۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

မင်္ဂလာပါ

အရိုးသားဆုံးယဉ်ကျေးမှုကို
ရက်လုပ်ခဲ့တဲ့ ရင်တစ်ပိုင်းက

ရွေ့လျားလျှက် ရွှင်ပျော်

အရင်ဖော်ကို  ဟစ်ကြွေး

နှလုံးသွေးနဲ့ အရင်းတည်ကာ

စကားတစ်ရပ်  တရစပ် ထပ်မယ်

"မင်္ဂလာပါ မိတ်ဆွေတို့''

ဆက်လက်လို့ပြော

စကားချောလေးတွေက

စိတ်တွေထွေပြား

ဝေး၀ါးမနေ့ပါနဲ့ 

စေစားတဲ့ အတိတ်

မနေမနားတဲ့ ကြိတ်မှိတ်လို့လဲ

ခံစားမနေပါနဲ့

ကာလာသုံးတန် ရဲ့ ဟန်နဲ့

တစ်ဘ၀လုံးအားမာန်ချဲ့လို့ 

အမှိုက်ရှိတဲ့ စရိုက်မှာ

အမိုက်အတိ ရှိစေဦး

ငါတို့  လက်ရုံးတွေကိုသုံးလို့

ဟောဒီဘ၀ ဆုံးတဲ့ အထိ

ပျော်ရွှင်ကြည်သာ

မင်္ဂလာပါလို့ နှုတ်ဆက်ရင်းဖြင့် .......။



လေးစားလျှက်

စောနေသွေး





  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါဘက်ကမှားတာပါ(၂)


မှားရဲ့နောက်ကျော

အမှန်တွေပေါနေပါလျှက်

အမှားကိုမှ ဖက်တွယ်

ငါ့ဘ၀ကအိမ်ကိုမက်ဆဲ

အိပ်မက်ကိုလဲ  ဖက်တွဲ

လမ်းပျောက်တာမဟုတ်ဘူး

လမ်းကိုမလျှောက်ချင်တာ

ရင်ခွင်ပျောက်တဲ့ ကလေးလေးလို

ငါငိုချင်တယ် တခါတခါပေါ့

ဆိုတေးလိုလည်း ငိုမဆွေးချင်ဘူး

မျိုထွေးခဲ့တဲ့ ကွမ်းယာလောက်

ငါ့သွေးရဲမယ်ဆိုရင်

ခဏလေးပဲ ကိုယ်တို့ ဆွေးရမှာ

အားငယ်တတ်တဲ့ ငါ့''အား"ကို

ငါအားနာလာပြီ

အမှန်အမှား မကွဲတဲ့ ငါ့အသဲ

ကွဲမယ့်ကွဲတော့လည်း

ပြန်ချုပ်လို့မရတဲ့ အထိ

ငါသိတယ်

ငါငြိတယ်

အမှားတွေကိုပေါ့။


လေးစားလျှက်

စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြေကွဲစေသော(သို့မဟုတ်)ငါ့ကိုမမေ့ပါနဲ့



ကြေကွဲစေသော


အပိုင်းအစတွေက 


ပိုင်းချသွားလိုက်တာ 


မဆိုင်းမတွ ငါဘ၀ကိုအရစ်ချနေသလိုပဲ။


နင့်မျက်နှာငါ မမြင်ချင်တာမဟုတ်ဘူး 


ငါ့ရင်ဘတ်တွေအောင့်တတ်လို့ပါ ဟ


နင်သိသလောက် ငါမသိတတ်ခဲ့လို့လား


ငါသိသလောက် နင်မသိတတ်ခဲ့လို့လား 


ငါတို့စွယ်တော်ရွက်တွေသက်သေမဲ့ခဲ့တာ 


မိုးဖွဲတွေက မုန်တိုင်းထန်လို့လေ


ငါနင့်ကိုမေ့ချင်တယ်ဟာ


ငါမေ့ဖို့ကြိုးစားတိုင်း မေ့တတ်ခြင်းကိုမေ့လျှော့နေလို့ဟ


အရင်က မမြင်ရရင် ဘ၀င်မကျချင်ဘူး


အခုတော့ဟာ 


စုတက်လာတဲ့ ရင်ဘတ်က အောင့်သက်သက်နဲ့ 


မှောက်ရက်လဲတဲ့ ငါ့မှာ ဘာကိုမှ သတိမရချင်တော့ဘူး။


ငါတစ်ခုပဲပြောမယ် 

 
နောက်တစ်ပွင့်ပျိုးလို့ 


ပိုးမကိုက်ပါစေနဲ့  


နောက်တစ်ဆစ်ချိုးလို့ မှောက်လို့မလဲပါစေနဲ့ 


ငါ ချစ်သလောက်သူချစ်နိုင်မှာလား


သူချစ်သလောက်နင် ချစ်နိုင်မှာတဲ့လား


ဘယ်လိုပဲဖြစ်ဖြစ် 


အသစ်သစ်တွေက အချစ်ချစ်တွေလို့တော့မထင်နဲ့ဟာ


ငါတစ်ယောက်နင့်ကိုအမြဲ မျှော်နေမှာပါ 


ကြယ်ကြွေတာပဲဖြစ်ဖြစ် ရယ်ရွှင်တာပဲဖြစ်ဖြစ် 


တိုက်ဆိုင်တာမဟုတ်တောင် တိုက်ဆိုင်လို့ပါလို့ 


သတိတွေရပေးမှာပါ 


ကြေကွဲစေသော


နင့် လုပ်ရပ်တွေကိုသာ


ငါမေ့ထားမယ်


ငါထပ်ပြောချင်တာလေးထပ်ပြောပါရစေဟာ


ငါ့ကို ဘယ်တော့မှ မမေ့ပါနဲ့။


အားလုံးကိုလေးစားလျှက်

စောနေသွေး

admin@sawnaythwe.com

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျောခြင်းကပ်ကြေကွဲခြင်း

အနီးလေးဆိုပေမယ့်

သုံးနဲ့လေးလိုလား

ငါတို့အဖြစ်က

မှန်ထဲကအရုပ်ကို စွဲလမ်းသလိုလား

တွဲလက်တွေမကမ်းရပါပဲ

ကွဲလျှက်သာပြန်ရတယ်

နှစ်သိမ့်ဆုလောက်တန်ဖိုးမရှိတဲ့

အောင်မြင်မှုကို အရန်ခုံက မျှော်နေရသလိုလား

လိုလိုလားလား တောင့်တောင့်တတ

စောင့်စားမျှော်လင့်ခဲ့သမျှ

ငါမျက်လုံးမှာအရည်လျှံရုံပဲလား

သွားပါ

နင်ပျော်စံရာဒေသ

နင်ပျော်ဖို့ပဲလိုပါတယ်

နင်ရွေးတဲ့လမ်း ပန်းရနဲ့ပဲသင်းစေပါ

ငါရင်တစ်ခုလုံးက

နင့်အတွက် လက်ဖွဲ့အဖြစ်ပေါ့

ငါရင်အကြွင်းအကျန်မှာ

သံယောဇဉ်   ၉၇၂ ချောင်းတော့

ရှင်သန်ခွင့်ပြုပါနော်။


လေးစားလျှက်
စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS