۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

အိပ်မက်အရှင်


ခံစားမှုမပါတဲ့

အစာသွပ်စကားတွေ

ငါရင်ပေါ်ပစ်မသွင်းပါနဲ့

အိပ်စက်တိုင်း

အိပ်မက်ရိုင်းတွေက

အမိန့်တက်ခိုင်းနေခံရလို့

သတ်ပုံမှားတဲ့

အက္ခရာ အစတွေနဲ့

သမိုင်းမတင်ပါနဲ့

တောင်းပန်ပါတယ်

ပြောင်းပြန်လှန်လို့မရတဲ့ဘဝ

နောင်တရရနေတဲ့

ရင်နာစရာ ရက်ပိုင်းတွေ

ဘယ်နားထားပေးရမှာလဲ

ငါအသိနဲ့ ထိတဲ့နင်

စေခိုင်းချက်နဲ့ ခံစားချက်

နင့် အတွက် မပြည့်စုံနိုင်လို့ပါ

မဖြည့်စွက်နိုင်တာကို

ငဲ့ကွက်ညှာလို့

လှည့်ကွက်တွေတော့ မပါနဲ့နော်

ငါရခဲ့တာ နောင်တဖြစ်မှာစိုးတယ်

ဒေါင်ကျကျပြားကျကျ

နင့်အနားဆိုဖြစ်တယ်

အရင်အမှားတွေကြောင့်

ငိုခဲ့ ရင်တောင်

တပင်နားလေတဲ့နင်

သခင်အနားအိပ်စက်ဆင်လေးကို

ဆောင်းတလှည့်

နွေတခါ

မိုးတစ်ရွာလို

တိုက်ဆိုင်တိုင်း

ရင်လေးတော့ ခုန်ပေးပါနော်..............။


အိပ်မက်အရှင်သခင်မသို့ ပေးစာလေးပါ....
 စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အိပ်မက်ပန်းချီ


အိပ်မက်ပန်းချီ
******
ငါအခန်းကျင်းကျင်းမှာ

ခင်းကျင်းထားခဲ့ရ

အထည်းကျန်ခြင်းများ

မှောင်မိုက်ခြင်းအတိ

တိတ်ဆိတ်ပျင်းရိခဲ့ရ

ငါ့အခန်းကျင်းကျင်းမှာ

လရောင်အစအနတွေ

ခဏတဖြုတ်ရွာချလို့

ငါဘဝလဲလင်းလက်ခဲ့

ငါ့ညတွေလဲလင်းလက်ခဲ့

အေးစက်စက်အိပ်စက်ခြင်းမှာ

အိပ်မက်တွေလဲနွေးထွေးခဲ့

တရွေ့ရွေ့နဲ့

လရောင်အပိုင်းစတွေနဲ့

ပျော်ရွှင်ကြည်နူး

မော်ဖူးခဲ့ရ လပြည့်ည

လတ်တလော လောကဓံကဆိုးတယ်

သူယောင်မယ် သူမက

လရောင်ကိုဝတ်ဆင်

ငါအပေါ်ဖြုတ်ချခဲ့တဲ့ သံယောဇဉ်

သူဘဝင်မာ အတိကျပါတဲ့

သတိရစရာတော့ အတိကျပေါ့

ညှိမရတဲ့ ညီမျှခြင်းနဲ့

ညှာတာခြင်းမဲ့ဖြစ်အင်တွေရယ်

သူဘဝမာ လွှမ်းခြုံတယ်တဲ့

သနားရမလို အသနားပိုခဲ့တယ်

ဒီလိုနဲ့

အိပ်စက်ခြင်းများမာ

အိပ်မက်တသင်းနဲ့ သူမလာတယ်

သူမပြောတဲ့စကား

ငါနလုံးသားမာ စူးနစ်

*လမိုက်ညတွေလွန်ချင်တယ်*တဲ့

အားပေးခြင်းအင်အား

အစွန်အဖြားထိ ခွန်အားထုတ်

လငပုတ်တွေ ဖေးဖယ်းစေ

အရည်ရွှန်းတဲ့ မျက်နာ

အားအင်ပြည့်တဲ့ပဝါစနဲ့

ဘဝါဘဝထိ လင်းလက်စေ

လပြည့်ညတွေ ပြည့်စုံစေ

အိပ်မက်တိုင်း ဆုတောင်းမယ်

admin@sawnaythwe.com

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှစ်ပါးသွားလေးကချင်တယ်


တူနှစ်ကိုယ်ပီတိ

သံယောဇဉ်တွေညှိလို့ရယ်

တွဲလက်မဖြုတ်

ကျုပ်လက်ကိုတွဲလို့

ဆွဲမြဲတဲ့ အပြုံးတွေနဲ့ ဆင်ယင်သ

ခြယ်သထားတဲ့ အိပ်မက်တစ်စုံနဲ့ 

ကောင်းကင်ပေါ်

မောင်းနှင်ပျော်မြူး

မော်ဖူးလှည့်ပါ မဖုရားရယ်

ချွေးစစွန်းတဲ့ ပ၀ါ

ကြည်ရွှင်ပြ ရွှေမျက်နှာ 

အကြည့်တွေက ပြာလဲ့ လဲ့ 

တေးစတွေနဲ့ တွေးဆရင်း

ဝေးမရတဲ့  ၀ကွက်အပ်ခြင်း

ကျုပ်ရင်တွင်းမှာ ၀ပ်ဆင်းနေလေရဲ့

အတူလှမ်း 

အတူမြန်း 

ခရီးလမ်းက မကြမ်းပါဘူးလေ 

ရောက်တဲ့ နေရာက 

ရတဲ့ အရာကို ဆက်သ

တချက်မှ ငြိုငြင်စေဘူး

ခြေတော်နုနုမှာ သွေးဥစေအတွက် 

ကျုပ် မျက် အမြန် တောင်းပန်ပါတယ်

ချစ်ပွင့် ချစ်သီး

ချစ်ခရီးအတွက် 

မဖုရား အသက်စတေးရက်တာကြောင့်

ကျုပ်ဆိုတဲ့ အကျွန်ုပ်လဲ

သတ္တိကိုစွဲ ရဲရင့်ဆဲပါ 

ဖြစ်သလိုနေ

ကြုံသလိုစား

မဖုရားကိုတော့ 

ရွှေအားတော်နာမိတယ်

ဆင်းရဲတဲ့ ဘဝအတွင်း

ရဲရဲဆင်းခဲ့လို့လေ 

သို့ပေမယ့်

ကျုပ်နှလုံးသားထပ်ဆင့်ပွားမိတာက 

အဆုံးတစ်သက် မမုန်းရက်ပဲ

တစ်သက်လုံးချစ်မယ်

မဖုရားရယ် 

မဖုရားရယ်ကွယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အရှုံး--အမုန်း




မျှော်လင့်ချက်တွေရောင်စုံခြယ်

ပျော်ရွှင်မှုတွေ တောက်ပလို့


အရာရာကို ရင်း-ရင်း


အရောတ၀င် အရာဝင်ခဲ့လို့


အရာအားလုံးပြည့်စုံခဲ့ပါတယ်။


ရင်ဘတ်နဲ့ ရင်ဆိုင်

ယှဉ်ပြိုင်မှုတွေ ရပ်တန့်


ရယ်မောမှုတွေသာယုံကြည်ရင်း


လတ်တလော လတ်လတ်ဆတ်ဆတ်ခံစားချက်က 


နာကျင်ခြင်းတွေသာ


နင်ကြင်နာခဲ့တယ်မလား?


မြူးတူးကခုန် မြင့်တက်ခဲ့သောနေရာ


မြည်တမ်းခဲ့ရတာပဲလေ


ဒေါသစစ်စစ်တွေနဲ့ 


ဒီနေရာမှာ ဒီလိုဖြစ်အောင်
ထားပါတော့ 


နားပါတော့


ဒါပေမယ့်


ညာလေခဲ့သူရေ 


ဗျာပွေဖို့သက်သက်တော့ 


ငါ့ကိုမချစ်ပါနဲ့ 


ငါကိုပစ်သာထားလိုက်ပါ


အမုန်းနဲ့ အရှုံးကိုရွေးခဲ့စေပါ


ငါကိုယ်တိုင် ပေးတာပဲယူလိုက်မယ်


တစ်ခုခုကိုပေါ့။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS