۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ယူကျုံးမဲ့ အပြုံး


ကဗျာကြောင့်လား

အချစ်ကြောင့်လား

ဝေဝါးထိုစိတ်

ယိုဆိမ့်ရက်စက်

လစ်ဟာဟင်းလင်း

ရင်တွင်းစို့နစ်

ပစ်ခွင်းပစ်ခွာ

ဗလာအနာဆာ

ကမ္ဘာတည်ဆောက်

ရေသို့ပျောက်သို့

ရောက်ရပ်အရာ

အရင်အရာ

ရာထောင်သံယော

ငါ့မနောမှာ

ကျေကွဲစူးရှ

ကျဉ်းကျပ်ထပ်ဆင့်

ပြတ်သားဖို့ဝေဝါး

ဒီနေ့မှအခြားမှာ

ပျော်ရွှင်စွာသာ

နေချင်ပါရစေ

အချစ်မဲ့နေ

အသက်ရှည်မည်

ဆင်းရဲသူတို့

အတွက်စို့သည်

ယူကျုံးရင်ကား

နေသာဖြေသာ

ဝေဒနာနှင့်

သေရွာအထိ

အမုန်းမရှိပြီ

ချစ်မုန်းချုန်းမိုး

ရင်မတိုးစေ

သောကပန်းတွေ

မဝေစေသို့...။

admin@sawnaythwe.com

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

(̅_̅_̅_̅(̅_̅_̅_̅_̅_̅_̅_̅_̅̅_̅()ڪےရုပ်သေးရုပ် (̅_̅_̅_̅(̅_̅_̅_̅_̅_̅_̅_̅_̅̅_̅()ڪے


 





 (̅_̅_̅_̅(̅_̅_̅_̅_̅_̅_̅_̅_̅̅_̅()ڪےရုပ်သေးရုပ် (̅_̅_̅_̅(̅_̅_̅_̅_̅_̅_̅_̅_̅̅_̅()ڪے


ဘာမှမရှိဘူး

သူမအတွက်ဆိုရင်


ဘာမှမသိဘူး

သူမအတွက်ဆိုရင်


ဘာမှမလိုဘူး

သူမအတွက်ဆိုရင်


အရာရာရှိစေမယ်

အရာရာသိစေမယ်

လိုအပ်မှုကို မလစ်ဟင်းစေဘူး

ပြောမှသိထိမှနာဆိုလဲ

အပြုံးကိုမထိနာစေချင်ဘူး


ပစ်ထားခဲ့လို လဲပြို 

တဲအိုနဲ့နေတာမှန်တယ်

စိုရွှဲမှာစိုးထိတ်ခဲ့သူပါ

ချိနဲ့အားအင် အမှားကိုပြင်ရင်း

အမြင်မှားတဲ့ အများအမြင်

ရင်ခွင်မှားတဲ့ ဘုရင်မရယ်

တင်စားမိ တင့်တယ်ခြင်းများ


တောင့်တမှု တက်ကိုလှော်

ခေါ်ဝေါ်သုံးစွဲအရင်ထဲကပဲလေ


သံယောဇဉ်ကနည်းပါး

ရှားပါးတဲ့ပျော်ရွှင်ခြင်းများ

ခေါ်ငင်သွား ရွက်ကြွေငယ်

ဆောင်းမနက်တွေက

ပူလောင်လွန်းတယ်


ကကြိုးတွေကိုင်တွယ်

ကွယ်ရာက ကကွက်နဲ့

ငါဘဝထွက်သက်ထိပေးစပ်

အနာဂတ်ကမဲမှောင်

နောက်နောင်မှာငါ့တခြား

လှုပ်ကိုင်သွားမှာစိုးတယ်....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အရိပ်စစ်စစ်



အရင်က အရိပ်အစစ်ပါ

အရာအားလုံးနဲ့ လဲနိုင်သူပေါ့

အခုတော့ အခါနှောင်းပြီလား

ကြင်နာခြင်းကို နာကျင်စေသူ

စာနာခြင်းနဲ့ ညှာတာခြင်းကင်းသူ

အားလုံးကိုပိုင်စိုးစေပေမယ့်

မာကျောတဲ့ မာယာတွေနဲ့ပေါ့ 

မောပန်းခြင်းနဲ့ မိုက်မဲခဲ့သူအတွက်

အမှိုက်တစ်စလို ရှုပ်လာသူတဲ့

နာကျင်ပါတယ် 

ကြင်နာခဲ့လို့လေ 

အရောတဝင်နဲ့ အရာပေးခဲ့တယ်ထင်လို့

အရေးပါခဲ့တယ်မှတ်တယ် 

ကဗျာမဟုတ်ဘူး 

ခံစားမှု တပိုင်းတစ်စကို ထုတ်ပြခြင်းနဲ့

သူမ သိစေချင်ယုံသက်သက်ပါ

သူတပါးကို သူဖြားလို၍လား

ကိုယ်ကိုတိုင် ယိုင်လဲမှ မှောင်မိုက်ခြင်းနဲ့

မှေးအိပ်ခဲ့သူပါ

အရိပ်တွေနဲ့ အဆိပ်တွေနဲ့

အတိတ်တွေကို အိုဟောင်းစေတော့မယ်

အရိပ်အစစ်တွေပေးသူရေ


..0...

ရည်ရွယ်ခြင်း ကင်းပါတယ် ရင်ဘတ်ကို ဖွင့်ဟရုံသက်သက်ပါ
သက်သာစေခြင်းငှာပေါ့ 

admin@sawnaythwe.com

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရင်နာခြင်း ရက်စွဲ



ရင်နာခြင်း ရက်စွဲ
.......
ကမ္ဘာတစ်ခုထဲက 

ကဗျာတစ်စုကိုဆွဲထုတ် 

အက္ခရာအပိုင်းစတွေနဲ့ ဖုံးအုပ်

ဖြစ်ညှစ်ဆုတ်ကိုင်ကြည့်မိတဲ့ 

လေပြေရိုင်းလေးရေ.......


လစ်ဟာခြင်းလိုအပ်မှုကို

လှိုက်စား ဆားပက်

ဆက်လက်ရက်စက်


မပျက်ကွက်တဲ့

နှောင်ကြိုးတွေကြောင့်

နစ်၍နာသောအနာနဲ့

အရာရာမနာကျင်ခဲ့ဘူး


နောင်းအိုကေ

နေအကောင်း

ငါဆုတောင်းမိသပ


ပစ်စလက်ခတ်

ပစ်ခတ်ပြီးခဲ့ပြီး

ပြီးသွားမယ်ထင်တဲ့

ပြိုလဲမှုထဲမှာ

အပြုံးလေးနဲ့

ပျောက်ကွယ်သွားစေခဲ့သူပါ


ရင်နာခြင်းရက်စွဲဆိုပေမယ့်

ကြင်နာခြင်းနဲ့ ထုံးဖွဲ့ ထားတယ်


ချစ်သူလိုချစ်သူရေ

ပြုံးနေတဲ့ ပျော်ရွှင်မှုနဲ့

လိုရာကိုသာ ပျံသန်းလိုက်ပါ

လေပြေရိုင်းလေးရေ...........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS