ပစ္စုပ္ပန် တည့်တည့်ဆီသို့
အတိတ်က ခပ်တွားတွား
အနာဂတ်က ခပ်ဝါးဝါး
အချိန်တွေကို တစ်ငုံစီ သောက်ပြီး
ဘ၀ကို မြည်းကြည့်တော့
ရှတတ အရသာတွေ့တယ်
ကိုယ့်အကြိုက် သူအကြိုက်
အလိုက် အထိုက်ကလဲ ခဏခဏ ပဲ
သူငယ်ချင်း
ငါတို့ ဘ၀တွေကို ထုတ်ဖတ်ရင်
သမိုင်းမရရင်နေ
အပိုင်းအစလေးတော့
ရင်သို့ ထိစေရမယ်ပေါ့.........။
sawnaythwe
sawnaythwe
2 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
သူငယ်ချင်း
ငါတို့ ဘ၀တွေကို ထုတ်ဖတ်ရင်
သမိုင်းမရရင်နေ
အပိုင်းအစလေးတော့
ရင်သို့ ထိစေရမယ်ပေါ့.........။
ကဗျာကောင်းလေးပါ
သူငယ်ချင်း
ငါတို့ ဘ၀တွေကို ထုတ်ဖတ်ရင်
သမိုင်းမရရင်နေ
အပိုင်းအစလေးတော့
ရင်သို့ ထိစေရမယ်ပေါ့.........
အရမ်းကောင်းတယ်
Post a Comment