သလိုမျိုး

ဖြေမဆည်သူရဲ့ ဘယ်ဘက်ချိုးမှာ

တဒင်္ဂမက ဘ၀င်က ကျနေလွန်းတယ်

လိမ်လိမ်မာမာနဲ့ လိမ်ညာတဲ့အတတ်

ပိရိလွန်းတဲ့ လှည့်ကွက်ပဲ။


စိတ်ကူးကိုအရောင်ခြယ်

မယောင်မလည်နဲ့

မှောင်မဲတဲ့ ဘ၀ကို အလင်းပေး

ခပ်ကျဉ်းကျဉ်း ငါဘ၀လေးကို

လမ်းခင်းပေးမယ် ပြောလေသူရယ်။


အခုတော့

ယူကျုံးမရ

အပူလုံးကြွခဲ့တဲ့

နေ့..........ရက်............လ...............နှစ်

တွက်ဆစ်လို့ မပြချင်

ဒီရင်ခွင်ဟာ

ပင်လယ်လှိုင်းလို ရုန်းကြွ

သူမ အပါး အဆုံးသတ်ရတယ်ဆိုတာ

ရင်လွင်ပြင်က အသိဆုံးပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လွမ်းသင့်သလောက် လွမ်းပါရစေ



ပိတောက်တွေလဲ မပြာခဲ့ဘူး

တမာတွေလဲ မချိုခဲ့ဘူး

ဘာလို့လဲ

ငါတို့ပဲ မမြဲတာလား

အဆိပ်မတက်ချင်ဘူး

အိမ်မက်ရှင်ရယ်။


သံယောဇဉ်အငွေ့လေးတွေက

ပြန်ပြောရင် အတွေ့လေးတွေမဲ့လွန်းတယ်

သတိလက်လွတ်မဖြစ်အောင်

သတိထားလွန်းလို့လား

သတိရလွန်းတယ် မ ရယ်။

မေ့တတ်အောင် သင်မပေးခဲ့တဲ့

ဆရာမကို အပြစ်ပဲတင်ရမလား

ကျေးဇူးပဲတင်ရမလား


ဒူးထောက် လက်မြှောက်

အကျဉ်းသားတစ်ယောက် ဖြစ်ခဲ့ဖူးပြီ

ဦးခိုက် လက်ပိုက် 

အရိုက်ခံ ကလေးတစ်ယောက်လဲ ဖြစ်ခဲ့ဖူးပြီ

ဦးလဲညွှတ်ခဲ့ 

ခူးလဲ ဆွတ်ခဲ့

အဲဒီအတွက် ကျေကျေနပ်နပ်ပါ ဆရာမ


ကြေကြေကွဲကွဲ  ကြွေကြပြချင်တာ

နွေသရုပ် ရွက်အိုတွေနဲ့ အပြိုင်ပေါ့

မလွမ်းလောက်ပါဘူး လို့ ဆိုမလား

လွမ်းလို့ရသလောက်တော့ လွမ်းပါရစေ ။

ဖြစ်တည်မှု ရက်ကလေးထဲ

ရယ်သံချိုလေးတွေ

မ မနောကမပါပေမယ့်

ဟာသနှောတဲ့  မ အပြောလေးတွေ

ဘယ်တော့မှ မမေ့ရဘူးနော် တဲ့

ဘယ်တော့ မှ တောင် မမှ ရသေးပါဘူး မရယ်

ဖြစ်တည်ပျက်တာ မြန်လိုက်တာ

ကြေကြေကွဲကွဲ  ကြွေကြပြချင်တာ

နွေသရုပ် ရွက်အိုတွေနဲ့ အပြိုင်ပေါ့

မလွမ်းလောက်ပါဘူး လို့ ဆိုမလား

လွမ်းလို့ရသလောက်တော့ လွမ်းပါရစေ ။

သတိရရင် ဖုန်းဆက်  အပြုံးမပြက် ဘူးတဲ့

ထုံးဖွဲ့အောင် ပြောခဲ့တာလား

ရုံးမထွက်အောင် ကျောခဲ့တာလား

ကိုယ်ကိုယ်ကို ဖြေသိမ့် 

တိတ်ဆိတ် ပူဆွေး လောင်ကျွမ်း

ယောင်ယမ်းပြီးအော်တယ်

ဒီရင်မှာ မမ မမ မမ ဖြစ်နေပြီ..........

အရူးလုပ်ခဲ့တာလား

ရူး မှ ရယ်နိုင်မှာလား

ကဗျာတွေမသီနိုင်အောင်လုပ်တယ်

ကမ္ဘာတွေ မည်မျှတိုင်အောင် ရက်စက်မလဲ

တိုတောင်းတဲ့ပျော်ခဲ့တဲ့ရက်

တက်(တောက်)တစ်ချက် စာမရှိပေမယ့်

အခုတော့ တက်(တောက်)တချက်တော့ ခေါက်ရပြီ မရယ်

ကြေကြေကွဲကွဲ  ကြွေကြပြချင်တာ

နွေသရုပ် ရွက်အိုတွေနဲ့ အပြိုင်ပေါ့

မလွမ်းလောက်ပါဘူး လို့ ဆိုမလား

လွမ်းလို့ရသလောက်တော့ လွမ်းပါရစေ ။

လွမ်းပါရစေ


ရင်ကို ရင်းလို့  နှလုံးသားကို စိုးမိုးသူအားရည်လျှက် မရယ်ရက် ပါ








  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မ,ယုံပါ




အတွေးတွေနဲ့ ဆွေးကြည့်ရင်


မျက်ဝန်းတွေစိုလို့စက်


ဆွေးတဲ့ ရက် 


ရွေးခဲ့လို့လား မရယ်


ဘယ်ရေစက်က


 အဖြေထွက်ထွက်


မမေ့ရက်ဘူးနော်။



မ အတွက် 



ရှောင်ခဲ့  ဆောင်ခဲ့ တယ်



မှောင်မဲတာတောင် လင်းလက်တယ်


စွန့်ခဲ့ တယ် မတွန့်ခဲ့ဘူး နော် 


အတူလျှောက်ခဲ့တဲ့ လမ်း


အတူကောက်ခဲ့တဲ့ ပန်း



အတူသောက်ခဲ့တဲ့ စမ်း


မအတွက် မဆန်းပြားပေမယ့် 


ကျတော်အတွက် ခမ်းနားတယ်လေ ။



ပုံလို့ အပ်တဲ့ 


ပုံပြောကောင်းတဲ့  မ  က


ပုံပြင်ထဲက ယုံငယ်လို


ယုံလွယ်အောင် ပြောတယ် 


မပြန်သန်းဘူးတဲ့ကောင်းကင် 


မခံစားဖူးတဲ့ လေညှင်း တွေက


ကျတော်ရင် ၀မှာ 


မရမက စိုးမိုးထားတယ်  မ။


အချစ်မှန်းမသိ

 
အပြစ်မှန်းမသိ 


 မသိမသာ ထိကာ သွားတာ


အချစ်လား 


အပြစ်လား ဟင်


ဇဝေဇ၀ါ ကို မျက်မှန်တပ် 


မှုန်ဝါးဝါး နဲ့စပ်ခဲ့တဲ့တေး 


ဝေးဖို့မပါဘူး မ 


ဆွေးဖို့မပါဘူး မ


ကျတော် ဘ၀  


တစ်စစီ ချပြရင်တောင်


မအရိပ်နဲ့ 


မစိတ်တွေနဲ့ 


ထုဆစ်ထားတယ် ဆိုတာ


 ကျတော်ကမ္ဘာ


ကျတော်ကဗျာ က 


ရက်ရှည်တွေထဲ 


ရွက်ကြွေတွေနဲ့ 


သက်သေ ပြပါတယ်  မ


သက်သေပြပါတယ် ။


...................

....................


 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS