۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

သံယောဇဉ်သံစဉ်ငယ်( ချစ်သူ့အသံလေး)



သူအသံလေး ခပ်ရေးရေးနဲ့

သူရဲ့ဟန်လေး တွေးလို့မျှော်၏

ကျမ္မာရဲ့လား

ချမ်းသာစေသား

တောင်းဆုအားသာ

ပို့သခါခါ ပြုမိပါ၏

လွမ်းမိတမ်းမိ

နွမ်းချိပါပြီ ချစ်သူရေ

သူမှသူမို့

ပူမှပူလဲ

တိုးမိပိုးဖလံ အရိုးခံနဲ့

ချစ်တဲ့ စိတ်များ

အဆိပ်များသို့

ပြန့်နှံ့ကိုယ်တွင်း ၀ပ်ဆင်းလေပြီ

ထမရလို့ထိုင်

ထိုင်မရတော့ ထ

နေ့နေ့ညည ဆူးရလေပြီ

ချစ်တတ်သူရဲ့ ချစ်သူရေ

ရေကမ္ဘာတွေခြားခြား

မြေ ၀ဠာတွေပဲတားတား

အိပ်စက်တိုင်း အိပ်မက်မှာ

ချိတ်ဆက်နေမှာနော်

ငါ့ရင်ဘတ်မှာ ကဗျာထွင်း

ချစ်သူ့ရုပ်အဆင်း က ထင်းလို့နေတယ်

သတိရသလောက်

သတိရပေးပါ

ခံစားမှုမနိုင်မနင်းမို့

ကဗျာကျဉ်းကျဉ်းလေးရေးလိုက်တာ

ဟောဒီကဗျာ

ဟောဒီစာဟာ

လျှံတက်လာတဲ့

အလွမ်းအမြုပ်လေးရယ်ပါချစ်သူ

အတိအကျ သတိရပေးရင်း

သတိရပေးပါ ချစ်သူရယ်။


မမလုံမငယ်မှတောင်းဆိုချက်
admin@sawnaythwe.com

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အနှစ်သက်ဆုံးနှစ်သစ်


ပြိုလဲတော့မယ့် နှစ်တစ်နှစ်ကို

အပြုံးနဲ့နှုတ်ဆက်

ကုန်ဆုံးရက်တွေကိုလဲ ၀မ်းမနည်းနဲ့

ငါတို့ရင်ဘတ်မှာ

ပျိုမြစ်တဲ့ သက္ကရာဇ်တွေထပ်စိုက်မယ်

အမှားကိုဖျက်

အမှန်ကိုဖက်

အမှောင်ကိုထွင်း

အလင်းကိုရှာ

အကာကိုထွင်း

အနှစ်ကိုရှာ


ငါတို့နင်းထားတဲ့ မြေမှာ

ပျော်ပျော်ပိုက်ပိုက်

ပြတ်ပြတ်သားသား

မှတ်သားစရာ

အမှတ်အသားတွေ မျိုးဆေ့ ချမယ်

ကြူမွေးရနံ့ လှိုင်သင်းပြန့်တဲ့

မေတ္တာပန်းတွေ ဝေကြမယ်

သစ္စာပန်းတွေ ခြွေကြမယ်

သူငယ်ချင်းတို့ရေ။




admin@sawnaythwe.com
ပျော်ရွှင်သောနှစ်သစ်ကိုပိုင်ဆိုင်ကြပါစေ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာသင်္ကြန်


ကောင်းမှုကိုပေါင်းစုလို့

တောင်းဆုတွေခြွေ

ငါတို့ရဲ့မန်မာတွေ

အတာရေနဲ့ သန့်စင်

မြန်မာ့တစ်ခွင်မှာ ဆန်းလို့ယဉ်

အရိုးသားဆုံးကို ယာဉ်ကျေးစေဖို့

အဆိုးရွားဆုံးကို ချွတ်ကျဉ်လို့

ပျော်မဆုံး ပြုံးလို့ပျော်

မြူးလိုအော်  ထူးလို့ကျော်

ရှေးအစဉ် ရဲ့ ဂီတတွေ

ရွှေမန်းတောင်တေးနဲ့လေ

ပိရိ  တောက်ပ ပိတောက်အလှနဲ့

ငြိမ့်ငြိမ့်ညောင်းညောင်း

သောင်းသောင်းဖြဖြ

လက်ခုတ်သံနဲ့ ရောလို့မွှေ

ငါတို့ မြန်မာတွေ

ဟေ့

မြန်မာဖြစ်တဲ့ ကျတော်

ကမ္ဘာကိုသိဖို့အော်

မြန်မာ့ မြန်မာတွေအတွက်

တောင်းဆုတွေထပ်လို့ခြွေ

ကောင်းမှုတွေထပ်လိုဖွေပြီး

နှစ်သစ်တွေတိုင်း ပျော်ကြစေ။

နှစ်သစ်မှာပျော်ရွှင်ပါစေ သူငယ်ချင်းများ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တွေ့ဆုံကြုံကွဲ


တွေ့ဆုံခြင်းဆိုတဲ့

စည်းတစ်ဖက်မှာ

ခွဲခွါခြင်းဆိုတာ

ရှိနေမြဲဖြစ်သလို

ပိုင်ဆိုင်ခြင်းရဲ့နောက်ကွယ်မှာ

စွန့်လွှတ်ခြင်းက ထာဝရတည်နေစမြဲပါ

ဒါပေမယ့် ချစ်သူ

ငါမင်းကိုချစ်ခဲ့တာ ပိုင်ဆိုင်ဖို့မဟုတ်ဘူး

မင်းဘ၀ အနေတော်ရင်

ငါသေပျော်ပါပြီ....။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS